နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၂၆/ ၅/၂၀၂၂)

အခုတစ်ခါ မှာတော့ မေလ ၂၆ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားတဲ့ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရာဖင်ညာကို တရားဝင် ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ ဘာစီလိုနာ

လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်း အနေနဲ့ လိဒ်စ်ယူနိုက်တက် တောင်ပံ ကစားသမား ရာဖင်ညာကို လာမယ့် ရက်ပိုင်း အတွင်းမှာ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ Sky Sport မှာတော့ ရာဖင်ညာဟာ သူနဲ့ ရင်းနှီးတဲ့ ဒေကို၊ ဇာဗီ တို့ရှိရာ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေတယ်လို့ ဖော်ပြနေပါတယ်။ ရာဖင်ညာကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလ ကတည်းက ပီအက်စ်ဂျီနဲ့ လစ်ဗာပူးလ်၊ ဝက်စ်ဟမ်း အပါအဝင် ပရီးမီးယားလိဂ် ကလပ် အသင်း အများစုက စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ် အရွယ် ဘရာဇီးလ် တောင်ပံကစားသမား ရာဖင်ညာဟာ ၂၀၂၀ ခုနှစ်မှာ ပြင်သစ် ကလပ် ရန်းစ် ကနေ လိဒ်စ်ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၆၇ ပွဲ ကစား၊ ၁၇ ဂိုး သွင်းကာ၊ ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်ထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် လိဒ်စ်ယူနိုက်တက် အသင်း တန်းမဆင်းရရေး အတွက် စွမ်းဆောင်ပေးခဲ့တဲ့ အဓိက ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

ဆာဒီယို မာနေးဟာ ပရီးမီးယားလိဂ် ထိပ်သီး အတွက် ၂၆၈ ပွဲ ကစားပြီး ဂိုး ၁၂၀ သွင်းယူပေးထားကာ မိုဟာမက် ဆာလာ ကတော့ ၂၆၃ ပွဲ ကစားပြီး ၁၅၆ ဂိုး သွင်းယူပေးထားပါတယ်။
လာမယ့် နွေရာသီမှာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဆာလာနဲ့ မာနေး

တစ်ဆက်တည်းမှာပဲ လိဒ်စ်ရဲ့ နောက်ထပ် တောင်ပံ ကစားသမား တစ်ဦး ဖြစ်တဲ့ ဂျက်ဟာရစ်ဆင်ကို နယူးကာဆယ် အသင်းက စိတ်ဝင်စားနေတယ်လို့ တယ်လီဂရပ်ဖ်က ဖော်ပြလာပါတယ်။ နယူးကာဆယ် နည်းပြ အက်ဒီဟောင်းဝ် အနေနဲ့ အပြောင်းအရွှေ့ ကာလမှာ အချိန်ဖြုန်းလိုခြင်း မရှိပဲ နာမည်ကြီး ကစားသမားတွေထက် ဖြစ်နိုင်ချေ ရှိတဲ့ ကစားသမားတွေ ကိုသာ ခေါ်ယူဖို့ ဆန္ဒရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လိဒ်စ်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ဆက်ကစားခွင့် ရခဲ့တာကြောင့် ဂျက်ဟာရစ်ဆင်ကို ခေါ်ယူဖို့ရာ ခက်ခဲနိုင်ဖွယ် ရှိနေတယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။ နယူးကာဆယ် အသင်းဟာ ဆော်ဒီ အိမ်ရှေ့စံ ဝယ်ယူပြီးချိန်ကစလို့ အသင်းကို ပြုပြင် ပြောင်းလဲမှုတွေ စတင် လုပ်ဆောင်နေပေမယ့် ငွေကြေး အလွန်အကျွံ သုံးစွဲထားခြင်းတော့ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ မှာတော့ ကီရင် ထရစ်ပီယာ၊ ဘရူနို ဂီမာရေးစ်၊ ဒန်ဘန်း၊ ခရစ္စဝုဒ် တို့ ၄ ဦးကို ခေါ်ယူထားခဲ့ပြီး အသင်း ဟာလည်း အဆင့် ၁၁ နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပါတယ်။


နောက်တစ်ရာသီ ဆက်ရှိမယ့် ဆာလာ၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပြီးမှ အနာဂတ်ကို ဆုံးဖြတ်မယ့် မာနေး

