နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက် တော်မီနေးကို ခေါ်ယူချင်နေတဲ့ တော့တင်ဟမ်ဟော့စပါး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး အသင်း ကတော့ ချဲလ်ဆီး ကွင်းလယ်လူ ကော်နာ ဂယ်လာဟာကို ခေါ်ယူဖို့ အခက်အခဲ ရှိနေရတာကြောင့် စကော့တ် မက်တော်မီနေးကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တယ်လို့ သိရပါတယ်။ 

အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ စကော့တလန် လက်ရွေးစင် ကွင်းလယ်လူဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်နဲ့ လမ်းခွဲဖွယ် ရှိနေသူ ဖြစ်ပြီး ဒီကစားသမားကို စပါး အပါအဝင် ထိပ်တန်း ကလပ် တချို့က စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ မက် တော်မီနေးကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ် ဖူလ်ဟမ်နဲ့ တူရကီ ထိပ်သီး ကလပ် ဂါလာတာစာရေး တို့က ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပေမယ့် ပယ်ချခံထားရပါတယ်။ ယူနိုက်တက် ဘက်ကတော့ မက်တော်မီနေး အတွက် သူတို့ အလိုရှိနေတဲ့ ပေါင် သန်း ၃၀ ရရှိမှုသာ ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ကက်စ်မဲရိုး ကိုလည်း လက်လွှတ်ရဖို့ ရှိနေတာကြောင့် လာမယ့်ရာသီ ကွင်းလယ်ပိုင်း အင်အား မလျော့စေဖို့ အတွက် မက်တော်မီနေးကို အလွယ်တကူ ထွက်ခွာခွင့်ပေးမယ့် သဘောတော့ မရှိပါဘူး။ 

စပါး ကတော့ ဒီနွေရာသီမှာ ကွင်းလယ်လူ ဟွိုက်ဘယက်ဂျ်ကို အသင်း ကနေ ထွက်ခွာခွင့်ပေးသွားဖို့ ရှိနေတာကြောင့် မက်တော်မီနေးကို အရ ခေါ်ယူဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပါးနဲ့ ယူနိုက်တက် အကြားမှာ မက်တော်မီနေးရဲ့ အပြောင်းအရွှေ့ ကိစ္စ အဆင်ပြေဖို့ အတွက်တော့ အနည်းငယ် ညှိနှိုင်းစရာတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ အဓိက ကတော့ စပါးဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဆီ သူတို့ရဲ့ ကစားသမားတွေကို ရောင်းထုတ်လိုခြင်း မရှိတဲ့ အသင်း ဖြစ်ပြီး ဟယ်ရီကိန်းရဲ့ အပြောင်းအရွှေ့က သက်သေပါပဲ။ ဒါ့အပြင် စပါးဟာ ယူနိုက်တက် ဆိုရင် မြင့်မားတဲ့ နှုန်းထား တောင်းခဲ့ဖူးတဲ့ အသင်း ဖြစ်နေတာလည်း အပြောင်းအရွှေ့က အထမြောက်ဖို့ ခက်ခဲပါတယ်။

ယူနိုက်တက် အကယ်ဒမီထွက် မက်တော်မီနေးဟာ ပြီးခဲ့တဲ့ ၈ ရာသီ အတွင်း ယူနိုက်တက် အတွက် ပွဲပေါင်း ၂၅၂ ပွဲ ကစားပြီး ၂၉ ဂိုး သွင်းယူပေးထားပါတယ်။ ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာတော့ စကော့တလန်သားက ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၄၃ ပွဲ ကစားပြီး ၁၀ ဂိုး သွင်းယူပေးခဲ့ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ကလပ် စပါးဟာ အခုနွေရာသီ ဈေးကွက်ထဲမှာပဲ ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်းသွားဖို့ ရှိနေပြီး ချဲလ်ဆီးက အင်္ဂလန် ကွင်းလယ်လူ ကော်နာ ဂယ်လာဟာကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အကြောင်းကြောင့် စပါးဟာ ဂယ်လာဟာကို ခေါ်ယူဖို့ အခက်အခဲ ရှိနေတာကြောင့် အခြားသော ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ကွင်းလယ်လူတွေကို ပစ်မှတ်ထားနေရတာ ဖြစ်ပါတယ်။

အခုနွေရာသီ အပြောင်းအရွှေ့မှာ အန်ဂျီ ပိုစတီကိုဂလူးရဲ့ စပါးဟာ လိဒ်စ်ယူနိုက်တက်က ညာနောက်ခံလူ အာချီ ဂရေး ဆိုတဲ့ ကစားသမားလေး ကိုသာ ယူရို ၄၁ သန်း ကျော်နဲ့ ခေါ်ယူထားရပါသေးတယ်။ လက်ရှိ စပါးရဲ့ ကွင်းလယ်မှာတော့ ဟွိုက်ဂျ်ဘယက်ဂျ် ထွက်ခွာသွားခဲ့ရင်တောင် ဂျိမ်းစ် မက်ဒီဆင်၊ လိုဆယ်ဆို၊ ဘန်တန်ကာ၊ ဘစ်ဆူးမား၊ စကစ်ပ်၊ စပန့်စ်၊ ပိပ် ဆား၊ ဘာ့ဂျ်ဗဲလ် တို့လို ကစားသမားတွေ ရှိနေပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်