နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲကြိုသုံးသပ်ချက် | အာဆင်နယ် – လက်စတာစီးတီး (ပရီးမီးယားလိဂ်)

countdown banner

အာဆင်နယ် – လက်စတာစီးတီး

ကစားသမားသစ်၊ ကစားကွက် အသစ်တွေနဲ့အတူ နိုင်ပွဲတွေ ဆက်ဖို့ တာဆူနေတဲ့ အာဆင်နယ် ကတော့ အခု တစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် (၂) မှာ လက်စတာစီးတီးနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ရာသီသစ်ရဲ့ အိမ်ကွင်း အဖွင့်ပွဲစဉ် ဖြစ်တာကြောင့်လည်း ဂန်းနားတို့ အန်းမရိတ်စ် ပရိသတ် ရှေ့မှောက်မှာ ပေးဂိုး မရှိ နိုင်ပွဲ ထပ်ရဖို့ မျှော်လင့်နေမှာ သေချာပါတယ်။ လက်စတာ ကလည်း ရာသီသစ်ရဲ့ ပထမဦးဆုံး အနိုင် ၃ မှတ် ယူဖို့ တတ်နိုင်သမျှ အားစိုက်လာဦးမှာ ဖြစ်လို့ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ အဖြစ် မြင်တွေရဦးမှာပါ။

နည်းပြ မီခဲလ် အာတေးတားရဲ့ ပုံဖော်မှု အောက်မှာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ် အသက်ဝင်လာတဲ့ ဂန်းနားတို့ လက်ရှိမှာ အကောင်းဆုံးပုံစံ ရနေတယ် ဆိုတာ ဘယ်သူမှ ငြင်းမယ် မထင်ပါဘူး။ တွေ့ဆုံချိန်တိုင်း ဒုက္ခပေးတတ်တဲ့ လန်ဒန် မြို့ခံ ပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ်ကို ဆဲလ်ဟတ်စ်ပါ့ခ်မှာ ၂ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့တဲ့ အာဆင်နယ် လူငယ်တွေရဲ့ ခြေစွမ်းက ပြိုင်ဘက်တိုင်း သတိထားရမယ့် အဆင့်မှာ ရှိနေပါပြီ။ High Pressing ကစားဟန်ကို ပြောင်းလဲလိုက်ချိန်မှာ အာဆင်နယ် အတွက် ဂါဘရီရယ် ဂျေဆုစ်ဟာ အဓိကကျလာခဲ့ပြီး သူ့ရဲ့ အကွက်မြင်မှု၊ မွှေနှောက် ထိုးဖောက်နိုင်မှု၊ တိကျသေချာတဲ့ အဆုံးသတ်တွေကြောင့် အာဆင်နယ်တို့ ရလဒ်တွေ ကောင်းနေခဲ့တာ ဖြစ်ပါတယ်။ ဂျေဆုစ် အနေနဲ့ ပြီးခဲ့တဲ့ ပွဲတုန်းက ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဂျေဆုစ် အနေနဲ့ အခုပွဲမှာ ဂိုးစသွင်းနိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။ ဂန်းနားတို့ အတွက် နောက်ထပ် အားရစရာ တစ်ခုက အသင်းကို ပြန်ရောက်လာတဲ့ လူငယ် ဗဟိုခံစစ်မှူး ဝီလီယမ် ဆယ်လီဘာရဲ့ အသက်နဲ့ မလိုက်အောင် ရင့်ကျက်၊ တည်ငြိမ်လွန်းတဲ့ ခြေစွမ်း ဖြစ်ပါတယ်။ ရှေ့၊ လယ်၊ နောက် ပြီးပြည့်စုံတဲ့ အစုအဖွဲ့ ပိုင်ဆိုင်ထားပြီ ဖြစ်တဲ့ မီခဲလ် အာတေးတားရဲ့ အသင်းက ဘယ်လောက် မြင့်မြင့် ပျံသန်းနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လာလီဂါ
ကာဒပ်ဇ်
ရီးယဲလ် ဆိုစီဒက်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ဘရန့်ဖို့ဒ်နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ လက်စတာတို့ ခြေတက်နေတဲ့ အာဆင်နယ်ကို အန်းမရိတ်စ်မှာ ကျိန်းသေပေါက် ခက်ခက်ခဲခဲ ရင်ဆိုင်ရဦးမှာပါ။ ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ လက်စတာရဲ့ ပထမပိုင်း ခြေစွမ်းက အားရစရာ ကောင်းခဲ့သလောက်၊ ဒုတိယပိုင်း ခြေစွမ်း ကတော့ စုတ်ပြတ် သတ်လွန်းခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ လောက် အထိ ၂ ဂိုးပြတ် ဦးဆောင်နေပြီးမှ ပြိုင်ဘက်ကို ချေပဂိုးတွေ တောက်လျောက် ပြန်ပေးခဲ့တဲ့ လက်စတာစီးတီးရဲ့ ခံစစ်က မေးခွန်းထုတ်စရာ ရှိခဲ့ပါတယ်။ လက်စတာတို့ ပွဲစဉ် ၁ က အမှားတွေကို မပြင်ဆင်နိုင်သေးရင်တော့ “မသိဘူး။ ဂိုးသွင်းမယ်”ချည်း လုပ်နေတဲ့ ဂျေဆုစ်တို့ အုပ်စုနဲ့ တွေ့ရင် ပေးမလောက် ဖြစ်သွားနိုင်ပါတယ်။

