နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲကြိုသုံးသပ်ချက် | ခရစ္စတယ်ပဲလေ့စ် – ဘရန့်ဖို့ဒ် (ပရီးမီးယားလိဂ်)

countdown banner

ခရစ္စတယ်ပဲလေ့စ် – ဘရန့်ဖို့ဒ်

အခုတစ်ပတ် ကြားရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး ခရစ္စတယ်ပဲလေ့စ် ကတော့ အိမ်ကွင်း ဆဲလ်ဟတ်စ်ပါ့ခ်မှာ ဘရန့်ဖို့ဒ်ကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ခြေညီတဲ့ အသင်း နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရဖို့ ရှိပြီး အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့လည်း ရှိနေပါတယ်။

ခရစ္စတယ်ပဲလေ့စ်တို့ ပြီးခဲ့တဲ့ ပရီးမီယားလိဂ် ပွဲစဉ်မှာ မန်စီးတီးကို အဝေးကွင်းမှာ ခြေစွမ်းအသာနဲ့ ကစားပြီး ဦးဆောင်ဂိုးတွေလည်း သွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ရောက်မှ ၄ ဂိုး ပြန်လည် ခွင့်ပေးခဲ့ရလို့ ရမှတ် ဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။ ပွဲစဉ် (၄) အပြီးမှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲ ရှုံးထားတဲ့ ပက်ထရစ် ဗီအဲရာရဲ့ အသင်းဟာ ရမှတ် ၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၂ နေရာကို ရောက်ရှိနေပေမယ့် အဆင့် ၅ နေရာက လိဒ်စ်နဲ့ ၃ မှတ်သာ ကွာဟနေလို့ သိပ်တော့ အခြေအနေ မဆိုးသေးဘူးလို့ ပြောလို့ ရပါတယ်။ ခြေစွမ်းပိုင်းအရလည်း ပဲလေ့စ်ဟာ ပြိုင်ဘက်တိုင်း သတိထား ကစားရမယ့် အဆင့်အတန်း တစ်ခုမှာ ရှိပြီး မန်စီးတီး၊ လစ်ဗာပူးလ်နဲ့ အာဆင်နယ် တို့လို အသင်းကြီးတွေနဲ့ စောစောစီးစီး တွေ့ထားလို့သာ ရမှတ်တွေ ဆုံးရှုံးနေခဲ့တာ ဖြစ်ပါတယ်။ ပြသနာက အခုပွဲမှာ အသင်း အတွက် အဓိက အားထားရတဲ့ တောင်ပံ ကစားသမား ဇာဟာနဲ့ နောက်ခံလူ မစ်ချဲလ် တို့ လွဲချော်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဗီအဲရာ အနေနဲ့ မစ်ချယ် နေရာမှာ ဝက်ဒ် ကို သုံးပြီး တိုက်စစ်မှာတော့ အက်ဒ်ဝက်ဒ်၊ အာယူးနဲ့ အီးဇီးကို ပွဲထွက်စေဖို့ များနေပါတယ်။

ဒါကြောင့် ဘရန့်ဖို့ဒ်တို့ ပရီးမီးယားလိဂ် ပွဲစဉ် (၄) အပြီးမှာ ရမှတ် ၅ မှတ်သာ ရရှိထားပြီး အဆင့် ၁၀ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ ဘရန့်ဖို့ဒ်

