နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၁-၂၂ ပရီးမီးယားလိဂ်ရဲ့ နေရာလိုက် အကောင်းဆုံး ၁၁ ယောက် စာရင်း

ESPN က ထုတ်ပြန်ခဲ့တဲ့ ၂၀၂၁-၂၀၂၂ ပရီးမီးယားလိဂ်ရဲ့ နေရာ အလိုက် အဆိုးရွားဆုံး ကစားသမားတွေကို ဖော်ပြပြီးတဲ့ နောက်မှာတော့ အကောင်းဆုံး ၁၁ ဦး စာရင်း ထပ်မံ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဂိုးသမား – ဒါးဗစ် ဒက်ဟဲယား (မန်ချက်စတာယူနိုက်တက်)

လစ်ဗာပူးလ် ဂိုးသမား အလီဆွန်နဲ့ မန်စီးတီးက အီဒါဆင် တို့ကို ကျော်ပြီး ရွေးချယ်ခဲ့လို့ အငြင်းပွားစရာ ရှိနိုင်ပေမယ့် ဒက်ဟဲယားဟာ အဘက်ဘက်မှာ အကျပိုင်းကို ရောက်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကို အကောင်းဆုံး ဆွဲတင်ပေးခဲ့သူ ဖြစ်ပါတယ်။ ဘောလုံး ပရိသတ် အချို့ ကတော့ အခုနှစ် မန်ချက်စတာယူနိုက်တက် အသင်းဟာ ခရစ္စတီယာနို ရော်နယ်ဒို၊ ဒါးဗစ် ဒက်ဟဲယား နှစ်ဦးတည်းနဲ့ ယှဉ်ပြိုင်ခဲ့ရတယ်လို့တောင် လှောင်ပြောင် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။ အသင်းရလဒ်တွေ ဆိုးရွားခဲ့ပေမယ့် အံ့အားသင့်ဖွယ် ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ဒက်ဟဲယားသာ မပါရင် ယူနိုက်တက် တို့ ပရီးမီးယားလိဂ် အဆင့် ၆ အတွင်း ဝင်ခွင့် ရဖို့ မဖြစ်နိုင်ဘူးလို့ ESPN က သုံးသပ်ပါတယ်။


ဘယ်နောက်ခံ – ထရန့် အလက်ဇန္တား အာနိုးလ် (လစ်ဗာပူးလ်)

အလက်ဇန္တား အာနိုးလ်ဟာ ခံစစ် ကစားပုံနဲ့ ပတ်သတ်လို့ သံသရာ ဖြစ်စရာ ရှိပေမယ့် သူ့အနေနဲ့ လုပ်နိုင်တာ မှန်သမျှကို အကောင်းဆုံး လုပ်ဆောင်သွားနိုင်သူ ဖြစ်ပါတယ်။ Full Back တစ်ဦးမှာ ရှိသင့်တဲ့ အရည်အသွေးတွေနဲ့ ပြည့်စုံခဲ့ပြီး တိကျ ကောင်းမွန်တဲ့ ပေးပို့မှုတွေ၊ ဖြတ်တင်ဘောတွေ၊ ဂိုးဖန်တီးမှုတွေက လစ်ဗာပူးလ် အတွက် များစွာ အထောက်အကူ ပြုခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် မဖြစ်မနေ အသုံးပြုသင့်တဲ့ ကစားသမား ဖြစ်ကြောင်း ESPN က ဖော်ပြခဲ့ပါတယ်။


ဗဟိုခံစစ် – ဗာဂရယ် ဗန်ဒိုက်ခ် (လစ်ဗာပူးလ်)

