နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟာလန်းကို ခေါ်ဖို့ ပြောခဲ့ပေမယ့် ယူနိုက်တက်တို့ လျစ်လျူရှုခဲ့တယ်လို့ ဆိုးလ်ရှား ဖွင့်ဟ၊ အသင်းသားတွေကို ပိုကောင်းအောင် ကစားဖို့ သတိပေးလိုက်တဲ့ အာတေတာ (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ဟာလန်းကို ခေါ်ဖို့ ပြောခဲ့ပေမယ့် ယူနိုက်တက်က လျစ်လျူရှုခဲ့ကြောင်း ဆိုးလ်ရှား ဖွင့်ဟ၊ အသင်းသားတွေကို ပိုကောင်းအောင် ကစားဖို့ သတိပေးလိုက်တဲ့ အာတေတာ စတဲ့ သတင်းတွေ အပါအဝင် မေလ ၁၃ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဟာလန်းကို ခေါ်ဖို့ ပြောခဲ့ပေမယ့် ယူနိုက်တက်က လျစ်လျူရှုခဲ့ကြောင်း ဆိုးလ်ရှား ဖွင့်ဟ

“ ကျနော် ယူနိုက်တက်ကို နည်းပြ အဖြစ် တာဝန်မယူခင် ၆ လလောက် အလိုမှာ သူတို့ဆီကို ဖုန်းဆက်ပြီး ငါ့ဆီမှာ တိုက်စစ်မှူး တစ်ဦး ရှိတယ်၊ မင်းတို့ ပေါင် ၄ သန်းလောက်နဲ့ ရမယ်လို့ ပြောခဲ့တယ်၊ ဒါပေမယ့် သူတို့ နားမထောင်ခဲ့ကြဘူး”

ဆိုးလ်ရှား ပြောခဲ့တဲ့ တိုက်စစ်မှူး ကတော့ မိုလ်ဒီမှာ သူနဲ့ လက်တွဲခဲ့တဲ့ အာလင်း ဟာလန်း ပါပဲ။ ဒီအကြောင်းကို အခု ဆိုးလ်ရှားက အခုမှ ပြန်လည် ဖွင့်ဟလိုက်တာ ဖြစ်ပါတယ်။ ဟာလန်းက မိုလ်ဒီ အတွက် ပွဲ ၅၀ ကစားပေးပြီး ဂိုး ၂၀ အထိ သွင်းပေးထားကာ အရည်အသွေးမြင့် တိုက်စစ်မှူး ဖြစ်လာမယ် ဆိုတာ ကြိုသိနေခဲ့တဲ့ ဆိုးလ်ရှားက ပရီးမီးယားလိဂ် ကလပ်ဟောင်းကို အကြောင်းကြားခဲ့တာပါ။ ဒါပေမယ့် ယူနိုက်တက် ကတော့ အရေးမလုပ်ခဲ့ပါဘူး။

အဲဒီနောက်မှာ ဟာလန်းက ဆဲလ်ဘာ့ဂျ်၊ ဒေါ့မန် တို့မှာ ကစားခဲ့ပြီး လက်ရှိ မန်စီးတီးမှာ ထိပ်တန်း တိုက်စစ်မှူး ဖြစ်နေခဲ့ပါပြီ။ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့တွေကို ကိုင်တွယ်ပေးတဲ့ အဖွဲ့ရဲ့ ညံ့ဖျင်းမှုက ဟာလန်းကို လက်လွှတ်ခဲ့ရပြီး မြို့ခံ ပြိုင်ဘက် အသင်း အတွက်တော့ တစ်ရာသီကို ဂိုး ၅၀ လောက် သွင်းပေးတဲ့ တိုက်စစ်မှူး ပိုင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။


အသင်းသားတွေကို ပိုကောင်းအောင် ကစားကြဖို့ သတိပေးလိုက်တဲ့ အာတေတာ

အာဆင်နယ် နည်းပြ မီခဲလ် အာတေတာက သူ့ရဲ့ ကစားသမားတွေဟာ သူတို့ရဲ့ အကောင်းဆုံး အနေအထားမှာ မရှိသေးဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒီရာသီမှာ အာဆင်နယ်တို့ ခြေစွမ်းပြနေခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု ကိုပါ စိန်ခေါ်နိုင်တဲ့ အထိ ရောက်ခဲ့ပေမယ့် အာတေတာက သူ့ရဲ့ ကစားသမားတွေက အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ ဝေးကွာနေဆဲလို့ သတိပေးလိုက်တာပါ။

