နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ | ပရီးမီးယားလိဂ်

အပြောင်းအရွှေ့ ကာလ ရောက်ရှိချိန်တိုင်း ငွေသုံးကြမ်းလေ့ ရှိတဲ့ ပရီးမီးယားလိဂ် ကလပ်တွေ ကတော့ လက်ရှိ နွေရာသီ အပြောင်းအရွှေ မှာလည်း အစဉ်အလာ မပျက် ငွေကြေး အမြောက်အမြား သုံးစွဲပြီး ရာသီသစ် အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် အခုတစ်ခါ မှာလည်း SBOTOP ပရိသတ်တွေ အတွက် နောက်ဆုံးရ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ သတင်း အချို့ကို ဆက်လက် ဖော်ပြပေးသွားဦးမှာ ဖြစ်ပါတယ်။


ချဲလ်ဆီး ကြယ်ပွင့်ကို ကမ်းလှမ်းလိုက်တဲ့ ဝက်စ်ဟမ်း

ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်း ကတော့ ချဲလ်ဆီး တိုက်စစ်မှူး အာမန်ဒို ဘရိုဟာကို ပေါင် သန်း ၃၀နဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ် အဲလ်ဘေးနီးယား လူငယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီက ဆောက်သမ်တန်ကို အငှားနဲ့ သွားကစားရင်း ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဘရိုဟာနဲ့ ချဲလ်ဆီးတို့ ကြားက အခြေအနေတွေကို ဥရောပ ထိပ်သီး အသင်း အများစုက စောင့်ကြည့်နေပြီး ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ဝက်စ်ဟမ်း၊ ဆောက်သမ်တန်နဲ့ နယူးကာဆယ်တို့ ကတော့ စိတ်ဝင်စားကြောင်း ပြသထားပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ ဝက်စ်ဟမ်း တစ်သင်း တည်းကပဲ ဘရိုဟာကို ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့ပြီး ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း အပြင် အပိုဆုကြေး ပေါင် ၅ သန်းနဲ့ တရားဝင် ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုရင် ချဲလ်ဆီးတို့ ဘရိုဟာကို ဆက်ထိန်းထားဖို့ ဆန္ဒရှိနေပေမယ့်လည်း ကစားသမား ကတော့ ပုံမှန် ပွဲထွက်ခွင့် အတွက် အသင်းကို စွန့်ခွာလိုနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘရော်ဂျာရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး သူ့ရဲ့ အေးဂျင့် ဖြစ်သူနဲ့ ချဲလ်ဆီး အသင်း ပိုင်ရှင် တော့ဒ်ဘိုလေတို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြတယ်လို့လည်း သိရပါတယ်။


အဓိက တောင်ပံ ကစားသမား မာရက်ဇ်ကို စာချုပ်သက်တမ်း တိုးနိုင်ခဲ့တဲ့ မန်စီးတီး

ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးတို့ အသင်းရဲ့ အဓိက တောင်ပံ ကစားသမား ရီယက်ဒ် မာရက်ဇ်ကို ၃ နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။ စာချုပ်သစ် အရ အသက် ၃၁ နှစ် အရွယ် တောင်ပံ ကစားသမား အနေနဲ့ အီတီဟတ်မှာ ၂၀၂၅ အထိ ဆက်ရှိနေတော့မှာလည်း ဖြစ်ပါတယ်။

အဓိက, ကတော့ အယ်လ်ဂျီးရီးယား လက်ရွေးစင်ဟာ လာမယ့် နွေရာသီမှာ ပရီးမီးယားလိဂ် ကလပ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မည့်သူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် နဲ့လည်း သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတာကြောင့် မန်စီးတီးတို့ လက်ဦးမှု ရယူခဲ့ရတာ ဖြစ်ပါတယ်။ မာရက်ဇ်ဟာ လာမယ့် နွေရာသီမှာ လာလီဂါ ထိပ်သီး ကလပ်ဆီ ပြောင်းရွှေ့နိုင်ဖို့ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ် ဆိုပြီး သတင်းတွေ ထွက်ခဲ့ဖူးသလို ရီးရဲယ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီ ကလည်း မာရက်ဇ်ကို အမှန်တကယ် သဘောကျနေခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
အာဆင်နယ်
လက်စတာ စီးတီး
လက်စတာ စီးတီး အာရှ ဟန်းဒီးကပ် +0.75 @ 2.11
1X2 သရေ @ 4.00
ဂိုးပေါ် 2.50 @ 1.82
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါ့အပြင် မန်ချက်စတာမြို့ခံ အသင်းဟာ လက်ရှိ အပြောင်းအရွှေ့ ကာလမှာ ရာဟင်းမ် စတာလင်ကို ချဲလ်ဆီးထံ ရောင်းချခဲ့ရပြီးနောက် နောက်ထပ် တောင်ပံကစားသမား တစ်ဦး ဖြစ်တဲ့ မာရက်ဇ်ကို ထပ်ပြီး လက်လွှတ်လိုခြင်း မရှိတာ ဖြစ်ပါတယ်။ အစောပိုင်း ကလည်း မန်စီးတီးတို့ အခြား ကွင်းလယ်လူတွေ ဖြစ်တဲ့ ဖေးလ် ဖိုဒန်နဲ့ ရိုဒရီ တို့ကိုလည်း စာချုပ်သက်တမ်း တိုးထားခဲ့ပါသေးတယ်။

