နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ်ရဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက်ကို ရိုက်ချိုးဖို့ ကြိုးစားမယ့် စပါး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

တော့တင်ဟမ်ဟော့စပါး – အာဆင်နယ်

အခုတစ်ပတ် စူပါဆန်းဒေးရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းပေါ်မှာ အကောင်းဆုံး ဆက်လက် ရပ်တည်နေတဲ့ အာဆင်နယ် အရေးပါတဲ့ ပွဲစဉ် ဖြစ်သလို စပါး ကလည်း ခါးသီး ပြိုင်ဘက်ရဲ့ မျှော်လင့်ချက်ကို အဆုံးသတ်ပေးချင်မှာ ဖြစ်လို့ ဒီတစ်ခေါက် မြောက်လန်ဒန် ဒါဘီ ကလည်း အကြိတ်အနယ် ရှိလာဦးမှာ သေချာပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းသွားခြင်းနဲ့ အတူ နယူးကာဆယ်ကို ဂိုးပြတ် အရေးနိမ့်ထားပါတယ်။ စပါးဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရှိနေပြီး ဗီလာနဲ့ ၆ မှတ်အထိ ပြတ်တောက်နေလို့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ မသေချာ ဖြစ်နေပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ ဗီလာက ချဲလ်ဆီးနဲ့ ကစားရမှာ ဖြစ်လို့ ဒီအခြေအနေကို စပါးတို့ အခွင့်ကောင်းယူဖို့ ကြိုးစားလာမှာပါ။ စပါးရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင် ၁၂ ပွဲနိုင်၊ ၄ ပွဲ ရှုံးထားပြီး သရေပွဲ မရှိထားပါဘူး။

အာဆင်နယ် ကတော့ အရင်နှစ်တွေနဲ့ မတူပဲ ရာသီကုန်ခါနီးမှ ပွဲတိုင်းကို အကောင်းဆုံး ကျော်ဖြတ်ပြနေပါတယ်။ မန်စီးတီးရဲ့ အမှားကို စောင့်နေရတယ် ဆိုပေမယ့် သူတို့ ကိုယ်တိုင်လည်း အမှားမလုပ်ပဲ အကောင်းဆုံး စိတ်ဓာတ် အကောင်းဆုံး ခြေစွမ်းနဲ့ နိုင်ပွဲတွေ ယူနေတာ တွေ့ရပါတယ်။ မီခဲလ် အတေးတားရဲ့ အသင်းက ပြီးခဲ့တဲ့ ပွဲမှာ လန်ဒန်ဒါဘီ ပြိုင်ဘက် ချဲလ်ဆီးကို ၅-၀ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် စိတ်ဓာတ်ပိုင်းကလည်း အမြင်ဆုံး ရောက်နေဖို့ ရှိပြီး စပါးကို ထပ်မံကျော်ဖြတ်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၁၁ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားပြီး ပရီးမီးယားလိဂ် ရဲ့ အဝေးကွင်း အကောင်းဆုံး အသင်း အဖြစ် ရပ်တည်နေပါတယ်။


နှစ်ဖက်အသင်း သတင်းများ

အာဆင်နယ်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၁၁ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားပြီး ပရီးမီးယားလိဂ်ရဲ့ အဝေးကွင်း အကောင်းဆုံး အသင်း အဖြစ် ရပ်တည်နေပါတယ်။
ပရီးမီးယားလိဂ် ဇယား ထိပ်မှာ ရှိနေတဲ့ အာဆင်နယ်

အခုပွဲကို စပါး ဘက်က ကစားသမား အများအပြား လွဲချော်ဖို့ ရှိနေပြီးတော့ ဆက်ဆနွန်၊ ဆော်လမွန်၊ ဖော်စတာ၊ အူဒိုဂီ ဝှိုက်မန်း တို့ကတော့ ကျန်းသေပေါက် လွဲချော်မှာပါ။ ရစ်ချာလီဆင်နဲ့ ပေါ်ရို တို့ကတော့ ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

အာဆင်နယ် ဘက်မှာတော့ ဂျူရီယန် တင်ဘာ ကလွဲလို့ ကျန်ကစားသမား အားလုံး ပွဲထွက်လာနိုင်ဖို့ ရှိနေပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း 

တော့တင်ဟမ်ဟော့စပါး – ဗီကာရီယို၊ ရိုမဲယို၊ ဗန်ဒီဗန်၊ ပေါ်ရို၊ ဘန်ဒေးဗီးစ်၊ ဘစ်ဆူးမား၊ ဘန်တန်ကာ၊ မက်ဒီဆင်၊ ဂျွန်ဆင်၊ ဗာနာ၊ ဆွန်

အာဆင်နယ် – ရာယာ၊ ဝှိုက်၊ ဆလီဘာ၊ ဂါဘရီရယ်၊ တိုမီယာဆု၊ ပါတေး၊ ရိုက်စ်၊ အိုဒီဂတ်၊ ထရော့ဆက်ဒ်၊ ဆာကာ၊ ဟာဗတ်ဇ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၃၂ ကြိမ် တွေ့ဆုံခဲ့ရာမှာ စပါးက ၁၁ ကြိမ်နိုင်၊ အာဆင်နယ်က ၁၃ ကြိမ် နိုင်ပြီး ၈ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာတော့ အာဆင်နယ်က ၃ ကြိမ် အနိုင်ရပြီး စပါးက ၁ ကြိမ် နိုင်ကာ၊ ၁ ကြိမ် သရေကျခဲ့ပါတယ်။ စပါးကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာ‌တော့ စပါးက ၂ ကြိမ် နိုင်ပြီး အာဆင်နယ်က ၁ ကြိမ် နိုင်ခဲ့ပါတယ်။ ဒီရာသီ ပထမအကျော့ မှာတော့ တစ်ဖက် နှစ်ဂိုးစီ သရေကျထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ စပါးနိုင်ရင် ၃.၄၂ ဆ၊ အာဆင်နယ် နိုင်ရင် ၁.၈၆ ဆ၊ သရေ ဆိုရင်တော့ ၃.၆၅ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ လောလောဆယ်တော့ အာဆင်နယ်က သရေ အရှုံး ပေးထားပြီး ဂိုးပေါင်း ကလည်း နှစ်သင်းပေါင်း ၄ လုံးလောက် သွင်းမှ ရမယ့် အခြေအနေပါ။ စပါးဟာ အာဆင်နယ်ကို ဒုက္ခပေးဖို့ အမြဲတမ်း ကြိုးစားနေတဲ့ ပြိုင်ဘက် ဖြစ်ပါတယ်။ သူတို့ အတွက် အမှတ်လိုအပ်သလို မြို့ခံပြိုင်ဘက် ဖလား မရဖို့လည်း သူတို့ အတွက် အရေးကြီးပါတယ်။ အာဆင်နယ် အနေနဲ့ ချဲလ်ဆီးနဲ့ ပွဲက ခြေစွမ်း အတိုင်း ကစားရင် စပါးကို မနိုင်စရာ အကြောင်းမရှိပါဘူး။ ကျနော် ကတော့ ပုံစံကောင်းရနေတဲ့ အာဆင်နယ်ကိုပဲ အကြိုက်တွေ့မိပါတယ်။  

ခန့်မှန်းရလဒ်

တော့တင်ဟမ်ဟော့စပါး ၁-၂ အာဆင်နယ် 

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်