နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒိုင်လူကြီးတွေက ပြစ်တင် ပြောဆိုလိုက်တဲ့ တန်ဟက်ဂ်၊ ကွင်းထဲ ကနေ မျက်ရည်တွေနဲ့ ထွက်သွားခဲ့တဲ့ ကက်စ်မဲရိုး (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ဒိုင်လူကြီးတွေက ပြစ်တင် ပြောဆိုလိုက်တဲ့ တန်ဟက်ဂ်၊ ကွင်းထဲ ကနေ မျက်ရည်တွေနဲ့ ထွက်သွားခဲ့တဲ့ ကက်စ်မဲရိုးစတဲ့ သတင်းတွေ အပါအဝင် မတ် ၁၃ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒိုင်လူကြီးတွေက ပွဲကို လွှမ်းမိုးခဲ့တယ်လို့ အပြစ်တင်လိုက်တဲ့ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် က ဆောက်သမ်တန်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲအပြီးမှာ ဒိုင်လူကြီးတွေက ပွဲကို လွှမ်းမိုးခဲ့တယ်လို့ ဒေါသတကြီးနဲ့ ပြောဆိုလိုက်ပါတယ်။ ကွင်းလယ်လူ ကက်စ်မဲရိုး ထုတ်ပယ်ခံရမှုနဲ့ ပတ်သက်ပြီး အနီကတ်က မဖြစ်သင့်ဘူး ဆိုကာ သူ့ကစားသမား ဘက်က ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ကက်စ်မဲရိုးဟာ ဆောက်သမ်တန် ကစားသမား ကားလိုစ် အယ်လ်ကာရက်ဇ်ကို ပြစ်ဒဏ် ကျူးလွန်မှုမှာ ဘောလုံး အရင်ထိပြီးမှသာ ခြေထောက်ကို သွားထိခဲ့တာ ဖြစ်ပါတယ်။ ဒီပြစ်ဒဏ် အတွက် တန်ဟက်ဂ်က တော်တော်လေး ဒေါသထွက်နေပြီး တည်ငြိမ်မှု အားကောင်းတဲ့ မူဝါဒမျိုး ကိုသာ အလိုရှိတယ်လို့ ပြောဆိုခဲ့ကာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက် ကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
မန်ချက်စတာစီးတီး
လိုက်ဇစ်
1X2 လိုက်ဇစ် @ 6.60
ဂိုးပေါ် 3.00 @ 1.98
ဂိုးပေါင်း 0-1 @ 4.60
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

“ ကက်စ်မဲရိုးက ဥရောပမှာ ပွဲပေါင်း ၅၀၀ ကျော် ကစားခဲ့ပြီး ဘယ်တုန်းကမှ အနီကတ် ဆက်တိုက် အပြခံခဲ့ရတာမျိုး မရှိခဲ့ဘူး၊ အခုတော့ သူ အနီကတ် ၂ ကြိမ် ရသွားပြီ၊ သူကစားတာက ကြမ်းတယ် ဆိုပေမယ့် မျှတမှု ရှိပါတယ်၊ ဘောင်ထဲမှာ ကန့်သတ် ထိန်းချုပ်ခံရတာက ကြည့်ရဆိုးပါတယ်၊ ဒါပေမယ့် ဘောလုံးအကြောင်း တစ်ခုခုကို သိတဲ့ သူတိုင်းက ဘယ်အရာက ကောင်းလဲ၊ ဘယ်အရာက တရားမျှတလဲ ဆိုတာကို နားလည်ကြပါတယ်၊ ဒီပွဲကို ဒိုင်လူကြီးက လွှမ်းမိုးသွားခဲ့တာပါ” လို့ တန်ဟက်ဂ် က ပြောဆိုခဲ့ပါတယ်။


အာဆင်နယ် ဖလားရရင် လိဂ်သမိုင်းမှာ အကြီးကျယ်ဆုံး အောင်ပွဲ ဖြစ်လာလိမ့်မယ် ဆိုတဲ့ ဂျင်မီ ရက်နပ်

ဒီရာသီမှာ အာဆင်နယ်တို့ အမှတ်ပေးဖလားကို ဆွတ်ခူးခဲ့မယ် ဆိုရင် ပရီးမီးယားလိဂ် သမိုင်းမှာ အကြီးကျယ် အခမ်းနားဆုံး အောင်ပွဲ တစ်ခု ရရှိတာ ဖြစ်လိမ့်မယ်လို့ ဘောလုံးဝေဖန် သုံးသပ်သူ ဂျင်မီ ရက်နပ်က ချီးကျူးလိုက်ပါတယ်။ ဖူလ်ဟမ်ကို အာဆင်နယ်က ၃ ဂိုးပြတ်နဲ့ အနိုင်ရပြီးနောက် ရက်နပ်က အာဆင်နယ်ရဲ့ ကစားပုံက ကြည့်ရတာ အကောင်းဆုံးပဲ လို့လည်း အမွှမ်းတင်ခဲ့ပါသေးတယ်။