ရီယက်ဒ် မာရက်ဇ်ဟာ ၂၀၁၈ ခုနှစ်က လက်စတာစီးတီး ကနေ မန်စီးတီး အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ နဲ့ ရောက်ရှိလာခဲ့ပြီး လက်ရှိ အချိန်ထိ ၂၅၄ ပွဲ ကစားကာ ၇၇ ဂိုး သွင်းယူထားခဲ့ပါတယ်။ ဆုဖလား အောင်မြင်မှု အနေနဲ့ ကတော့ မာရက်ဇ်ဟာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ၃ ကြိမ်၊ အက်ဖ်အေဖလား ချန်ပီယံ ၁ ကြိမ်၊ ခရာဘောင်ဖလား ချန်ပီယံ ၃ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ် ရရှိထားပါတယ်။


အာဆင်နယ်ကို ရောက်ဖို့ ပိုပိုပြီး နီးစပ်လာတဲ့ ဇင်ချန်ကို

ယူကရိန်း လက်ရွေးစင် ဘယ်နောက်ခံလူ အိုလက်ခ်ဆန်ဒါ ဇင်ချန်ကို အနေနဲ့ မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ဖို့ တဖြည်းဖြည်း နီးစပ်လာခဲ့ပြီလို့ သိရပါတယ်။ အကယ်၍ သတင်းတွေ အတိုင်း ဖြစ်လာရင်တော့ နောက်တန်း ဘယ်အစွန်နဲ့ ကွင်းလယ်ပိုင်း လိုအပ်ချက် ရှိနေတဲ့ ဂန်းနားတွေ အတွက်ရော မန်စီးတီးမှာ ပုံမှန် နေရာရဖို့ တိုက်ပွဲ ဝင်နေရတဲ့ ဇင်ချန်ကို အတွက်ပါ အကျိုးရှိနိုင်တဲ့ အပြောင်းအရွှေ့ ဖြစ်လာနိုင်ပါတယ်။
ဇင်ချန်ကိုဟာ ဘယ်နောက်ခံလူ အဖြစ် သာမက ဗဟိုကွင်းလယ်နဲ့ ဘယ်ခြမ်း တိုက်စစ် မှာပါ အားဖြည့် ကစားနိုင်တာကြောင့် နည်းပြ မီခယ် အာတေးတား ကိုယ်တိုင် သဘောကျနေပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ် မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်နိုင်မယ်လို့ ယူဆနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ကစားသမား ဘက်ကလည်း အသင်း ပြောင်းရွှေ့ချင်နေပြီး မန်စီးတီး ဘက်က ခွင့်ပြုပေးဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ မီခယ်အာတေးတား အနေနဲ့ ဂွာဒီယိုလာရဲ့ လက်ထောက် နည်းပြ အဖြစ် လုပ်ကိုင်ခဲ့စဉ်က ဇင်ချန်ကိုနဲ့ လက်တွဲခဲ့ဖူးပြီး ရင်းနှီးတဲ့ ဆက်ဆံရေး ရှိထားတာကြောင့် အပြောင်းအရွှေ့ လုပ်ငန်းစဉ်တွေ အဆင်ချောနေခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်တို့ အစောပိုင်းမှာ မန်စီးတီးက ဘရာဇီးလ် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဆုစ်ကို ခေါ်ယူထားခဲ့ပြီး လပိုင်း အကြာမှာပဲ မန်စီးတီး ကစားသမား တစ်ဦးကို ထပ်မံ ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ် အရွယ် ယူကရိန်း လက်ရွေးစင် အတွက် မန်စီးတီး ဘက် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း သတ်မှတ်ထားခဲ့ပြီး နောက်ဆုံးရ သတင်းတွေ မှာတော့ နှစ်ဖက် အသင်းကြား ပေါင်သန်း ၃၀ တည်းနဲ့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြလျက် ရှိပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်