ဆုံးဖြတ်ချက် ပိုင်နိုင်ပြီး ခြေစွမ်း တည်ငြိမ်မှု အပြည့်နဲ့ လစ်ဗာပူးလ် ခံစစ်ကို ဦးဆောင်ခဲ့ ဗာဂရယ် ဗန်ဒိုက်ခ် ကလည်း မဖြစ်မနေ ရွေးချယ်ရမယ့် ကစားသမား ဖြစ်ပါတယ်။ ပွဲတစ်ပွဲကို ပါးပါးနပ်နပ်နဲ့ အကောင်းဆုံး ချဉ်းကပ်နိုင်ခဲ့ပြီး အသင်း ခက်ခဲနေချိန်မှာလည်း ပေါက်ကွဲ‌ အားကောင်းကောင်းနဲ့ ဦးဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ Full Back တွေ တိုက်စစ် လိုက်ပါလွန်းတဲ့ အသင်းမှာ ဗဟိုခံစစ်မှူးတွေဟာ တာဝန်ပိုလွန်းပြီး ဗန်ဒိုက်ခ် အနေနဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။


ဗဟိုခံစစ် – အန်တိုနီ ရူဒီဂါ (ချဲလ်ဆီး)

အန်တိုနီယို ရူဒီဂါ ကတော့ ချဲလ်ဆီးမှာ အကောင်းဆုံး ရာသီတခုကို ဖြတ်သန်းခဲ့ပြီး ရာသီကုန် မှာတော့ ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွှေ့တော့မယ့် ကစားသမား ဖြစ်ပါတယ်။ အခုနှစ် ဘောလုံးရာသီ တူချယ်ရဲ့ အသင်း အတွက် သူကစားပေးခဲ့ပုံက ကြောက်စရာ ကောင်းလွန်းခဲ့ပြီး ပြိုင်ဘက် တိုက်စစ်မှူး တော်တော်များများ ကျော်ဖြတ်ဖို့ မလွယ်ကူခဲ့ပါဘူး။


ညာနောက်ခံ – ဂျာအို ကန်ဆယ်လို (မန်ချက်စတာစီးတီး)

ကမ္ဘာ့ ဖလား
စကော့တလန်
ယူကရိန်း
1X2 သရေ @ 3.10
ပထမပိုင်း ဂိုးအောက် 0.75 @ 1.98
ဂိုးပေါင်း 0-1 @ 2.32
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂျာအို ကန်ဆယ်လို ကတော့ မန်စီးတီးတို့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ခြင်း အတွက် အဓိက နေရာက ပါဝင်ခဲ့တဲ့ မဟာဗျူဟာမြောက် ကစားသမား ဖြစ်ခဲ့ပါတယ်။ Full Back တစ်ဦး ဖြစ်ပေမယ့် နံပါတ် ၁၀ ဆန်တဲ့ ကစားပုံက တမျိုးတဖုံ ဆန်းခဲ့ပြီး တစ်ရာသီလုံး ခြေစွမ်း တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ မန်စီးတီး အတွက် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဒီကစားသမားတွေ အပြင် အရန်သင့် အသုံးပြုနိုင်တဲ့ ကစားသမားတွေ အဖြစ် ဘရိုက်တန် ဘယ်နောက်ခံလူ ကူကာရယ်လာနဲ့ စပါးက ခရစ်စတီယန် ရိုမဲယို တို့ကို ရွေးချယ်ထားပါတယ်။ ကန်ဆယ်လို ကတော့ ညာအစွန်လူ ဖြစ်ပေမဲ့ ဘယ်ခြမ်းမှာလဲ ခြေစွမ်းပြနိုင် ကစားနိုင်သူ ဖြစ်တာကြောင့် ဘယ်ခြမ်း အတွက် ရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။


ကွင်းလယ် – ကီဗင် ဒီဘရိုင်းနား (မန်ချက်စတာစီးတီး)

