နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၂၃/၇/၂၀၂၂)

အခု ဆက်လက် ပြီးတော့ SBOTOP ပရိသတ်တွေ အတွက် ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားဦးမှာ ဖြစ်ပါတယ်။


ငွေမက်သလို ဖြစ်သွားတဲ့ လင်ဂတ်ကို မကျေမနပ် ဖြစ်နေကြတဲ့ ဝက်စ်ဟမ်း ပရိသတ်များ

ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ နော့တင်ဟမ်ဖောရက်စ်ကို တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ လင်ဂတ်ကို ငွေမက်တဲ့ ကစားသမား ဆိုပြီး ဝက်စ်ဟမ်း ပရိသတ်တွေက စွပ်စွဲနေပါတယ်။ လင်ဂတ်ဟာ လန်ဒန် ကလပ်မှာ အငှားနဲ့ ကစားခဲ့ဖူးပြီး ပရိသတ်အကြိုက် ကစားသမား ဖြစ်ခဲ့တာကြောင့် လက်ရှိ နွေရာသီ အပြောင်းအရွှေ့ မှာလည်း ဝက်စ်ဟမ်းတို့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း လင်ဂတ်ဟာ လုပ်ခ လစာ ပိုပေးခဲ့တဲ့ ဖောရက်စ် ကိုသာ ပြောင်းရွှေ့သွားခဲ့တာ ဝက်စ်ဟမ်း ပရိသတ်တွေရဲ့ အမျက်ရှခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းက လင်ဂတ် အတွက် တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်း ပေချေလိုခြင်း မရှိခဲ့ပေမယ့် ဖောရက်စ် ကတော့ လက်မတွန့်ခဲ့တာကြောင့် အင်္ဂလန် ကစားသမား အနေနဲ့ တန်းတက် အသင်းကိုသာ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ဝက်စ်ဟမ်း ပရိသတ်တွေက ဒေါသထွက်နေပြီး ဩဂုတ်လ ၁၄ ရက်နေ့မှာ ကစားရမယ့် ဖောရက်စ်နဲ့ ပွဲမှာ လင်ဂတ်ကို လှောင်ပြောင်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

ဘန်ဒက် လီဂါ
ဖရန့်ဖတ်
ဘိုင်ယန်မြူးနစ်
1X2 ဖရန့်ဖတ် @ 5.20
ဘိုင်ယန်မြူးနစ် အာရှ အကျောပေး -1.50 @ 2.14
ဂိုး‌အောက် 3.25 @ 2.11
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဝက်စ်ဟမ်း ပရိသတ်တွေရဲ့ တွစ်တာ အကောင့် တစ်ခုမှာတော့ အဆိုပါ ပွဲကစားချိန်မှာ လင်ဂတ်ကို ငွေစက္ကူ အတုတွေနဲ့ ပစ်ပေါက်ဖို့ အတွက် စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီလို လုပ်ရပ်မျိုးကို အီတလီ စီးရီးအေ ကလပ် အေစီမီလန် ပရိသတ်တွေလည်း ပြုလုပ်ခဲ့ဖူးပြီး ဂိုးသမား ဒွန်နာရမ်မာကို ငွေစက္ကူ အတုတွေနဲ့ ပစ်ပေါက် လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။


ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့လို့ နောင်တမရဘူး ဆိုတဲ့ ဗာရန်း

မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အပေါ်မှာ နောင်တရနေမှာ မဟုတ်ဘူးလို့ ပြင်သစ် နောက်ခံလူ ဗာရန်းက ပြောဆိုလိုက်ပါတယ်။

အသက် ၂၉ နှစ် အရွယ် ဗာရန်းဟာ ပြီးခဲ့တဲ့ ရာသီက ရီးရဲလ်မက်ဒရစ် ကနေ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဆီကို ပြောင်းရွှေ့ခဲ့ပြီး ပထမဆုံး ရာသီမှာပဲ စိတ်ပျက်ဖွယ်ရာ ရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရသူ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် နဲ့အတူ အောင်မြင်မှု အများအပြား ဆွတ်ခူးနိုင်ခဲ့တဲ့ ဗာရန်းက အသင်းသစ်မှာ စိတ်ပျက်စရာတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပေမယ့် နောင်တရစရာ အကြောင်းမရှိဘူးလို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ ဗာရန်းဟာ အိုးထရက်ဖို့ဒ်မှာ ပုံစံကောင်း ပြသနိုင်ဖို့လည်း အားထုတ်ခဲ့ရပြီး ဒဏ်ရာပြသနာ တချို့နဲ့ပါ ရုန်းကန်ခဲ့ရပါတယ်။

