နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲကြိုသုံးသပ်ချက် | အာဆင်နယ် – အက်စတွန်ဗီလာ (ပရီးမီးယားလိဂ်)

countdown banner

အာဆင်နယ် – အက်စတွန်ဗီလာ

ပရီးမီးယားလိဂ် ပွဲစဉ် (၅) ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် အာဆင်နယ်တို့ အက်စတွန်ဗီလာကို အန်းမရိတ်စ်မှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ လက်ရှိ ရာသီ ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲ ရရှိထားတဲ့ တစ်သင်း တည်းသော အသင်း အဖြစ် ရပ်တည်နေတဲ့ အာဆင်နယ်တို့ ပုံစံကောင်း တစ်ခုနဲ့ အတူ ခြေမမှန်တဲ့ အက်စတွန်ဗီလာကို အသာရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ရာနှုန်းပြည့် နိုင်ပွဲနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အာဆင်နယ် အတွက် အရေးပါတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဖြစ်ပါတယ်။ မီခဲလ် အာတေးတားရဲ့ အသင်းဟာ ခရစ္စတယ်ပဲလေ့စ်၊ လက်စတာစီးတီးနဲ့ ဘုန်းမောက် တို့ကို ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ဖူလ်ဟမ် ကိုတော့ ခက်ခက်ခဲခဲ ကစားပြီး နောက်ကျဂိုးတွေနဲ့ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ အားရစရာ ကောင်းတဲ့ အချက်က အရင်လို ဦးဆောင်ဂိုး ပေးလိုက်ရတာနဲ့ ရှုံးပွဲဆီ ဦးတည်သွားတတ်တဲ့ အာဆင်နယ် မဟုတ်တော့ပဲ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်နဲ့ Comeback နိုင်တဲ့ အာဆင်နယ် ဖြစ်လာတာပါ။ အားနည်းချက် ကတော့ ပွဲထွက် ကစားသမားနဲ့ အရန်တွေ အကြား ခြေစွမ်း ကွာဟချက် ကြီးမားနေသေးတာ ဖြစ်ပါတယ်။ ပါတေး မပါတဲ့ ကွင်းလယ်က သိသိသာသာ လုပ်အားနှုန်း ကျသွားသလို တီယာနေး ကလည်း လျင်မြန်ပြီး ဖြတ်တင်ဘောတွေ အားကောင်းပေမယ့် ဖန်တီးမှု၊ ချိတ်ဆက် ကစားနိုင်မှု အပိုင်းတွေမှာ ဇင်ချန်ကို လောက် အားကိုးလို့ မရတာကြောင့် ပြီးခဲ့တဲ့ ပွဲမှာ ဂန်းနားတွေ ရုန်းကန်ခဲ့ရတယ်လို့ ပြောလို့ ရပါတယ်။

ဘန်ဒက် လီဂါ
ဒေါ့မွန်
‌ဟော့ဖန်ဟိမ်း
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ပိုဆိုးတာက အခု လာမယ့်ပွဲ ပါတေး နေရာမှာ ဝင်ကစားရမယ့် မိုဟာမက် အဲလ်နီနီပါ တံကောက်ကြော ဒဏ်ရာကြောင့် ထပ်ရသွားခဲ့တာကြောင့် လိုကွန်ညာ ကိုပဲ သုံးရတော့မယ့် အခြေအနေ ဖြစ်လာတာပါ။ အာတေးတား တစ်ယောက် ဖေဘီယို ဗီအဲရာကို ထုတ်သုံးမလား ဆိုတာတော့ စောင့်ကြည့်ရပါမယ်။ ဒါ့အပြင် ဇင်ချန်ကို ကလည်း ယူနိုက်တက်နဲ့ ပွဲမှ ပြန်လည် ပါဝင်လာဖို့ ရှိနေလို့ တီယာနေး ကိုပဲ ဆက်သုံးရဦးမှာ ဖြစ်ပါတယ်။ တော်ပါတယ် ဆိုပြီး ချီးကျူးကာမှ ရာသီစပြီး မကြာခင်မှာပဲ ဒဏ်ရာ ပြသနာတွေနဲ့ စတင် ရင်ဆိုင်နေတဲ့ အာဆင်နယ် အတွက် မနက်ဖြန် ကစားမယ့် ပွဲက အတိုင်းအတာ တစ်ခု အထိ သက်ရောက် ရှိလာမှာတော့ သေချာပါတယ်။