ကီဗင် ဒီဘရိုင်းနား ကတော့ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ဗဟိုကွင်းလယ်လူတွေ ထဲကမှ အကောင်းဆုံး ကစားသမား ဆိုတာ ငြင်းလို့ မရပါဘူး။ တိုက်စစ် အတွက် အခွင့်အရေး ဖန်တီးပေးမှုတွေ အပြင် ကိုယ်တိုင် ဂိုးသွင်းနိုင်မှုက အသင်း အတွက် များစွာ အထောက်အကူ ပြုခဲ့ပြီး မှတ်မှတ်ရရ ၄ ဂိုး သွင်းနိုင်ခဲ့တဲ့ ဝုဗ်နဲ့ ပွဲက ဒီရာသီ ဒီဘရိုင်းနား အတွက် အကောင်းဆုံး ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒီဘရိုင်းနားဟာ အခုနှစ် ပရီးမီးယားလိဂ်မှာ ပွဲ ၃၀ ကစားပြီး ဖန်တီးမှု ၁၀၁ ကြိမ်၊ ဂိုးကန်ချက် ၇၆ ကြိမ်၊ ဂိုးပေါက်တည့် ကန်ချက် ၃၁ ကြိမ်၊ ကန်တင် ပေးပို့မှု ၁၉ ကြိမ်၊ အပိုင်အခွင့်အရေး ဖန်တီးမှု ၁၆ ကြိမ်၊ ဟက်ထရစ် ၁ ကြိမ် ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဘယ်ဂျီယံ ကွင်းလယ်ဖန်တီးရှင်ဟာ အခုနှစ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။


ကွင်းလယ် – ဒီကလန် ရိုက်စ် (ဝက်စ်ဟမ်းယူနိုက်တက်)

ဒီကလန်ရိုက်စ် ကတော့ ဒီနှစ် ဝက်စ်ဟမ်းရဲ့ အမြင့်ပျံခရီးမှာ အဓိက အခန်းကဏ္ဉက ပါဝင်ခဲ့ပြီး အသင်းရဲ့ အကောင်းဆုံး ကွင်းလယ်လူနဲ့ ဦးဆောင်သူလည်း ဖြစ်ခဲ့ပါတယ်။


ကွင်းလယ် – ခရစ္စတီယန် အဲရစ်ခ်ဆင် (ဘရန့်ဖို့ဒ်)

ခရစ်စတီယန် အဲရစ်ဆင် ကတော့ ကျန်းမာရေး ပြန်ကောင်းလာချိန်မှာ အရင်အတိုင်း ခြေစွမ်းပြနိုင်ဆဲ ဖြစ်ကြောင်း ဘရန့်ဖို့ဒ် အသင်းနဲ့ အတူ သက်သေထူနိုင်ခဲ့သူ ဖြစ်ပါတယ်။ အခုနှစ် ဘောလုံး ရာသီ ဘရန့်ဖို့ဒ်တို့ တန်းဆင်းဇုံပြင်ပမှာ သက်တောင့် သက်သာ တင်ကျန်ရေး အတွက် အဓိက အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။

အရန်သင့် ကစားသမားတွေ အဖြစ် ဘရိုက်တန်က ဘစ်ဆူးမား၊ လက်စတာစီးတီးက ဂျိမ်းစ် မက်ဒီဆင်၊ ဘရန့်ဖို့ဒ်ရဲ့ ခရစ်စတီယန် နော့ဂတ်၊ မန်စီးတီးရဲ့ ဘာနာဒို ဆေးလ်ဗား၊ အာဆင်နယ်ရဲ့ မာတင်အိုဒီဂတ်၊ လစ်ဗာပူးလ်ရဲ့ သီယာဂို အယ်ကန်တာရာ၊ ဆောက်သမ်တန်ရဲ့ ဂျိမ်းစ် ဝက်ဒ်ပရောက်စ် တို့ ရွေးချယ်ခံခဲ့ရပါတယ်။


တိုက်စစ် – မိုဟာမက် ဆာလာ (လစ်ဗာပူးလ်)