အသက် ၂၉ နှစ် အရွယ် ဗာရန်းဟာ ပြီးခဲ့တဲ့ ရာသီက ရီးရဲလ်မက်ဒရစ် ကနေ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဆီကို ပြောင်းရွှေ့ခဲ့ပြီး ပထမဆုံး ရာသီမှာပဲ စိတ်ပျက်ဖွယ်ရာ ရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရသူ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ ပွဲဦးထွက် ရာသီမှာ ပြိုင်ပွဲစုံ ၂၉ ပွဲသာ ကစားနိုင်ခဲ့တဲ့ ဗာရန်း

“ ယူနိက်တက်ကို ပြောင်းရွှေ့တာက ဘာလို့ မှားယွင်းတဲ့ ရွေးချယ်မှု ဖြစ်ရမှာလဲ၊ အတိအကျကိုမဟုတ်ပါဘူး၊ ဘောလုံးလောကမှာ ခင်ဗျားက ကိုယ့်ကိုကိုယ် စိန်ခေါ်ရမယ်၊ ပြီးတော့ တိုးတက်လာအောင် ကြိုးစားရမှာပဲ၊ နေရာတစ်ခုတည်းမှာပဲ ၁၀ နှစ် လောက် နေအပြီးမှာ ကျနော် တစ်ခြား အတွေ့အကြုံတွေနဲ့ ရှင်သန်ချင်တယ်လေ၊ ပရီးမီးယားလိဂ်က သေချာပေါက် ကောင်းမွန်တဲ့ လိဂ်ပါ၊ ယူနိုက်တက် ကလည်း ကြီးကျယ် ခမ်းနားတဲ့ ကလပ်အသင်း၊ ကျနော့် ဆုံးဖြတ်ချက် အပေါ် ဘာသံသယမှကို မရှိဘူး၊နောင်တလည်း မရဘူး” လို့ ဗာရန်းက ပြောဆိုခဲ့ပါတယ်။


အာဆင်နယ်ကို အပြီးသတ် ရောက်ရှိခဲ့ပြီဖြစ်တဲ့ ဇင်ချန်ကို

ယူကရိန်း နောက်ခံလူ အိုလက်ခ်ဆန်ဒါ ဇင်ချန်ကိုဟာ မန်စီးတီး ကနေ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ် အသင်းဆီ ပေါင် ၃၂ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီး တိုက်စစ်မှူး ဂါဘရီရယ် ဂျေဆုစ်ကို ခေါ်ယူထားပြီး ဖြစ်တဲ့ အာဆင်နယ်ဟာ နောက်ထပ် မန်စီးတီး နောက်ခံလူ တစ်ဦးကို ထပ်မံ ခေါ်ယူခဲ့တာ ဖြစ်ပြီး နည်းပြ အာတေးတား ကတော့ ဒီအပေါ်မှာ ကျေနပ်မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဇင်ချန်ကို ကိုယ်တိုင်ကလည်း သူ ငယ်ငယ်ကတည်းက အားပေးခဲ့ရတဲ့ အသင်းကို ပြောင်းရွှေ့ခွင့် ရခဲ့လို့ ဝမ်းမြောက်မိကြောင်း ဆိုခဲ့ပါတယ်။ မန်စီးတီးမှာ ပုံမှန် ကစားခွင့်ရဖို့ အခွင့်အရေး နည်းပါးနေတဲ့ ဇင်ချန်ကိုက အာဆင်နယ် မှာတော့ ပုံမှန် ပွဲထွက်ခွင့်ရဖို့ အလားအလာ များပြားနေပြီး ဘယ်အစွန် နောက်ခံလူ နေရာနဲ့ ကွင်းလယ်မှာပါ ကစားနိုင်လို့ နည်းပြ အာတေးတား အနေနဲ့ ဘယ်အပိုင်း အတွက် အသုံးချမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း ပေါင်သန်း ၁၀၀ ကျော် အထိ အသုံးပြုထားပြီ ဖြစ်ကာ ဥရောပ ထိပ်သီးလိဂ် ၅ ခု မှာ ငွေကြေး သုံးစွဲမှု အများဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။ ဖေဘီယို ဗီအဲရာ၊ ဂျေဆုစ်နဲ့ ဇင်ချန်ကို တို့က အဓိက ခေါ်ယူမှုတွေ ဖြစ်ခဲ့ပြီး လာမယ့် ရာသီ အတွက် ဂန်းနားတို့ လူစာရင်း တော်တော်လေး တောင့်တင်းသွားပြီလို့တောင် ပြောလို့ ရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်