နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်တဲ့ ပထမဦးဆုံး အာရှသား၊ ချဲလ်ဆီးထက် ဂိုးပိုသွင်းထားတဲ့ ဟာလန်း (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်တဲ့ ပထမဦးဆုံး အာရှသား၊ ချဲလ်ဆီးထက် ဂိုးပိုသွင်းထားတဲ့ ဟာလန်း စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၉ ရက်နေ့ ညနေခင်းရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်တဲ့ ပထမဦးဆုံး အာရှသား ဖြစ်လာတဲ့ ဆွန်ဟောင်မင်

တော့တင်ဟမ်ဟော့စပါးက ဘရိုက်တန်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ စပါး အတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့နောက် ဆွန်ဟောင်မင်က ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်တဲ့ ပထမဦးဆုံး အာရှသား ဖြစ်လာခဲ့ပါတယ်။

ဆွန်ဟာ ဒီမှတ်တမ်း ရဖို့ အချိန်အတန် ကြာအောင် စောင့်ခဲ့ရပြီးနောက် မနေ့ညက ပွဲမှာတော့ ဂိုးပြန်သွင်းနိုင်ခဲ့တာကြောင့် ဂုဏ်ယူစရာ သမိုင်း မှတ်တိုင် တစ်ခုကို စိုက်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဧရိယာ အပြင် ဘက်ကနေ ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကို ဝေ့ဝိုက် ကန်သွင်းခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ပရီးမီးယားလိဂ် ရာပြည့် သွင်းဂိုးက တော်တော်လေးကို လှပခဲ့တာပါ။

အသက် ၃၀ အရွယ် ဆွန်ဟောင်မင်ဟာ ၂၀၁၅ မှာ ဟမ်းဘတ် ကနေ စပါးကို ပေါင် ၂၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဆွန်ဟာ ပြီးခဲ့တဲ့ ရာသီက ဆိုရင် ရွှေဖိနပ်ဆုကို ရယူနိုင်တဲ့ ပထမဦးဆုံး အာရှသား ဖြစ်ခဲ့သလို တောင်ကိုရီးယား သမ္မတ ကိုယ်တိုင်က ပေးအပ်တဲ့ နိုင်ငံရဲ့ အမြင့်ဆုံး အားကစား ထူးချွန်ဆုလည်း ရရှိခဲ့ပါတယ်။


ဟာလန်းကို ရော်နယ်ဒို၊ မက်ဆီတို့ရဲ့ အဆင့်ကို ရောက်နေပြီလို့ ချီးကျူးလိုက်တဲ့ ဂွာဒီယိုလာ

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
မန်ချက်စတာစီးတီး
ဘိုင်ယန်မြူးနစ်
1X2 သရေ (Draw) @ 3.75
ဂိုးအောက် 2.75 @ 2.05
ပထမပိုင်း ဂိုးပေါ် 1.25 @ 2.11
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွာဒီယိုလာက ဆောက်သမ်တန်ကို အဝေးကွင်းမှာ ၄-၁ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် လှပတဲ့ နောက်ပြန် ကန်ချက်နဲ့ ဂိုးသွင်းခဲ့ပြီး သွင်းဂိုး ၂ဂိုး ရခဲ့တဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းကို ချီးကျူးသွားခဲ့ပါတယ်။ ဟာလန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးပေါင်း ၃၀ အထိ သွင်းယူထားပြီး ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဂွာဒီယိုလာက “ ရော်နယ်ဒို၊ မက်ဆီ တို့နဲ့ အတူ မယုံနိုင်စရာ ကောင်းတဲ့ ဆယ်စုနှစ် ၂ ခုကို ကျနော်တို့ နေထိုင်ခဲ့ရပါတယ်၊ ဒါပေမယ့် ဟာလန်းက အခု အဲဒီ အဆင့်ကို ရောက်နေပါပြီ၊ ဒုတိယပိုင်း ကတော့ တကယ်ကို အံ့အားသင့်ဖို့ ကောင်းပါတယ်၊ လေထဲက ဘောလုံးကို ဒိလိုမျိုး ကန်သွင်းဖို့ ဆိုတာက မလွယ်လှပါဘူး၊ ဒီလို ပွဲမျိုး အတွက် အသင်းပိုင်ရှင်တွေက သူ့ကို ခေါ်ယူခဲ့တယ်လို့ ထင်ပါတယ်”

“ ကျနော်တို့ သက်တောင့် သက်သာ မရှိခဲ့သလို အကောင်းဆုံးလည်း မကစားနိုင်ခဲ့ပေမယ့် သူ ဂိုးရခဲ့ပါတယ်၊ ဒုတိယဂိုး ကတော့ သူ့ရဲ့ အရပ်အမောင်းနဲ့ ဒီလို စွမ်းရည်မျိုး ရှိတယ်လို့ ထင်မိမှာ မဟုတ်ပါဘူး၊ တကယ်ကို ထူးခြား ကောင်းမွန်တဲ့ ဂိုးပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။


ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးထက် ဂိုးပိုသွင်းထားတဲ့ ဟာလန်း

မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ဆောက်သမ်တန်နဲ့ ပွဲမှာ အသင်း အတွက် ၂ ဂိုး အထိ သွင်းယူပေးခဲ့ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးပေါင်း ၃၀ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၃၀ ပြည့်သွားခဲ့ပြီ ဖြစ်တဲ့ ဟာလန်း

မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ဆောက်သမ်တန်နဲ့ ပွဲမှာ အသင်း အတွက် ၂ ဂိုး အထိ သွင်းယူပေးခဲ့ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးပေါင်း ၃၀ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ နော်ဝေ တိုက်စစ်မှူးဟာ ဒဏ်ရာကြောင့် အနားယူနေရာ ကနေ ပြန်လည် ကစားပေးချိန်မှာပဲ ခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပြီး မန်စီးတီးက ၄-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

ဒေါ့မန် ကနေ မန်စီးတီးကို ရောက်လာပြီးနောက် တောက်လျှောက် ခြေစွမ်းပြနေခဲ့တဲ့ ဟာလန်းက ဂိုးပေါင်း ၃၀ ပြည့်စေမယ့် ဂိုးကို လှပတဲ့ နောက်ပြန် ကန်ချက်နဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းရဲ့ ခြေစွမ်းနဲ့ ဂိုးသွင်းအားကို အားလုံးက ဝိုင်းဝန်း ချီးမွမ်းနေကြပြီး မှတ်တမ်းတွေအရ ဟာလန်းက ချဲလ်ဆီး တစ်သင်းလုံးထက်တောင် ဂိုးသွင်းနှုန်း ပိုကောင်းနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီး ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးပေါင်း ၂၉ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာပါ။ ဒါပေမယ့် ဟာလန်း ကတော့ ပွဲအရေအတွက်ပါ လျော့နည်းနေပြီး တစ်ဦးတည်းက ဂိုးပေါင်း ၃၀ ရရှိထားတာပါ။ ဒီမှတ်တမ်း အချက်အလက်က ချဲလ်ဆီး ပရိသတ်တွေကို လှောင်ပြောင်သလို ဖြစ်နေပြီး ဟာလန်း လောက်တောင်မှ ဂိုးမရတဲ့ အသင်း ဆိုပြီးလည်း စနောက် ပြောဆိုခံနေရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်