ဒီပွဲကိုတော့ အာဆင်နယ် ဘက်က တိုမီယာဆုနဲ့ စမစ်ရိုးဝ်တို့ ပါဝင်လာဖို့ မသေချာသေးပေမယ့် ကျန်ကစားသမား အားလုံး ကတော့ ပွဲထွက် ကစားဖို့ အဆင်သင့် ရှိနေတယ်လို့ သိရတယ်။ လက်စတာစီးတီး ဘက်ကတော့ ရီကာဒို ပါရဲရား၊ ဟာဗီ ဘန်းစ်နဲ့ ဘာထရန် တို့ ကျိန်းသေပေါက် လွဲချော်ဦးမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

အာဆင်နယ် – ရမ်းစ်ဒေးလ်၊ ဆယ်လီဘာ၊ ဂါဘရီရယ်၊ ဇင်ချန်ကို၊ ဝှိုက်၊ ချာကာ၊ ပါတေး၊ အိုဒီဂတ်၊ ဆာကာ၊ မာတင်နယ်လီ၊ ဂျေဆုစ်

လက်စတာစီးတီး – ဝက်ဒ်၊ အီဗန့်စ်၊ အမာတေး၊ ဖိုဖာနာ၊ ဂျက်စတင်၊ ကတ်စတန်ညီ၊ အန်ဒီဒီ၊ တေးလီမန့်စ်၊ ဒရူးဘာရီ ဟောလ်၊ မက်ဒီဆင်၊ ဗာဒီ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ဘရန့်ဖို့ဒ်နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ လက်စတာတို့ ခြေတက်နေတဲ့ အာဆင်နယ်ကို အန်းမရိတ်စ်မှာ ကျိန်းသေပေါက် ခက်ခက်ခဲခဲ ရင်ဆိုင်ရဦးမှာပါ။
ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ဘရန့်ဖို့ဒ်နဲ့ ၂ ဂိုးစီ သရေကျထားတဲ့ လက်စတာစီးတီး

ပြိုင်ပွဲစုံ အရပ်ရပ် နောက်ဆုံး တွေ့ဆုံကစားခဲ့တဲ့ ၁၇ ကြိမ်မှာ အာဆင်နယ်က ၁၀ ကြိမ် အနိုင်ရပြီး လက်စတာက ၄ ကြိမ် အနိုင်ရထားပါတယ်။ ၃ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ထားခဲ့ပြီး နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်စလုံး အနိုင်/အရှုံး အဖြေပေါ်ခဲ့ပါတယ်။ အန်းမရိတ်စ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲ မှာတော့ အာဆင်နယ်တို့ လက်စတာကို ၁ ပွဲ နိုင်၊ ၁ ပွဲ သရေကျပြီး ၁ ပွဲ ရှုံးထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာ အာဆင်နယ် နိုင်ရင် ၁.၅၂ ဆ၊ လက်စတာစီးတီး အနိုင် အတွက် ၁.၈၀ ဆနဲ့ သရေကျရင်တော့ ၃.၃၅ ဆ ဆိုပြီး ကြေးဖွင့်ပေးထားပါတယ်။ လက်ရှိ ခြေစွမ်းအရ လက်စတာ ဘက်ကနေ ရပ်တည်မယ့်သူ ရှိမယ် မထင်ပါဘူး။ အာဆင်နယ် ကိုပဲ သေချာပေါက် ရွေးချယ်ထားရမှာ ဖြစ်ပြီး ၁.၅၂ ဆ ဆိုတဲ့ ဖွင့်လှစ်မှုကြောင့် ခပ်ပြင်းပြင်း ထိုးနိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ အာဆင်နယ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ၄ ပွဲမှာ တစ်ပွဲကို အနည်းဆုံး ၃ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်နဲ့ လက်စတာတို့ နောက်ဆုံး ကစားခဲ့တဲ့ ၇ ပွဲမှာ နှစ်သင်းပေါင်း ၃ ဂိုးနဲ့ ၃ ဂိုး အထက် သွင်းခဲ့တဲ့ ပွဲ ၁ ပွဲသာ ရှိခဲ့ပါတယ်။ အဲ့တော့ ဒွိဟ ဖြစ်စရာတွေ အတွက် ခေါင်းရှုပ် မခံပဲ အရနည်းပေမယ့် အနိုင်သေချာတဲ့ 1×2 အာဆင်နယ် ကိုပဲ ရွေးချယ်ဖို့ တိုက်တွန်းချင်ပါတယ်။

ခန့်မှန်းရလဒ်

အာဆင်နယ် ၂-၀ လက်စတာစီးတီး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်