နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက် ကနေ ထွက်ခွာပြီးမှ ပိုကောင်းတဲ့သူ ဖြစ်လာတယ် ဆိုတဲ့ ရော်နယ်ဒို၊ ယူနိုက်တက်ကို အခုထိ အခဲမကျေနိုင်သေးတဲ့ ဘူဖွန် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ယူနိုက်တက် ကနေ ထွက်ခွာပြီးမှ ပိုကောင်းတဲ့သူ ဖြစ်လာတယ် ဆိုတဲ့ ရော်နယ်ဒို၊ ယူနိုက်တက်ကို အခုထိ အခဲမကျေနိုင်သေးတဲ့ ဘူဖွန် စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၃ ရက်နေ့ ညနေခင်းရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ယူနိုက်တက်က ထွက်ခွာပြီးမှ ပိုကောင်းတဲ့သူ ဖြစ်လာတယ် ဆိုတဲ့ ရော်နယ်ဒို

မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာခဲ့ပြီးနောက်မှာ သူက ပိုကောင်းတဲ့သူ တစ်ဦး ဖြစ်လာပြီလို့ ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောဆိုလိုက်ပါတယ်။ ပီယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အပြီးမှာ ရော်နယ်ဒိုနဲ့ ယူနိုက်တက် တို့ အကြား တင်းမာမှုတွေ ရှိခဲ့ပြီးနောက် နှစ်ဦး နှစ်ဖက် ခွာပြဲခဲ့ကြတာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘ၀ နောက်ဆုံး ကာလတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပွဲထွက် ကစားခွင့်လည်း နည်းပါးခဲ့ပါတယ်။ ရော်နယ်ဒိုက အဲရစ်ခ် တန်ဟက်ဂ် လက်အောက်မှာ ပုံမှန် နေရာရဖို့ ရုန်းကန်ခဲ့ရပြီး စပါးနဲ့ ပွဲမှာ လူစားဝင်ဖို့ ငြင်းဆန်ခဲ့သလို နည်းပြနဲ့ ဂလေဇာ မိသားစု ကိုလည်း ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲ့နောက် ပရီးမီးယားလိဂ် ကလပ်ကို စွန့်ခွာပြီး ဆော်ဒီ ကလပ် အဲလ်-နာဆာ အသင်းထံ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

“ တခါတလေမှာ ကိုယ့်ဘက်မှာ ဘယ်သူတွေ ရှိလဲ ဆိုတာကို သိနိုင်ဖို့ တချို့ အရာတွေကို ဖြတ်သန်းရပါတယ်၊ ကျနော့်မှာ ဆိုးရွားတဲ့ ကစားသမား ဘ၀ တစ်ခုကို ဖြတ်သန်းခဲ့တယ်၊ “ ဒါပေမယ့် အဲဒီ အတွက် နောင်တရဖို့ အချိန်မရှိပါဘူး၊ ဘ၀က ဆက်ပြီးတော့ ကောင်းသည် ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ ဒါက ကျနော့် တိုးတက်မှုရဲ့ တစိတ်တပိုင်းပပဲ၊ ကျနော်တို့ တောင်ထိပ်ပေါ်ကို ရောက်နေတဲ့အချိန်မှာဆိုရင် အောက်ခြေက အရာကို မမြင်ရဘူးလေ၊ အခုဆိုရင် ကျနော် ပြီးခဲ့တဲ့လ အနည်းငယ်ကလိုမျိုးကို တခါမှ မကြုံခဲဖူးတဲ့ အတွက် အရေးကြီးတဲ့ သင်ယူမှုတွေကို ပိုလုပ်ဖြစ်တယ်၊ အခု ကျနော်က ပိုကောင်းတဲ့သူ တစ်ယောက်ပါ” လို့ ပြောဆိုခဲ့ပါတယ်။


၂၀၁၉ ချန်ပီယံလိဂ် အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး ယူနိုက်တက်ကို အခဲမကျေသေးတဲ့ ဘူဖွန်

