နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၂၅/၇/၂၀၂၂)

အခု ဆက်လက် ပြီးတော့ SBOTOP ပရိသတ်တွေ အတွက် ဇူလိုင်လ ၂၅ ရက်နေ့ အတွက် ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရော်နယ်ဒိုကို အငှားချဖို့ ကြံစည်နေတဲ့ ယူနိုက်တက်

အသင်းကနေ ထွက်ခွာချင်နေတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကို မူလ သဘောတူညီချက်တွေ အရ စာချုပ် သက်တမ်း တစ်နှစ် တိုးမြှင့်ပြီးမှ အငှားချဖို့ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က စီစဉ်နေပါတယ်။

ပေါ်တူဂီ တိုက်စစ်မှူးဟာ အိုးထရက်ဖို့ဒ်က ထွက်ခွာချင်နေတာ ဖြစ်ပြီး အသင်းဘက်က ခွင့်မပြုချင်ပေမယ့်လည်း ကစားသမားရဲ့ ဆန္ဒပြင်းပြမှုကြောင့် လိုက်လျောပေးသွားတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကို ခေါ်ယူခဲ့စဉ်က စာချုပ်သက်တမ်း ၁ နှစ် တိုးမြှင့်ဖို့ သဘောတူညီချက် အရ ယူနိုက်တက်က သက်တမ်း တိုးပြီးမှ အငှားချဖို့သာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီအတွက် ရော်နယ်ဒိုဟာ ၁ ရာသီ အငှားထွက်ကစားပြီးရင်တော့ အိုးထရက်ဖို့ဒ်ကို ပြန်လာရမှာ ဖြစ်ပြီး အခုလို စီစဉ်ထားတာနဲ့ ပတ်သတ်ပြီးလည်း ကစားသမားနဲ့ အေးဂျင့်ကို အသိပေးပြီး ဖြစ်ကြောင်း သိရပါတယ်။

ယူနိုက်တက်ရဲ့ အခုလို စီစဉ်မှုကြောင့် ရော်နယ်ဒိုနဲ့ သူ့ရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်တို့ အံ့အားသင့်ခဲ့ရတယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိ အချိန်ထိ အသင်းနဲ့ မပူးပေါင်းသေးသလို ရာသီကြို ခရီးစဉ်တွေ ကိုလည်း လွဲချော်ထားခဲ့ပါတယ်။ လက်ရှိ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးကို တရားဝင် ကမ်းလှမ်းထားတဲ့ အသင်း မရှိသေးဘဲ ယူနိုက်တက် ကလည်း အငှားနဲ့သာ ပြောင်းရွှေ့ခွင့်ပြုသွားတော့မှာလည်း ဖြစ်ပါတယ်။


ဟာဗေး ဘန်းစ် ကို ပေါင်သန်း ၅၀ ပေးပြီး ခေါ်ယူမယ့် နယူးကာဆယ်

ဆော်ဒီသူကြွယ်တွေ ပိုင်ဆိုင်ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ အချမ်းသာဆုံး အသင်းတွေ ထဲက တစ်သင်း ဖြစ်လာတဲ့ နယူးကာဆယ် အသင်းဟာ လက်စတာစီးတီး ကစားသမား ဘန်းစ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဟာဗေးဘန်းစ်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ နယူးကာဆယ်

ဆော်ဒီသူကြွယ်တွေ ပိုင်ဆိုင်ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ အချမ်းသာဆုံး အသင်းတွေ ထဲက တစ်သင်း ဖြစ်လာတဲ့ နယူးကာဆယ် အသင်းဟာ လက်စတာစီးတီး ကစားသမား ဘန်းစ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဘန်းစ် အတွက် နယူးကာဆယ် ယူနိုက်တက်က ပေါင်သန်း ၅၀ အထိ အသုံးပြုသွားဖို့ ရှိနေပြီး လက်စတာ ဘက်က ငြင်းဆန် မရနိုင်တဲ့ ပမာဏမျိုး ဖြစ်နေတယ်လို့ သိရပါတယ်။

