နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်ကို ပြန်လာဖို့ အသင့် ရှိနေတဲ့ ဆိုးလ်ရှား | ပရီးမီးယားလိဂ်

နော်ဝေ လူမျိုး နည်းပြ အိုလီဂန်နာ ဆိုးလ်ရှား ကတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ပြန်လာဖို့ အမြဲတမ်း အသင့် ရှိနေတယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

လက်ရှိမှာ အသက် ၅၁ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ အိုလီဂန်နာ ဆိုးလ်ရှားက မန်ချက်စတာယူနိုက်တက်မှာ ကစားသမား အဖြစ် ပွဲပေါင်း ၃၆၆ ပွဲ ကစားခဲ့ပြီး နည်းပြ အဖြစ်တော့ ၂၀၁၈ ခုနှစ် ကနေ ၂၀၂၁ ခုနှစ် အထိ ဆောင်ရွက်ခဲ့ဖူးသူဖြစ်သည်။ ဆိုးလ်ရှား အနေနဲ့ မန်ချက်စတာယူနိုက်တက် နည်းပြဘဝမှာ ဆုဖလား အောင်မြင်မှု ရယူနိုင်ခဲ့ခြင်း မရှိခဲ့ပဲ ယူရိုပါလိဂ် မှာသာ ဗိုလ်လုပွဲ အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ဆိုးလ်ရှားဟာ ယူနိုက်တက် ပရိသတ်တွေရဲ့ အားပေး ထောက်ခံမှုကို အပြည့်အဝ ရရှိခဲ့ပြီးတော့ အသင်း ကလည်း ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ၂၀၂၅ ခုနှစ် အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၁-၂၂ ခုနှစ် ဘောလုံးရာသီ အတွင်း ယူနိုက်တက်က ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရတာကြောင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်သည်။

ဒါပေမယ့်လည်း ဆိုးလ်ရှားဟာ မန်ချက်စတာယူနိုက်တက် နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဘယ်အသင်းကိုမှ ကိုင်တွယ်ခဲ့ခြင်း မရှိဘဲ လက်ရှိအချိန်ထိ အသင်း လက်မဲ့ အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က အသင်းရဲ့ လက်ရှိ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို ရာထူး ကနေ ထုတ်ပယ်ပြီး အပြောင်းအလဲ ပြုလုပ်လုပ်ဖွယ် ရှိကြောင်း သတင်းတွေ ထွက်လာခဲ့တဲ့ အတွက် ဆိုးလ်ရှားရဲ့ သဘောထားကို မေးမြန်းခဲ့ရာမှာ ယူနိုက်တက် ကသာ အလိုရှိရင် အမြဲတမ်း ပြန်လာဖို့ အသင့်ရှိတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆိုးလ်ရှားက သူ့ အနေနဲ့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က လွဲလို့ အခြားအသင်းတွေကို မကိုင်တွယ်လိုကြောင်းလည်း ပြောကြားထားခဲ့ပါတယ်။

လက်ရှိမှာ ယူနိုက်တက်က နည်းပြ အဲရစ်ခ် တန်ဟက်ဂ် လက်အောက်မှာ ပုံစံကောင်းတွေ ပျောက်ဆုံးနေပြီးတော့ နောက်ဆုံး နှစ်ပွဲဆက်လည်း နိုင်ပွဲတွေ ပျောက်ဆုံးနေခဲ့ပါတယ်။ ယုနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၅ ပွဲ ကစားပြီး သွင်းဂိုး ၅ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ ဒါကတော့ အမှတ်ပေးဇယား အောက်နားက အဲဗာတန်နဲ့ ဝုဗ် တို့ရဲ့ သွင်းဂိုး အရေအတွက်နဲ့ တူညီနေခဲ့သလို ယူနိုက်တက်ထက် ဂိုးပိုပြီး သွင်းယူထားနိုင်တဲ့ အသင်းတွေ ကလည် ၁၂ သင်း အထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ နည်းပြ ဖြစ်သူ အဲရစ်ခ် တန်ဟက်ဂ်က သူတို့ အသင်း လက်ရှိ ကြုံတွေ့နေတဲ့ ပြဿနာတွေက ဂိုးမသွင်းယူနိုင်တာ ဖြစ်ကြောင်း အသင်းမှာ ဂိုးသွင်းအား ကောင်းတဲ့ ကစားသမားတွေ ရှိနေပေမယ့်လည်း ဂိုးတွေ မရရှိတာက အဓိက ပြဿနာ တစ်ရပ် ဖြစ်နေကြောင်း ဖွင့်ဟ ပြောဆို သွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ မှတ်တမ်းတွေ အရ ဒီနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အပိုင် အခွင့်အရေးတွေကို အလွဲချော်ဆုံးသော အသင်း အဖြစ် ရပ်တည်နေပါတယ်။ ဒါ့အပြင် ပွဲစဉ် ၅ ပွဲ ကစားပြီးချိန်မှာ အပိုင်အခွင့်အရေး ၁၇ ကြိမ် အထိ လွဲချော်ထားခဲ့ရတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်