လစ်ဗာပူးလ် အသင်းရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာ အနေနဲ့ အန်ဖီးလ်မှာ နောက်ထပ် တစ်ရာသီ ဆက်ရှိနေမှာ ဖြစ်ပေမယ့် ဆာဒီယို မာနေး ကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပြီးမှ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ အသက် ၃၁ နှစ် အရွယ် တိုက်စစ်မှူး နှစ်ဦးစလုံးဟာ လာမယ့် နွေရာသီမှာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ဥရောပထိပ်သီး ကလပ် အသင်း အများစုက ချိတ်ဆက်နေချိန်မှာ အခုလိုပဲ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောကြားခဲ့ကြတာ ဖြစ်ပါတယ်။ မိုဟာမက်ဆာလာက သူ့ အနေနဲ့ အခု လက်ရှိမှာ စာချုပ်နဲ့ ပတ်သတ်လို့ မစဉ်းစားချင်သေးကြောင်း၊ အသင်းနဲ့ အတူ ချန်ပီယံလိဂ် ဖလား ရရှိဖို့ ကိုပဲ အာရုံစိုက်ထားပြီး ဂျော်ဒန် ဟန်ဒါဆန် အနေနဲ့ ဆုဖလား ကိုင်မြှောက်ထားတာကို မြင်တွေ့လိုကြောင်း၊ သေချာတာ ကတော့ နောက်ထပ် တစ်ရာသီ ဆက်ရှိနေမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ မာနေး ကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပြီးမှ ထုတ်ဖော် ပြောကြားသွားမယ်လို့ ဆိုထားပါတယ်။ ဆာဒီယို မာနေးဟာ ပရီးမီးယားလိဂ် ထိပ်သီး အတွက် ၂၆၈ ပွဲ ကစားပြီး ဂိုး ၁၂၀ သွင်းယူပေးထားကာ မိုဟာမက် ဆာလာ ကတော့ ၂၆၃ ပွဲ ကစားပြီး ၁၅၆ ဂိုး သွင်းယူပေးထားပါတယ်။

တခြား သတင်းတွေ မှာတော့ လစ်ဗာပူးလ် အသင်းဟာ ချူအာမန်နီကို ခေါ်ယူနိုင်ခြင်း မရှိခဲ့တဲ့နောက် ပီအက်စ်ဗွီ အင်ဟိုဗင် ကွင်းလယ်လူ ဆန်ဂါရီကို ပစ်မှတ်ထားနေတယ်လို့ ဖော်ပြလျက် ရှိပါတယ်။ ဒါ့အပြင် ကလော့ပ် အနေနဲ့ အဘားဒင်း ညာနောက်ခံလူ ကဲလ်ဗင် ရမ်ဆေး၊ အေဂျက်စ် တောင်ပံ တိုက်စစ်မှူး အန်တိုနီ အပြင် ချဲလ်ဆီးက မေဆန်မောင့်ကိုလည်း စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
လီဗာပူးလ်
ရီးယဲလ်မက်ဒရစ်
1X2 သရေ (Draw) @ 3.40
ဂိုးပေါ် 2.50 @ 1.75
ဂိုးပေါင်း 2-3 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အခွင့်အရေးရရင် လီဝီကို အန်ဖီးလ်ဆီ ခေါ်ယူချင်တယ်လို့ ဆိုလာတဲ့ ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်

ချဲလ်ဆီး အသင်း ကတော့ လာမယ့် အပြောင်းအရွှေ့မှာ ကစားသစ်တွေ ခေါ်ယူအားဖြည့်ဖို့ အတွက် အသင်း ပိုင်ရှင်သစ် တော့ဒ်ဘိုလီရဲ့ အပြီးသတ် ဝယ်ယူမှု လုပ်ငန်းစဉ် ပြီးဆုံးမယ့် အချိန်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ တော့ဒ်ဘိုလီ အနေနဲ့ လန်ဒန် ကလပ်ကို ပိုင်ရှင်ဟောင်း ရိုမန် အေဗရာမိုဗစ် ဆီကနေ ပေါင် ၄.၂၅ ဘီလျံနဲ့ ဝယ်ယူဖို့ သဘောတူညီမှု ရရှိထားခဲ့ပြီး မကြာမီ ရက်ပိုင်း အတွင်း မှာတော့ လွှဲပြောင်းမှုတွေ အပြီးသတ်နိုင်တော့မယ်လို့ သိရပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ပိုင်ရှင် အသစ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ တူချယ် စိတ်ကြိုက် ကစားသမား ဝယ်ယူခွင့်ပေးသွားမှာ ဖြစ်ပြီး ပေါင်သန်း ၂၀၀ သုံးစွဲခွင့် ရမယ်လို့လည်း သိရပါတယ်။ တူချယ် အနေနဲ့ ဗဟိုခံစစ်နဲ့ တောင်ပံ တိုက်စစ် ကစားသမား တစ်ဦးစီ ထပ်မံ ဖြည့်တင်းလိုနေပြီး ပစ်မှတ် ကစားသမားတွေထဲမှာတော့ ဆီဗီလာက ကွန်ဒေး၊ အေစီမီလန်က ရိုမက်ဂ်နိုလီ၊ တိုရီနို က ဘရီမာ၊ အင်တာမီလန်က အိုင်ဗန်ပါရီဆစ်၊ ဘာစီလိုနာက အူစမန်နီ ဒမ်ဘီလီ၊ လိုက်ပ်ဇစ်က ခရစ္စတိုဖာ အန်ကွန်ကူ တို့ ပါဝင်နေတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်