“ ကျနော် လိုချင်တဲ့ ပုံစံနဲ့ သူတို့တွေ အလှမ်းဝေးနေတုန်းပဲ၊ ကျနော်တို့ ဒီထက် ပိုပြီးတော့ ကောင်းအောင် လုပ်ရမှာတွေ ရှိနေပါသေးတယ်၊ အခုကတော့ တကယ်ကို ကွာဟလွန်းပါတယ်၊ build-up အပိုင်း၊ တစ်ဦးချင်း လူကပ် ကစားပုံ၊ တိုက်စစ် အတွက် နေရာလွတ်တွေ၊ ခံစစ်ပိုင်း၊ တည်ကန်ဘောတွေမှာ အမြင့်ဆုံး အဆင့်ကို မရောက်သေးပါဘူး”

“ ကျနော်တို့ ပွဲကို အပြည့်အဝ လွှမ်းမိုးထားနိုင်ရပါမယ်၊ တိုးတက်ဖို့ လိုအပ်နေတာတွေ ကတော့ အများကြီးပါပဲ၊ ဘာလို့လဲ ဆိုတော့ ကစားသမား တစ်ဦးချင်းစီက သူတို့ရဲ့ အကောင်းဆုံး အနေအထားကို မရောက်သေးလို့ပါ၊ ဘယ်သူမှ မရောက်သေးတာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါဟာ အာတေတာ တစ်ယောက် သူ့အသင်းကို ဘယ်လောက် အထိ တောင်းဆိုမှုတွေ များပြားနေလဲ ဆိုတာကို သိသာစေခဲ့တာလည်း ဖြစ်ပါတယ်။


မန်စီးတီးက ဥရောပ ဘုရင် ဖြစ်လာမယ် ဆိုတဲ့ ဂရေမီ ဆောင်းနက်စ်

ဘောလုံးပွဲ ဝေဖန်သုံးသပ်သူ ဂရေမီ ဆောင်းနက်စ်က ချန်ပီယံလိဂ်မှာ မန်ချက်စတာစီးတီး ဗိုလ်စွဲမယ်လို့ ယုံကြည်ကြောင်း ပြောဆိုလိုက်ပါတယ်။ အေစီမီလန်နဲ့ အင်တာမီလန်တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်ကို သူ ကြည့်ရှုခဲ့ပြီး အီတလီ ကလပ်တွေရဲ့ အရည်အသွေးက အံ့အားသင့်ဖွယ် ကောင်းအောင်ကို ဆုတ်ယုတ်နေတယ် လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

“ အီတလီမှာ ကျနော် ကစားခဲ့ဖူးပါတယ်၊ အကောင်းဆုံး ကစားသမားတွေ အများကြီးပဲ အဲဒီမှာ ရှိတယ်၊ ဒါပေမယ့် အခုတော့ အိုလီဗီယာ ဂျရူး၊ မီခီတာရန်၊ ဒီဂျက်ကို တို့လို ကစားသမားတွေက အသက်ကြီးနေပါပြီ၊ သူတို့မှာ ဘဏ္ဍာရေး ပြသနာတွေ ရှိနေပြီး ဖိအား နည်းနည်းလေးအောက်မှာ ဘောလုံးကို ကိုယ့်ဆီက လွတ်ရင် ပြီးရော ဆိုပြီး ပေးနေကြတယ်”

“ လော်တာရို မာတီနက်ဇ် တစ်ဦးတည်းပဲ ကစားဖို့ အရည်အသွေး ရှိတဲ့သူပါ၊ တကယ်လို့သာ မန်စီးတီးက ရီးရဲလ်ကို ကျော်ဖြတ်နိုင်ခဲ့မယ် ဆိုရင် ချန်ပီယံလိဂ် ဖလားကို သူတို့ ဆွတ်ခူးနိုင်တော့မှာပါ၊ ရီးရဲလ်နဲ့ ကစားရမယ့် ဒုတိယအကျော့ ကိုလည်း သူတို့တွေ ကောင်းကောင်း ကစားနိုင်မယ်လို့ ကျနော် ထင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်