နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲကြိုသုံးသပ်ချက် | ဘုန်းမောက် – အာဆင်နယ် (ပရီးမီးယားလိဂ်)

countdown banner

ဘုန်းမောက် – အာဆင်နယ်

ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲဆက် အနိုင်ရထားတဲ့ အာဆင်နယ် ကတော့ ဒီတစ်ပတ် မှာတော့ တန်းတက် ဘုန်းမောက်ရဲ့ အိမ်ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းအကြား လက်ရှိ ခြေစွမ်းပိုင်းနဲ့ စုဖွဲ့မှု ကွာဟချက် ကြီးမားနေပေမယ့် အိမ်ကွင်း ခြေစွမ်းကောင်းတဲ့ ဘုန်းမောက်တို့ အာဆင်နယ်ကို ခက်ခဲစေနိုင်မလား ဆိုတာ စောင့်ကြည့်ရဖို့တော့ ရှိနေပါတယ်။

စကော့တ် ပါကားရဲ့ ဘုန်းမောက် ကတော့ ပရီးမီးယားလိဂ် အဖွင့် အိမ်ကွင်း ပွဲစဉ်မှာ အက်စတွန်ဗီလာကို ၂ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ပွဲစဉ် (၂) မှာတော့ မန်စီးတီးကို ၄ ဂိုးပြတ် အရှုံးပေးထားခဲ့ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဘုန်းမောက်တို့ အိမ်ကွင်း ခြေစွမ်း မဆိုးသလို တုန့်ပြန်နိုင်စွမ်းလည်း ကောင်းပေမယ့် High Pressingနဲ့ ကစားတတ်တဲ့ အသင်းကြီး တစ်သင်းနဲ့ တွေ့တဲ့ အခါ မှာတော့ အလဲလဲ အကွဲကွဲ ဖြစ်တတ်တယ်လို့ ပြောလို့ ရပါတယ်။ နောက်တန်း ၃ ဦးထားတဲ့ ကစားကွက်နဲ့ ပွဲထွက်တတ်ပြီး လျင်မြန်တဲ့ တောင်ပံတွေနဲ့ တန်ပြန် တိုက်စစ်ကို အကောင်းဆုံး အသုံးချတတ်တဲ့ ဘုန်းမောက်တို့ အခုပွဲမှာလည်း ဒီနည်းစနစ်နဲ့ပဲ အာဆင်နယ် ခံစစ်ကို ကျော်ဖြတ်ဖို့ ကြိုးစားလာဦးမှာ သေချာပါတယ်။ အခုလာမယ့် ပွဲကိုတော့ ရော့သ်ဝဲလ်၊ ဖက်ဒရစ်ခ်၊ ဘရွတ်ခ်တို့ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိပြီး ဆိုလန်ကီနဲ့ ဇီမူရာ တို့ကတော့ ပွဲထွက်နိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

ပရီးမီးယား လိဂ်
တော့တင်ဟမ် ဟော့စပါး
ဝူဗာဟမ်တမ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

အာဆင်နယ်တို့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ ကစားရခက်တဲ့ ပဲလေ့စ်ကို ၂ ဂိုးပြတ် အနိုင်ရခဲ့သလို ပြီးခဲ့တဲ့ အိမ်ကွင်း ပွဲစဉ် မှာလည်း လက်စတာစီးတီးကို တိုက်စစ်မှူး ဂျေဆုစ်ရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ၄-၂ ရလဒ်နဲ့ အနိုင်ယူထားခဲ့ပါတယ်။ ၆ မှတ် အပြည့်ရထားပြီး မန်စီးတီးရဲ့ အနောက် အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ မီခဲလ် အာတေးတားရဲ့ အသင်းက ဒီပွဲမှာလည်း သူတို့ရဲ့ ပုံစံကောင်း တစ်ခုကို ဆက်ထိန်းထားဖို့ ကြိုးစားလာမှာ ဖြစ်သလို ဂိုးပြတ် နိုင်ပွဲ တစ်ပွဲ ထပ်ပြီး ဖန်တီးဖို့ တာဆူနေမှာ သေချာပါတယ်။ လက်တလော အာဆင်နယ်နဲ့ ပတ်သတ်လို့ ရှေ့၊ လယ်၊ နောက် နေရာစုံမှာ အပြစ် ပြောစရာ နည်းလွန်းနေပါတယ်။ ဂိုးသမား ရမ်းစ်ဒေးလ် နည်းနည်းလေး တည်ငြိမ်ဖို့ လိုအပ်နေတာ တစ်ခု ပါပဲ။ ကျန်တာ ကတော့ ဘာဆို ဘာမှကို ပြောစရာ မရှိတာပါ။ နည်းပြ အာတေးတား လက်အောက်မှာ အကောင်းဆုံး ကြိုးစားနေကြတဲ့ ဂန်းနား လူငယ်လေးတွေ ဘယ်လို ခြေစွမ်း ခြေစတွေ ထုတ်ပြဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အာဆင်နယ်တို့ ပြီးခဲ့တဲ့ ၂ ပွဲမှာ ပုံစံကောင်း ပြသနိုင်ခဲ့တဲ့ လူစာရင်း အတိုင်းပဲ ပွဲထွက်လာဖို့ များပြီး ကစားသမားသစ် ဖေဘီယို ဗီအဲရာလည်း ဒဏ်ရာက ပြန်လည် သက်သာနေပြီ ဖြစ်တာကြောင့် အရန် လူစာရင်းမှာ ပါဝင်လာဖို့ ရှိနေပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

