နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၂၄/၇/၂၀၂၂)

အခု ဆက်လက် ပြီးတော့ SBOTOP ပရိသတ်တွေ အတွက် ဇူလိုင်လ ၂၄ ရက်နေ့ မနက်ပိုင်း ရရှိထားသမျှ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ထူးခြားတဲ့ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မန်စီးတီး အတွက် ပွဲဦးထွက်မှာပဲ ဂိုးစသွင်းတဲ့ ဟာလန်း

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီးရဲ့ တိုက်စစ်မှူးသစ် အာလင်း ဟာလန်း ကတော့ အသင်းသစ် အတွက် ပထမဆုံးဂိုးကို စတင်သွင်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းက ဘွန်ဒက်လီဂါ ကလပ် ဘေယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဟာလန်းက ပွဲချိန် ၁၂ မိနစ်မှာပဲ အဖွင့်ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။ နော်ဝေ တိုက်စစ်မှူးက သူ့အတွက် ဂိုးတစ်ဂိုး ရဖို့ အချိန်ဘယ်လောက်မှ မယူရဘူး ဆိုတာ သက်သေပြသွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲဟာ ဟာလန်း အတွက် မန်စီးတီးနဲ့ ပွဲဦးထွက် ဖြစ်ပြီး ပွဲချိန် အစောပိုင်း မှာတင်ပဲ သူ့ရဲ့ ပထမဦးဆုံး ဂိုးကို ရယူနိုင်ခဲ့တာပါ။ ဟာလန်း အနေနဲ့ အသင်းသစ်ကို ရောက်တိုင်း ပွဲဦးထွက်တိုင်းမှာ ဂိုးသွင်းနိုင်တဲ့ အလေ့အထ ကိုလည်း ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီး လာမယ့် ရာသီသစ် အတွက် မန်စီးတီး ပရိသတ်တွေကို မျှော်လင့်ချက် အပြည့်အဝေ ပေးနိုင်ခဲ့ပါတယ်။

Premier League
West Ham United
Manchester City
1X2 မန်ချက်စတာစီးတီး @ 1.33
ဂိုးပေါ် -0.50 @ 1.84
ဂိုးပေါင်း 2-3 @ 2.10
Disclaimer: Odds are correct at time of publish.

ပွဲချိန် အတွင်း ရာသီဥတု ဆိုးရွားမှုကြောင့် မိနစ် အနည်းငယ်ကြာ ရပ်တန့်ထားခဲ့ရပါသေးတယ်။ မုန်တိုင်း အရှိန်ကြောင့် မိုးရွာသွန်းခဲ့ခြင်း ဖြစ်ပြီး ပရိသတ်တွေ ကတော့ ဟာလန်း တစ်ယောက် သွင်းဂိုးနဲ့အတူ မုန်တိုင်းပါ ခေါ်လာခဲ့တာလို့ နောက်ပြောင် ပြောဆိုနေပြီး ဂိုးမုန်တိုင်း ဆိုတာ ဒီလိုမျိုး ဆိုပြီးတော့လည်း နောက်ပြောင် ကျီဆယ်မှုတွေလည်း ရှိခဲ့ပါတယ်။ ပွဲအပြီးမှာတော့ မန်ချက်စတာစီးတီးတို့ ဘေယန်မြူးနစ်ကို ဟာလန်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။


ရပ်တန့်လို့ မရဖြစ်နေတဲ့ ဂါဘရီရယ် ဂျေဆုစ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူးသစ် ဂါဘရီရယ် ဂျေဆုစ် ဟာလည်း ဂန်းနားတွေ အတွက် ခြေစွမ်းပြနေတဲ့ အရှိန်တွေကို ရပ်တန့်လို့ မရအောင် ဖြစ်နေတယ်လို့ပဲ ဆိုရပါမယ်။ ဒီကနေ့ မနက်အစောပိုင်းက လန်ဒန်မြို့ခံ ပြိုင်ဘက် ချယ်လ်ဆီးနဲ့ ကစားတဲ့ Florida Cup ခြေစမ်းပွဲမှာ ဂျေဆုစ်က အသင်း အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပြီး အာဆင်နယ် အတွက် ဂိုးတွေ ဆက်တိုက် သွင်းပေးနေတာလည်း ဖြစ်ပါတယ်။

အသက် ၂၅ နှစ် အရွယ် ဘရာဇီးလ် တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး ကနေ အာဆင်နယ်ကို ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပရိသတ်တွေ မျှော်လင့်နေတဲ့ အတိုင်း ခြေစွမ်းပြနေပြီး မိနစ်တိုင်းမှာ သူလုပ်ရမယ့် အလုပ်ကို အကောင်းဆုံး လုပ်ပြနေတာလည်း ဖြစ်ပါတယ်။ အခုပွဲမှာလည်း ကွင်းလယ် ကနေ ပေးပို့လိုက်တဲ့ ဘောလုံးကို အချိန်ကိုက် ရယူခဲ့ပြီးနောက် ရှေ့ပြေးတက်လာတဲ့ ချယ်လ်ဆီး ဂိုးသမား မန်ဒီကို အသာအယာ ကျော်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူးသစ် ဂါဘရီရယ် ဂျေဆုစ် ဟာလည်း ဂန်းနားတွေ အတွက် ခြေစွမ်းပြနေတဲ့ အရှိန်တွေကို ရပ်တန့်လို့ မရအောင် ဖြစ်နေတယ်လို့ပဲ ဆိုရပါမယ်။
မန်ချက်စတာစီးတီး ကနေ ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် ခြေစွမ်းပြနေတဲ့ ဂါဘရီရယ် ဂျေဆုစ်