ပီအက်စ်ဂျီ အသင်းရဲ့ ဂိုးသမားဟောင်း ဂျီယန်လူဂျီ ဘူဖွန်က ၂၀၁၉ ချန်ပီယံလိဂ်တုန်းက မန်ချက်စတာယူနိုက်တက်က သူတို့ကို အံ့အားသင့်ဖွယ်ရာ အနိုင်ယူခဲ့တဲ့ ပွဲနဲ့ ပတ်သက်ပြီး အခဲမကျေနိုင်ဖြစ်နေပါတယ်။ အဲ့ဒီ ပွဲမှာတုန်းက ပီအက်စ်ဂျီဟာ အိုးထရက်ဖို့ဒ်မှာ အနိုင်ရခဲ့ပေမယ့် အိမ်ကွင်းမှာ ပြန်လည် အရေးနိမ့်ခဲ့လို့ ၁၆ သင်း အဆင့် ကနေ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲမှာ လူကာကူက ၂ ဂိုး၊ ရက်ရှ်ဖို့ဒ်ရဲ့ ပင်နယ်တီ သွင်းဂိုးတွေနဲ့ ပရီးမီးယားလိဂ် ကလပ်က ပီအက်စ်ဂျီကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။
၂၀၁၉ ချန်ပီယံလိဂ် အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး ပြန်လည် ဖွင့်ဟခဲ့တဲ့ ဘူဖွန်

အိုးထရက်ဖို့ဒ်မှာ သူတို့က ပထမအကျော့ကို အနိုင်ရခဲ့လို့ ဒုတိယအကျော့ အိမ်ကွင်းပွဲကို သက်တောင့် သက်သာ ရှိမယ်လို့ ထင်ခဲ့ရပေမယ့် ပွဲပြီးခါနီး ပေးခဲ့ရတဲ့ ပင်နယ်တီဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ လူကာကူက ၂ ဂိုး၊ ရက်ရှ်ဖို့ဒ်ရဲ့ ပင်နယ်တီ သွင်းဂိုးတွေနဲ့ ပရီးမီးယားလိဂ် ကလပ်က ပီအက်စ်ဂျီကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။

ဘတ်ဖွန်က “ ၂၀၁၉ တုန်းက ယူနိုက်တက်နဲ့ တွေ့တဲ့ ပွဲလား၊ ကျနော်တို့ စိတ်ဓာတ်တွေကို ဖျက်ဆီးပစ်ခဲ့တာပေါ့၊ သူတို့က ပဲရစ်မှာ ကလေးတွေနဲ့ လာကစားသွားတာ၊ ဒက်ဟဲယား၊ လူကာကူနဲ့ ရက်ရှ်ဖို့ဒ်တို့၊ ပြီးတော့ တခြား ကစားသမားတွေ ကလည်း ငယ်ငယ်လေးတွေ၊ ကျနော့် ကစားသမား ဘ၀မှာ အကြီးမားဆုံး နောင်တရစရာတောင် ဖြစ်နိုင်တယ်၊ ကျနော် တို့က အရမ်း တောင့်တင်းတဲ့ အသင်း တစ်သင်း ဖြစ်နေချိန်ပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။


မူဒရစ်ခ်က ချဲလ်ဆီး အတွက် အဓိကကျလာလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ ယူကရိန်း နည်းပြ

ယူကရိန်း လက်ရွေးစင် အသင်းကို ယာယီ နည်းပြ အဖြစ် တာဝန်ယူထားတဲ့ ရုစလန် ရိုတန်က ချဲလ်ဆီးမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ ယူကရိန်း ကြယ်ပွင့် မီခေလို မူဒရစ်ခ်ဟာ လာမယ့် ရာသီမှာ ခြေစွမ်းပြနိုင်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ မူဒရစ်ခ် ကတော့ ယူကရိန်း ကလပ် ရှက်တာဒိုးနတ်စ် ကနေ ချဲလ်ဆီးကို ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ ချဲလ်ဆီး အတွက် လက်ရှိ အချိန်ထိ ခြေစွမ်း မပြနိုင်သေးပဲ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့အပေါ်မှာ လှောင်ပြောင်မှုတွေ ရှိနေပြီး ချဲလ်ဆီး ကတော့ ၈ နှစ်ခွဲ စာချုပ်ချုပ်ထားတဲ့ သူတို့ ကစားသမား အပေါ် ယုံကြည်မှု ပေးထားဆဲ ဖြစ်ပါတယ်။

ရိုတန်က “ မူဒရစ်ခ်က ထူးချွန်တဲ့ ပါရမီရှင် တစ်ဦး ဖြစ်ပြီး သူ့ရဲ့ အလားအလာ ကလည်း ကောင်းပါတယ်၊ လအနည်းငယ် အတွင်းမှာ သူ ပရီးမီးယားလိဂ်မှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်လာမှာပါ၊ သူက ကျနော်တို့ အသင်းရဲ့ ကျောက်ကောင်း တပွင့် ဖြစ်ပြီး သူ့ကို ကျနော်တို့ သဘောကျပါတယ်၊ အသင်းရဲ့ အဓိက ကစာသမားလည်း ဖြစ်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်