စကော့တ် ပါကားရဲ့ ဘုန်းမောက် ကတော့ ပရီးမီးယားလိဂ် အဖွင့် အိမ်ကွင်း ပွဲစဉ်မှာ အက်စတွန်ဗီလာကို ၂ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ပွဲစဉ် (၂) မှာတော့ မန်စီးတီးကို ၄ ဂိုးပြတ် အရှုံးပေးထားခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီးကို ၄ ဂိုးပြတ် ရှုံးနိမ့်ထားတဲ့ ဘုန်းမောက်

ဘုန်းမောက် – ထရာဗားစ်၊ ဆန်နက်ဆီ၊ ကယ်လီ၊ မီဖမ်း၊ ဘေလင်း၊ ပီယာဆန်၊ လာမာ၊ စမစ်၊ ဇီမူရာ၊ တာဗာနီယာ၊ မော

အာဆင်နယ် – ရမ်းစ်ဒေးလ်၊ ဂါဘရီရယ်၊ ဆယ်လီဘာ၊ ဝှိုက်၊ ဇင်ချန်ကို၊ ပါတေး၊ ချာကာ၊ အိုဒီဂတ်၊ ဆာကာ၊ မာတင်နယ်လီ၊ ဂျေဆုစ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

အာဆင်နယ်တို့ ဘုန်းမောက်နဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲမှာ ၁၀ ပွဲ အထိ မရှုံးအောင် ကစားထားနိုင်ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံမှု မှာတော့ ဘုန်းမောက်က ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး အာဆင်နယ်က ၃ ကြိမ် နိုင်ကာ ၁ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာ ဘုန်းမောက် အနိုင် အတွက် ၇.၀၀ ဆ၊ အာဆင်နယ် အနိုင် ဆိုရင် ၁.၄၀ ဆ၊ သရေ အတွက် ကတော့ ၄.၇၀ ဆ ဆိုပြီး ကြေးဖွင့်ပေးထားတာ တွေ့ရပါတယ်။ ဘုန်းမောက်ရဲ့ အိမ်ကွင်း ခြေစွမ်း မဆိုးဘူးဆိုပြီး အရင် ရာသီတွေနဲ့ မတူတဲ့ ခြေစွမ်း၊ စိတ်ဓာတ်နဲ့ ကစားနေတဲ့ အာဆင်နယ်ကို ငြင်းပယ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဂန်းနားတို့ မထင်မှတ်ပဲ ခက်ခက်ခဲခဲ ကစားရနိုင်ပေမယ့် အနိုင်ကတော့ သေချာပါတယ်။ ၁-၂ လောက်နဲ့ပဲ ပွဲပြီးသွားမယ် ထင်ပေမယ့် အာဆင်နယ် တိုက်စစ်က လုပ်တိုင်း ဖြစ်နေတာကြောင့် ဂိုးပေါင်းနဲ့ မစွန့်စားရဲပါဘူး။ ၁.၄၀ ဆိုတဲ့ ကြေးဖွင့်လှစ်မှု ကလည်း သိပ်ပြီး မဆိုးလှတာကြောင့် 1×2 အာဆင်နယ် ကိုပဲ ရွေးချယ်ထားချင်ပါတယ်။

ခန့်မှန်းရလဒ်

ဘုန်းမောက် ၁-၂ အာဆင်နယ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်