တိုက်စစ် မှာတော့ လစ်ဗာပူးလ် ညာတောင်ပံ တိုက်စစ် ကစားသမား မိုဟာမက်ဆာလာကို ထည့်သွင်း ရွေးချယ်ထားပြီး ဆာလာ အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၃၇ ဂိုး ရရှိခဲ့သလို သွင်းဂိုး+ဖန်တီးမှု အများဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဆာလာ ဟာ အာဖရိကဖလား မတိုင်ခင် ဂိုးမြူးခဲ့ပေမယ့် ရာသီသိမ်းခါနီးမှာတော့ ခြေစွမ်း အနည်းငယ် ကျဆင်းသွားခဲ့သလို ချန်ပီယံလိဂ် ဗိုလ်လုပွဲ မှာလည်း ဂိုးကံခေခဲ့လို့ လစ်ဗာပူးလ် အတွက် ဖလား ၃ လုံး အိမ်မက်ကို မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။


တိုက်စစ် – ဆွန်ဟောင်မင် (တော့တင်ဟမ်ဟော့စပါး)

ထူးခြားတာက ဆွန်ဟောင်မင်ဟာ ပင်နယ်တီ သွင်းဂိုး မပါပဲ ရွှေဖိနပ်ဆု ရခဲ့ခြင်း ဖြစ်သလို အာရှတိုက်သားတွေထဲမှာ ပထမဦးဆုံး အကြိမ် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင် ဖြစ်ခဲ့တာပါပဲ။
ပင်နယ်တီ သွင်းဂိုး မပါပဲ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ရခဲ့တဲ့ ဆွန်ဟောင်မင်

ရွှေဖိနပ်ဆု ရခဲ့တဲ့ အီဂျစ် ကြယ်ပွင့် မိုဟာမက် ဆာလာ အပြင် သူနဲ့ အတူ ပူးတွဲ ပရီးမီးယားလိဂ် တစ်နှစ်တာ ဂိုးသွင်း အများဆုံး ဖြစ်ခဲ့တဲ့ ဆွန်ဟောင်မင်ကိုလည်း မပါမဖြစ် ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ထူးခြားတာက ဆွန်ဟောင်မင်ဟာ ပင်နယ်တီ သွင်းဂိုး မပါပဲ ရွှေဖိနပ်ဆု ရခဲ့ခြင်း ဖြစ်သလို အာရှတိုက်သားတွေထဲမှာ ပထမဦးဆုံး အကြိမ် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင် ဖြစ်ခဲ့တာပါပဲ။


တိုက်စစ် – ဟယ်ရီကိန်း (တော့တင်ဟမ်ဟော့စပါး)

အထောင်တိုက်စစ် မှာတော့ ဆွန်ရဲ့ အသင်းဖော် အင်္ဂလန် အသင်းခေါင်းဆောင် ဟယ်ရီကိန်း ပါဝင်လာခဲ့ပြီး ၂၈နှစ်သားဟာ မန်စီးတီးနဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တဲ့လို့ ရာသီအစပိုင်းမှာ ဂိုးမိုးခေါင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပရော်ဖက်ရှင်နယ် ပီသစွာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စပါး အတွက် ပြိုင်ပွဲစုံမှာ ၂၇ဂိုး အထိ သွင်းပေးခဲ့ပြီး အသင်း အပေါ် အပြည့်အဝ တာဝန်ကျေခဲ့သူလည်း ဖြစ်ခဲ့ပါတယ်။

အရန်သင့် အတွက် ရွေးချယ်ခံခဲ့ရသူတွေ ကတော့ ဂျာရော့ဒ် ဘိုဝင် (ဝက်စ်ဟမ်း)၊ လူးဝစ် ဒီယက်ဇ် (လစ်ဗာပူးလ်)၊ ဖေးလ်ဖိုဒန် (မန်စီးတီး)၊ ဒီယိုဂို ဂျိုတာ (လစ်ဗာပူးလ်)၊ ကူလူဆက်ဗ်စကီး (စပါး)၊ ဆာဒီယို မာနေး (လစ်ဗာပူးလ်)၊ ခရစ္စတီယာနို ရော်နယ်ဒို (မန်ယူနိုက်တက်)၊ အိုင်ဗန် တိုနေး (ဘရန့်ဖို့ဒ်)၊ ဝီလ်ဖရိုင်း ဇာဟာ (ပဲလေ့စ်) တို့ပဲ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်