နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘန်လေ နည်းပြ လုပ်မလား၊ ယူနိုက်တက် နည်းပြ အဖွဲ့ဝင် လုပ်မလား စဉ်းစားရမယ့် နစ္စတယ်ရွိုင်း | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ သူတို့ရဲ့ ကစားသမားဟောင်း ဖြစ်တဲ့ ရူ့ဒ် ဗန် နစ္စတယ်ရွိုင်းကို အသင်းရဲ့ နည်းပြ အဖွဲ့ဝင် အဖြစ် ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။ နစ္စတယ်ရွိုင်း ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ယူနိုက်တက် တို့ရဲ့ ကစားသမားဟောင်း ဖြစ်ပြီး လက်ရှိ ဘောလုံး နည်းပြ အဖြစ် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

လက်ရှိမှာ နစ္စတယ်ရွိုင်းကို သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်က နည်းပြ အဖွဲ့ဝင် အဖြစ် အလိုရှိနေသလို ဘန်လေ ကလည်း နည်းပြ အဖြစ် ခန့်အပ်ဖို့ အပြိုင် ကြိုးစားသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။ နယ်သာလန် ထိပ်သီး ကလပ် ပီအက်စ်ဗွီ အင်ဟိုဗင် အသင်းကို တစ်ရာသီ အတွင်း ဆုဖလား (၂) လုံး ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီးမှ နည်းပြ ရာထူး ကနေ နုတ်ထွက်ထားတဲ့ နစ္စတဲလ်ရွိင်းဟာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေသူပါ။

နစ္စတယ်ရွိုင်းကို ဘန်လေက လစ်လပ်သွားတဲ့ သူတို့ရဲ့ နည်းပြ ဗင်းဆင့်န် ကွန်ပန်နီ နေရာမှာ အစားထိုး ခန့်အပ်သွားဖို့ လိုလားနေပြီး ယူနိုက်တက် ကလည်း အပြိုင် ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဘန်လေဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံရှစ်ကို တန်းဆင်းသွားခဲ့ရပြီးတော့ အချိန်တိုတွင်းမှာ ပရီးမီးယားလိဂ်ကို ပြန်လည် တက်လှမ်းနိုင်ဖို့ နည်းပြကောင်း တစ်ဦး ခန့်အပ်ချင်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးဟောင်း နစ္စတဲလ်ရွိင်းက ကစားသမားဘဝ မှာလည်း ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ သွင်းဂိုးပေါင်း (၁၅၀) အထိတောင် သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းနဲ့ လည်း ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်းတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နယ်သာလန် တိုက်စစ်မှူးကြီးက ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆု ကိုလည်း ပိုင်ဆိုင် ခဲ့ဖူးပါတယ်။

နစ္စတယ်ရွိုင်းဟာ ယူနိုက်တက် ကနေ ထွက်ခွာပြီးနောက် ရီးရဲလ်မက်ဒရစ်၊ ဟမ်းဘတ်နဲ့ မာလာဂါ အသင်းတွေဆီ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ အဲဒီနောက် ကစားသမား ဘဝ ကနေ အနားယူပြီး နည်းပြ နယ်ပယ်ထဲ စတင် ဝင်ရောက်လာကာ နယ်သာလန် လက်ထောက် နည်းပြ အဖြစ် (၂) ကြိမ်၊ ပီအက်စ်ဗွီ အင်ဟိုဗင် အသင်းရဲ့ ယူ-၁၉ အသင်းနဲ့ စီနီယာ အသင်းတွေ ကိုပါ ကိုင်တွယ်ခဲ့ပါတယ်။ ပီအက်စ်ဗွီ ကိုတော့ တစ်ရာသီ အတွင်းမှာပဲ နယ်သာလန် ရှုံးထွက်ဖလားနဲ့ ရာသီအဖွင့်ဒိုင်း တို့ကို ရယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် ပီအက်စ်ဗွီနဲ့ လမ်းခွဲခဲ့ပြီး နစ္စတဲလ်ရွိင်းက လက်ရှိ မှာတော့ အသင်းလက်မဲ့ ဖြစ်ပြီး အနားယူနေပါတယ်။

သတင်းတွေ အရ ဆိုရင် နစ္စတယ်ရွိုင်းဟာ နည်းပြ လောကထဲ ပြန်လည် ဝင်ရောက်လာဖို့ စိတ်အားထက်သန်နေပြီး ဘန်လေရဲ့ နည်းပြချုပ်ရာထူးကို လက်ခံမလား။ ယူနိုက်တက်ရဲ့ နည်းပြ အဖွဲ့ဝင် ပြန်လုပ်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီသတင်းတွေ ကိုတော့ အပြောင်းအရွှေ့ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုထားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်