နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ထိပ်တန်း ကလပ် တစ်ခုကိုသာ ပြောင်းရွှေ့ချင်နေတဲ့ ရက်ရှ်ဖို့ဒ် | ဆော်ဒီပရိုလိဂ်

အင်္ဂလန် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကနေ ဒီဆောင်းရာသီမှာ ထွက်ခွာဖို့ များနေသူလည်း ဖြစ်ပါတယ်။ သူ့ကို စိတ်ဝင်စားနေတဲ့ ကလပ် အများအပြားလည်း ရှိနေပြီးတော့ ဒီအထဲမှာ ဆော်ဒီပရိုလိဂ် ကလပ်တွေလည်း အပါအဝင် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရက်ရှ်ဖို့ဒ်က တစ်နှစ် လုပ်ခလစာ ပေါင် ၃၅ သန်း တန်ကြေး ရှိတဲ့ ဆော်ဒီပရိုလိဂ်ရဲ့ ကမ်းလှမ်းမှု ၃ ခုကို ငြင်းဆန် ပယ်ချခဲ့ကြောင်း ဗြိတိန် သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။

အသက် ၂၇ နှစ် အရွယ် ရှိ တောင်ပံ တိုက်စစ် ကစားသမား ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီးတော့ ၂၀၁၆ ခုနှစ် ကတည်းက အသင်းမှာ စတင် ပွဲထွက် ကစားခွင့်ရခဲ့သူပါ။ ရက်ရှ်ဖို့ဒ်ဟာ အစောပိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်း နှစ်တွေ မှာတော့ တဖြည်းဖြည်း ခြေစွမ်းကျဆင်းလာပြီး အသင်း အတွက် အကျိုးသက်ရောက်မှု နည်းပါးနေသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက် ဘက်က ခြေစွမ်းပိုင်း တိုးတက်မလာတဲ့ အပြင် ကျဆင်းသွားတဲ့ ရက်ရှ်ဖို့ဒ် ကိုတော့ ဒီဆောင်းရာသီ မဟုတ်ရင် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရက်ရှ်ဖို့ဒ်က တစ်နှစ် လုပ်ခလစာ ပေါင် ၃၅ သန်း တန်ကြေး ရှိတဲ့ ဆော်ဒီပရိုလိဂ်ရဲ့ ကမ်းလှမ်းမှု ၃ ခုကို ငြင်းဆန် ပယ်ချခဲ့ကြောင်း ဗြိတိန် သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။
ဥရောပ ထိပ်တန်း ကလပ် တစ်ခုကိုသာ ပြောင်းရွှေ့လိုနေတဲ့ ရက်ရှ်ဖို့ဒ်

ရက်ရှ်ဖို့ဒ်ဟာ နည်းပြ ရူဘင် အမော်ရင် လက်ထက်မှာ လူစာရင်း ကနေပါ ချန်လှပ်ခံနေရပြီး မနေ့ညက ကစားတဲ့ လစ်ဗာပူးလ်နဲ့ ပွဲစဉ် မှာလည်း နေမကောင်း ဖြစ်နေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ လူစာရင်းမှာ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ရာသီ ကတည်းက ခြေစွမ်းမပြနိုင်တဲ့ အတွက် ပြစ်တင် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးတော့ ဒီရာသီ မှာတော့ နည်းပြသစ် ရူဘင် အမော်ရင် လက်အောက် မှာတော့ အနာဂတ်က ပိုမို ဝေဝါးလာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက် တာဝန်ရှိသူတွေရဲ့ ရက်ရှ်ဖို့ဒ်အား ရောင်းချမယ့် အစီအစဉ် ကိုလည်း နည်းပြ အမော်ရင်က မီးစိမ်းပြထားပြီး ဖြစ်ကြောင်း သိရပါတယ်။ ဒီအခြေအနေကို ဥရောပ ထိပ်တန်း ကလပ်တွေက စောင့်ကြည့်ခဲ့ပြီး ဆော်ဒီပရိုလိဂ် ကလပ်တွေ ကတော့ ကမ်းလှမ်းမှုတွေတောင် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ်တွေဟာ ရက်ရှ်ဖို့ဒ်ကို တစ်နှစ် လုပ်ခ လစာ ပေါင် ၃၅ သန်း ပေးချေမယ် ဆိုပြီး မက်လုံးပေး ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကတော့ ဥရောပ မှာသာ ကစားချင်နေတဲ့ ရက်ရှ်ဖို့ဒ်က ချက်ချင်းပဲ ငြင်းဆန်ပယ်ချသွားခဲ့တာ ဖြစ်နိုင်ပါတယ်။

သတင်းတွေအရ ဆိုရင်တော့ ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာခဲ့ရမယ် ဆိုရင်လည်း ထိပ်တန်းလိဂ် တစ်ခုမှာ ယှဉ်ပြိုင်နေတဲ့ ထိပ်သီး ကလပ် တစ်ခု ကိုသာ ပြောင်းရွှေ့ကစားလိုကြောင်း သိရပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ အစောပိုင်းမှာ ပီအက်စ်ဂျီနဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် အခု လက်ရှိမှာတော့ ပြင်သစ် ထိပ်သီး တို့က ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ကြိုးပမ်းတော့မှာ မဟုတ်ကြောင်း သိရပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားမှာ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ပါဝင် ကစားခွင့် ရရှိဖို့ ရည်မှန်းထားတာ ဖြစ်ပြီး ဒီအချက်ကြောင့်ပဲ ထိပ်သီး ကလပ် တစ်ခု ကိုသာ ပြောင်းရွှေ့ ကစားချင်နေတာ ဖြစ်ကြောင်းလည်း ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ်လျက် ရှိပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်