အာဆင်နယ်ဟာ ဒီနိုင်ပွဲကြောင့် မန်ချက်စတာစီးတီးကို ၅ မှတ် ဆက်ပြီး ဖြတ်ထားနိုင်ဆဲ ဖြစ်သလို လက်ကျန် ၁၁ ပွဲသာ ကစားဖို့ ရှိတော့တာကြောင့် တော်တော်လေး အခြေအနေ ကောင်းနေပြီလည်း ဖြစ်ပါတယ်။ ဖျော်ဖြေမှု ရသ အပြည့် ပေးနိုင်တဲ့ ကစားဟန်နဲ့ အတူ အာဆင်နယ်က နိုင်ပွဲတွေ ဆက်နေပြီး အနီးကပ် ပြိုင်ဘက်က ဖိအားပေးမှု ကိုလည်း ကျော်ဖြတ်ပြနိုင်ခဲ့ပါတယ်။

ရက်နပ်က “ လက်စတာ ပရီးမီးယားလိဂ် ရခဲ့တာက အံ့အားသင့်စရာ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်၊ ဒီလို အနိုင်ရမယ်လို့ ကျနော် ဘယ်တုန်းကမှ မထင်ခဲ့ဘူး၊ ဒါပေမယ့် အခုတော့ အာဆင်နယ် ရှိနေပါပြီ၊ သူတို့သာ အမှတ်ပေးဖလား ရမယ် ဆိုရင် ဒါက ကြီးကျယ် ခမ်းနားတဲ့ အောင်မြင်မှု ဖြစ်လာမှာပါ၊ ဒိရာသီမှာ သူတို့ကစားပုံကို ကြည့်ရတာက အရမ်းကို ကျေနပ် ပျော်ရွှင်စရာ ကောင်းနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။


ကွင်းထဲကနေ မျက်ရည်ကျပြီး ထွက်သွားခဲ့တဲ့ ကက်စ်မဲရိုး

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုးဟာ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ် ပွဲမှာ အနီကတ် ထိခဲ့ပြီးနောက် ကွင်းထဲ ကနေ မျက်ရည်တွေ ကျပြီး ထွက်သွားခဲ့တယ်လို့ သိရပါတယ်။
အနီကတ်ပြခံခဲ့ရလို့ ကွင်းထဲကနေ မျက်ရည်တွေနဲ့ ထွက်သွားတဲ့ ကက်စ်မဲရိုး

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုးဟာ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ် ပွဲမှာ အနီကတ် ထိခဲ့ပြီးနောက် ကွင်းထဲ ကနေ မျက်ရည်တွေ ကျပြီး ထွက်သွားခဲ့တယ်လို့ သိရပါတယ်။ ပြိုင်ဘက် ကစားသမား ကားလို့စ် အယ်လ်ကာရက်ဇ်ကို ဖျက်ထုတ်မှုမှာ သူ့ကို အနီကတ် ပြသခံခဲ့တာ ဖြစ်ပြီး ဒါက ထိုက်တန်မှု မရှိဘူးလို့ အားလုံးက ယူဆခဲ့ကြပါတယ်။

ကက်စ်မဲရိုး ကိုယ်တိုင်လည်း သူ့ကို အနီပြချိန်မှာ အံ့အားသင့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကာ အသင်းဖော်တွေက ဝိုင်းဝန်း နှစ်သိမ့်ပေးခဲ့ရပါတယ်။ ဘရာဇီးလ် ကွင်းလယ်လူဟာ တော်တော်လေးကို စိတ်ပျက်နေခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ဒီလို မထိုက်တန်တဲ့ ပြစ်ဒဏ် အတွက် မျက်ရည်ကျတဲ့ အထိ ခံစားခဲ့ရပါတယ်။

အဝတ်လဲခန်းထဲမှာလည်း သူက စကားအများကြီး မပြောခဲ့ဘဲ စိတ်ပျက်နေခဲ့တယ်လို့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က ပြောဆိုခဲ့ကာ သူ့ကစားသမားက အနီကတ်နဲ့ မထိုက်တန်ခဲ့ဘူးလို့ ကာကွယ်ပေးခဲ့ပါတယ်။ ဒီအနီကတ်ဟာ ဒီရာသီမှာ သူ့ အတွက် ဒုတိယမြောက် အနီကတ်ဖြစ်လို့ ကက်စ်မဲရိုးဟာ ၄ ပွဲ အထိ အပယ်ခံရတော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်