ဘရန့်ဖို့ဒ်ရဲ့ ခြေစွမ်း ကတော့ တကယ်ကို ခန့်မှန်းရခက်ပါတယ်။ ခန့်မှန်းရခက်သလို ပြိုင်ဘက်တိုင်း ကစားရခက်တဲ့ အသင်း အဖြစ်လည်း သတ်မှတ်လို့ ရပါတယ်။ ပွဲစဉ် (၂) မှာ အထင်ကြီးစရာ ခြေစွမ်းနဲ့ ယူနိုက်တက်ကို ၄ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် နောက်ပွဲမှာ တန်းတက် ဖူလ်ဟမ်ကို ရှုံးနိမ့်ခဲ့သလို ပွဲစဉ် (၄) မှာလည်း ခြေပျက်နေတဲ့ အဲဗာတန်ကို နောက်ကနေ လိုက်ကစားပြီးမှ သရေ ၁ မှတ် ရထားခဲ့ပါတယ်။ ဒါကြောင့် ဘရန့်ဖို့ဒ်တို့ ပရီးမီးယားလိဂ် ပွဲစဉ် (၄) အပြီးမှာ ရမှတ် ၅ မှတ်သာ ရရှိထားပြီး အဆင့် ၁၀ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ၄ ပွဲ ကစားပြီး ၉ ဂိုး ရထားတဲ့ ပျားတွေရဲ့ တိုက်စစ် စွမ်းဆောင်ရည် မဆိုးဘူးလို့ ပြောလို့ ရပေမယ့် ခံစစ် ကတော့ တစ်ပွဲကို ၁.၅ ဂိုးနှုန်းလောက် ပြန်ပေးထားရလို့ စိတ်မချရတဲ့ အခြေအနေ ဖြစ်ပါတယ်။ အခုပွဲ ကိုတော့ ကေးနော့စ်၊ ဂျန်ဆန်၊ အယားနဲ့ ပင်နော့ခ်တို့ လွဲချော်ဦးမှာ ဖြစ်လို့ သောမက်စ် ဖရန့်ခ် အနေနဲ့ ပြီးခဲ့တဲ့ ပွဲတွေမှာ သုံးခဲ့တဲ့ လူစာရင်း အတိုင်းပဲ ထပ်ပြီး ပွဲထွက်စေဦးမယ့် သဘော ရှိပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ခရစ္စတယ်ပဲလေ့စ် – ဂိုက်တာ၊ ကလိုင်း၊ အန်ဒါဆင်၊ ဂေးဟ်၊ ဝက်ဒ်၊ ဒူကိုရေး၊ အိုလစ်၊ ရှလက်ပ်၊ အီးဇီး၊ အာယူး၊ အက်ဒ်ဝက်ဒ်
ဘရန့်ဖို့ဒ် – ရာယာ၊ ဆိုရန်ဆင်၊ ဘမ်မီး၊ ဟင်နရီ၊ ဟစ်ကီ၊ ဂျနဲလ်တ်၊ နော့ဂတ်၊ ဂျန်ဆန်၊ ဒမ်းစ်ဂတ်၊ အမ်ဘူအမ်မို၊ တိုနီ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

၂၀၁၀ နောက်ပိုင်း ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၄ ကြိမ်သာ တွေ့ဆုံထားခဲ့ပြီး ပဲလေ့စ်တို့ ဘရန့်ဖို့ဒ်ကို တစ်ကြိမ် တစ်ခါမှ အသာမရခဲ့ဖူးပါဘူး။ ဒါ့အပြင် ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် တွေ့ဆုံမှု နှစ်ကျော့စလုံးမှာ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာ ခရစ္စတယ်ပဲလေ့စ် အနိုင် အတွက် ၂.၁၄ ဆ၊ ဘရန့်ဖို့ဒ် အနိုင် ဆိုရင် ၃.၂၀ ဆ၊ သရေ အတွက် ကတော့ ၃.၄၅ ဆ ဆိုပြီး ကြေးဖွင့်ပေးထားတာ တွေ့ရပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ လက်ရှိမှာ ခြေစွမ်း သိပ်မကွာတဲ့ နှစ်သင်း ကစားမှာ ဖြစ်လို့ ခန့်မှန်းရခက်ပါတယ်။ နှစ်သင်းလုံး ပြီးခဲ့တဲ့ ပွဲတွေမှာ တိုက်စစ် စွမ်းဆောင်ရည် ကောင်းတွေ ပြသနိုင်ခဲ့ကြလို့ အပြန်အလှန် သွင်းဂိုး တချို့တော့ မျှော်လင့်ထားလို့ ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တွေ့ဆုံမှုတွေကို ပြန်ကြည့်ပြီး ကျွန်တော် ကတော့ ၃ ဆ ခွဲရမယ့် သရေရလဒ်နဲ့ အရဲစွန့်ထားချင်ပါတယ်။


ခန့်မှန်းရလဒ်

ခရစ္စတယ်ပဲလေ့စ် ၁-၁ ဘရန့်ဖို့ဒ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်