ဂျေဆုစ်ဟာ လက်ရှိ အချိန်ထိ အာဆင်နယ် အတွက် ၄ ဂိုး သွင်းယူပေးထားခဲ့ပြီး အသင်း အတွက် အားကိုးရမယ့် တိုက်စစ်မှူး ဆိုတာကို ပြသနေတာလည်း ဖြစ်ပါတယ်။ ခြေစမ်းပွဲတွေမှာ တောက်လျှောက် ဂိုးတွေ သွင်းထားနိုင်တဲ့ ဂျေဆုစ်ဟာ ရာသီသစ်မှာ အာဆင်နယ်ရဲ့ အဓိက တိုက်စစ်မှူးနဲ့ ပင်တိုင် ဂိုးသွင်းရှင် ဖြစ်လာလိမ့်မယ်လို့လည်းခန့်မှန်းမှုတွေ ရှိနေပါတယ်။

ဒီပွဲ မှာတော့ အာဆင်နယ်တို့ လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးကို ဂါဘရီရယ် ဂျေဆုစ်၊ မာတင် အိုဒီဂတ်၊ ဘူကာယို ဆာကာ၊ ဆမ်ဘီ လိုကွန်ညာတို့ရဲ့ သွင်းဂိုးတွေနဲ့ ၄ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ရာသီကြို ခြေစမ်းပွဲ Florida Cup ချန်ပီယံလည်း ဖြစ်ပါတယ်။ မီခယ်အာတေးတားရဲ့ အသင်းဟာ လက်ရှိ အချိန်ထိ ရာသီကြို ခြေစမ်းပွဲ ၄ ပွဲ ကစားထားပြီး နုယင

ဘာ့ဂ်ကို ၃-၅၊ အဲဗာတန်ကို ၀-၂၊ အော်လန်ဒို စီးတီးကို ၁-၃၊ ချဲလ်ဆီးကို ၀-၄ နဲ့ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။


ပွဲပြီးခါနီး ပေးလိုက်ရတဲ့ ဂိုးကြောင့် ပြစ်တင် ဝေဖန်ခံနေရတဲ့ ဒက်ဟဲယား

မနေ့က ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ခြေစမ်းပွဲမှာ ပွဲပြီးခါနီး ပေးခဲ့ရတဲ့ ချေပဂိုး အတွက် မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒါးဗစ် ဒက်ဟဲယား တစ်ယောက် ပြစ်တင် ဝေဖန်ခံနေရပါတယ်။ တစ်ဖက် ၂ ဂိုးစီနဲ့ သရေပွဲ အဖြစ် ပြီးဆုံးခဲ့တဲ့ ဒီပွဲမှာ ယူနိုက်တက်တို့ ၂ ဂိုး အသာနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ရောက်မှ ချေပဂိုးတွေ ပေးခဲ့ရပြီး သရေကျခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် နောက်ဆုံး မိနစ်မှာ ဗီလာက ထောင့်ကန်ဘော ရရှိခဲ့ပြီး ချေပဂိုးပါ သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ထောင့်ကန်ဘောမှာ ဒက်ဟဲယား တယောက် ဆုံးဖြတ်ချက် ဝေဝါးနေခဲ့ပြီး ဘောလုံးကို ထွက်ဆွဲမှာလား၊ မဆွဲရဘူးလား ဆိုတာ မဆုံးဖြတ်နိုင် ဖြစ်ခဲ့တာပါ။ သူ့ရှေ့က ပြိုင်ဘက် ကစားသမားရဲ့ လှည့်ကွက်ထဲ ဝင်သွားခဲ့တယ်လို့ ပြောလို့ရပြီး ဘာမှလုပ်မရ ဖြစ်ခဲ့တာကြောင့် ကော်လမ် ချမ်ဘာစ်က လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

“နောက်ဆုံး မိနစ်ဂိုးကို ကြည့်လိုက်ရင် ဒါက ဒက်ဟဲယားရဲ့ အမှားကြောင့် ဆိုတာ သိသာ ထင်ရှားပါတယ်” “ဒီနောက်ပိုင်း ရက်တွေမှာ ဒက်ဟဲယားကို ထည့်သုံးတာက ဂိုးသမား မပါဘဲ ကစားနေရသလိုပဲ” လို့ ပရိသတ်တွေက ဝေဖန် ပြောဆိုနေခဲ့ကြပြီး နည်းပြ တန်ဟက်ဂ်လည်း အခုလို ပုံစံတွေကို မြင်တွေ့မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ကြပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်