အင်္ဂလန် တောင်ပံကစားသမားဟာ ပေါင်သန်း ၅၀ အထိ တန်ကြေး မရှိဘူးလို့ ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း နယူးကာဆယ် ကတော့ မရရအောင် ခေါ်ယူမှာ ဖြစ်တာကြောင့် အဲ့ဒီလောက် ပမာဏ အထိ ပေးချေဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အင်္ဂလန်မီဒီယာတွေ ကတော့ ဘန်းစ် ရဲ့အပြောင်းအရွှေ့ဟာ ပေါင်သန်း ၃၀ ကနေ ပေါင် ၃၅ သန်းကြားနဲ့ အလုပ် ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေပါတယ်။

ဘန်းစ်ဟာ ပရီးမီးယားလိဂ်မှာ ၁၁၂ ပွဲ ကစားပေးထားပြီး ၂၂ ဂိုး သွင်းကာ ဖန်တီးမှု အများအပြား ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ လက်စတာအနေနဲ့ ဘဏ္ဍာရေးအရ ခိုင်မာတောင့်တင်းမှု ရှိနေပေမယ့်လည်း ဘန်းစ် အတွက် ရရှိမယ့် ပြောင်းရွှေ့ကြေးက မက်မောဖွယ်ဖြစ်နေတာကြောင့် ကျိန်းသေပေါက် ရောင်းချသွားဖွယ် ရှိနေပါတယ်။


ချန်ပီယံလိဂ် ဝင်ခွင့်တောင် မရတဲ့ အာဆင်နယ်ကို ရှုံးလို့ ပေါက်ကွဲနေတဲ့ တူချယ်

လာလီဂါ
ဆယ်တာဗီဂို
အက်စ်ပန်ညို
1X2 သရေ @ 3.40
ပထမပိုင်း ဂိုးအောက် 0.75 @ 2.28
ဂိုးပေါင်း 0-1 @ 3.10
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရာသီကြို ခြေစမ်းပွဲမှာ ပရီးမီးယားလိဂ် ပြိုင်ဘက်လည်း ဖြစ်၊ လန်ဒန်မြို့ခံ ပြိုင်ဘက်လည်း ဖြစ်တဲ့ အာဆင်နယ်ကို ၄ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီး နည်းပြ တူချယ် တစ်ယောက် ဒေါသထွက်နေတာ ဖြစ်ပါတယ်။ ချဲလ်ဆီး ဟာ အာဆင်နယ်ကို အဘက်ဘက်က မယှဉ်နိုင်ပဲ ချေပဂိုး ၁ ဂိုးတောင် ပြန်မရဘဲ အရေးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ တူချယ်က အာဆင်နယ်က စိတ်ဓာတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာတွေမှာ သူတို့ထက် သာလွန်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီး ကစားသမားတွေက အသင်းကနေ ထွက်ခွာဖို့နဲ့ သူတို့ ကစားသမားဘ၀ တိုးတက်ဖို့ ကိုပဲ ဦးစားပေး တွေးတောနေပြီး အသင်း အတွက် အာရုံမစိုက်ဘူးလို့လည်း ပြစ်တင် ဝေဖန်သွားခဲ့ပါတယ်။

လာမယ့် ရာသီမှာ မန်စီးတီးနဲ့ လီဗာပူးလ်ကို ယှဉ်နိုင်မလားဆိုတဲ့ မေးခွန်းကိုလည်း တူချယ်လ်က “ ကျနော်တို့ အရှေ့ကိုရောက်နေတဲ့ အသင်းတွေကို ခဏထားပါ၊ ပြီးခဲ့တဲ့ ရာသီက ကျနော်တို့ နောက်မှာပဲ ရှိနေတဲ့ အသင်း၊ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်တောင် မရတဲ့ အသင်းက ကျနော်တို့ကို အနိုင်ယူတာကို ခံလိုက်ရတာပါ၊ အာဆင်နယ်က လက်ရှိအချိန်မှာ ကျနော်တို့ ထက်တောင် သာလွန်နေပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်