အဲရစ်ခ် တန်ဟက်ဂ် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် ပထမဦးဆုံး အကြိမ် အင်တာဗျူး ဖြေကြားလာခဲ့ပါတယ်။ တန်ဟက်ဂ်က ပရိသတ်များကို ကျေးဇူးတင်ကြောင်းနှင့် မိမိအိပ်မက် အဆုံးသတ်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
နယ်သာလန် နည်းပြ ဖြစ်တဲ့ အသက် ၅၄ နှစ် အရွယ် ရှိ အဲရစ်ခ် တန်ဟက်ဂ် ဟာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို နှစ်ရာသီခွဲ အကြာ ကိုင်တွယ်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။ တန်ဟက်ဂ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၉ မှာ ဝက်စ်ဟမ်းကို ရှုံးနိမ့်ပြီးနောက် ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
တန်ဟက်ဂ်က သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့ ဖြစ်တဲ့ SEG Football ကနေ တစ်ဆင့် ပရိသတ်တွေကို ကျေးဇူးတင် စကားပြောကြားချက်ကို ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။ တန်ဟက်ဂ်က “အသင်း အတွက် အမြဲတမ်း ရှိနေပေးလို့ ခင်ဗျား တို့ကို ကျေးဇူးတင်ပါတယ်။ အဝေးကွင်းပွဲ ဒါမှမဟုတ် အိုးထရက်ဖို့ဒ်မှာ ကစားရတဲ့ ပွဲက ခက်ခဲတဲ့ ပွဲတွေပါ။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား တို့ရဲ့ အားပေးမှုက တုန်လှုပ်စရာပါ။ အိုးထရက်ဖို့ဒ်ရဲ့ အငွေ့အသက်တွေက အမြဲတမ်း တောက်ပနေခဲ့လို့ ခင်ဗျား တို့ကို ကျေးဇူးတင်ပါတယ်။”
“ကောင်းတဲ့ အချိန်၊ ဆိုးတဲ့ အချိန် ဘယ်အချိန်ပဲ ဖြစ်ဖြစ် မယိမ်းမယိုင် ထောက်ပံ့ပေးခဲ့တဲ့ ဌာနအသီးသီးက ဝန်ထမ်းတွေ ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဖလား နှစ်လုံး ရယူနိုင်ခဲ့တယ်။ ဒါက ကျွန်တော့် ဘဝ တစ်လျှောက်လုံး မြတ်နိုးရမယ့် အောင်မြင်မှုတွေပါ။ ကျွန်တော့် အိပ်မက်က အခန်းထဲကို ဆုဖလားတွေ ပိုပြီး ယူလာပေးနိုင်ဖို့ပါ။ ကံမကောင်းစွာပဲ အဲဒီ အိပ်မက်က အဆုံးသတ်သွားပါပြီ။ ခင်ဗျားတို့ရဲ့ အားပေးမှု၊ အသင်းမှာ ရှိသူ အားလုံးရဲ့ နွေးထွေးမှုက ကျွန်တော့်ရဲ့ အိမ်လိုပဲ ခံစားခဲ့ရပါတယ်။ အဲဒီ အတွက် ကျေးဇူးတင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
တန်ဟက်ဂ်က ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ နှစ်နှစ်တာ ကာလ အတွင်း ခရာဘောင်ဖလားနဲ့ အက်ဖ်အေဖလားတို့ ရယူပေးနိုင်ခဲ့ပေမယ့် ရလဒ်ပိုင်း မှာတော့ လုံးဝ ကျေနပ်စရာ မရှိခဲ့တာ ဖြစ်ပါတယ်။ တန်ဟက်ဂ် အနေနဲ့ ယူနိုက်တက်မှာ နိုင်ပွဲ ရာခိုင်နှုန်း ၅၆ ရာခိုင်နှုန်းသာ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးတော့ စုစုပေါင်း ၁၂၈ ပွဲ ကိုင်တွယ် ရာမှာ ၇၂ ပွဲနိုင်၊ ပွဲ ၂၀ သရေ၊ ၃၆ ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။
အဲရစ်ခ် တန်ဟက်ဂ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၈၅ ပွဲ တာဝန်ယူ ကိုင်တွယ်ခဲ့ပြီးတော့ ၂၇ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာ ဆာ အဲလက်စ် ဖာဂူဆန် နောက်ပိုင်း ယူနိုက်တက် မန်နေဂျာတွေထဲမှာ ရှုံးပွဲ အများဆုံးလည်း ဖြစ်ပါတယ်။ တန်ဟက်ဂ်ဟာ ရှုံးပွဲ ရာခိုင်နှုန်း ၃၁.၈ ရာခိုင်နှုန်း ရှိခဲ့ပြီး ဒါဟာ ဒေးဗစ် မွိုက်စ် ၃၂.၄ ရာခိုင်နှုန်း ပြီးရင် ပရီးမီးယားလိဂ် ခေတ်မှာ ဒုတိယ အဆိုးဆုံး မန်နေဂျာ မှတ်တမ်းလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.