စတီဗင် ဂျရတ်ရဲ့ ဗီလာ ကတော့ တစ်ပွဲ နိုင်လိုက် တစ်ပွဲ ရှုံးလိုက် ဖြစ်နေပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၄ အပြီးမှာ ၃ မှတ်သာ ရထားသေးတာကြောင့် အဆင့် ၁၅ နေရာ အထိ ရောက်ရှိနေပါတယ်။ ဗီလာဟာ ကွင်းလယ်ပိုင်း မဆိုးပေမယ့် ၄ ပွဲ ကစားပြီး ရဂိုး ၃ ဂိုး၊ ပေးဂိုး ၇ ဂိုး ရှိထားတဲ့ ခံစစ်နဲ့ တိုက်စစ်က တော်တော်လေး အားနည်းနေလို့ ပြောလို့ ရပါတယ်။ ခံစစ်က မထင်ရင် မထင်သလို ဂိုးတွေ ခွင့်ပြုပေးနေပြီး အဓိက အားထားရတဲ့ ကော်တင်ဟို ပုံမှန် ခြေစွမ်းအောက် ရောက်နေသလို အင့်ဂ်နဲ့ ဝက်ကင်န် တို့ရဲ့ တိုက်စစ် ကလည်း ပုံမှန် ဂိုးမသွင်းနိုင်တာကြောင့် ဗီလာတို့ ရုန်းကန်နေရတယ် ဆိုရင်လည်း မမှားပါဘူး။ အခုပွဲ ကိုတော့ ဒီယေဂို ကားလို့စ် ကျိန်းသေပေါက် လွဲချော်ဦးမှာ ဖြစ်ပြီး ဖျားနာနေတဲ့ တိုင်ရုန်း မင်းဂ်စ် ကတော့ ပြန်လည် ပါဝင်လာဖွယ် ရှိနေတယ်လို့ သိရပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

စတီဗင် ဂျရတ်ရဲ့ ဗီလာ ကတော့ တစ်ပွဲ နိုင်လိုက် တစ်ပွဲ ရှုံးလိုက် ဖြစ်နေပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၄ အပြီးမှာ ၃ မှတ်သာ ရထားသေးတာကြောင့် အဆင့် ၁၅ နေရာ အထိ ရောက်ရှိနေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေတဲ့ အက်စတွန်ဗီလာ

အာဆင်နယ် – ရမ်းစ်ဒေးလ်၊ ဆယ်လီဘာ၊ ဂါဘရီရယ်၊ ဝှိုက်၊ တီယာနေး၊ ချာကာ၊ ဗီအဲရာ၊ အိုဒီဂတ်၊ ဆာကာ၊ မာတင်နယ်လီ၊ ဂျေဆုစ်
အက်စတွန်ဗီလာ – မာတီနက်ဇ်၊ မင်းဂ်စ်၊ ချမ်ဘာစ်၊ ကတ်ရှ်၊ ဒစ်ဂ်နီး၊ ကာမာရာ၊ မက်ဂင်းန်၊ ရမ်ဆေး၊ ဝက်ကင်န်၊ ဘူအန်ဒီရာ၊ ဘိုင်လီ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပြိုင်ပွဲစုံ နောက်ဆုံး တွေ့ဆုံမှု အကြိမ် ၂၀ မှာ အာဆင်နယ်က ၁၄ ကြိမ် အထိ အနိုင်ရခဲ့ပြီး အက်စတွန်ဗီလာက ၅ ကြိမ် အနိုင်ရကာ ၁ ကြိမ်သာ သရေကျထားပါတယ်။ အာဆင်နယ်တို့ ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့တဲ့ နောက်ဆုံး ၆ ကြိမ်မှာ ၅ ကြိမ် အနိုင်ရခဲ့ပြီး တစ်ပွဲကို အနည်းဆုံး ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် တွေ့ဆုံမှု ၂ ကြိမ်စလုံး မှာလည်း အာဆင်နယ်က ဗီလာကို ၃-၁၊ ၀-၁ ရလဒ်တွေနဲ့ အနိုင်ရထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာ အာဆင်နယ် နိုင်ရင် ၁.၄၃ ဆ၊ အက်စတွန်ဗီလာ အနိုင် အတွက် ၇.၀၀ ဆနဲ့ သရေကျရင်တော့ ၄.၄၀ ဆ ဆိုပြီး ကြေးဖွင့်ပေးထားပါတယ်။ ဒီနှစ်သင်း တွေ့ဆုံချိန်တိုင်းမှာ သရေ ကျတယ် ဆိုတာ ရှားပါတယ်။ အာဆင်နယ်မှာ အဓိက ကစားသမားတွေ ဒဏ်ရာရနေပေမယ့် ဗီလာ ရဲ့ လက်ရှိ ခြေစွမ်းက အာဆင်နယ်ကို ခံကစားနိုင်တဲ့ အခြေအနေမှာ မရှိပါဘူး။ ၅ ပွဲဆက် အနိုင်ရဖို့ ကြိုးစားလာမယ့် အာဆင်နယ် လူငယ်တွေ အနေနဲ့ ဗီလာကို အိမ်ကွင်းမှာ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ပဲ ထပ်ပြီး အနိုင်ရသွားဦးမယ် ထင်ပါတယ်။ ၂-၀ မဟုတ်ရင် ၂-၁ ပါပဲ။


ခန့်မှန်းရလဒ်

အာဆင်နယ် ၂-၀ အက်စတွန်ဗီလာ

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်