နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၂၁/၇/၂၀၂၂)

အခု ဆက်လက် ပြီးတော့ SBOTOP ပရိသတ်တွေ အတွက် ဇူလိုင်လ ၂၂ ရက်နေ့ ညပိုင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားဦးမှာ ဖြစ်ပါတယ်။


တန်းတက် ဖောရက်စ်ကို ပြောင်းမှာ လစာ ပိုရသွားတဲ့ ဂျက်ဆီ လင်ဂတ်

အခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ကို တန်းပြန် တက်လာခဲ့တဲ့ နော့တင်ဟမ်ဖောရက်စ် ကတော့ အသင်းလက်မဲ့ ဖြစ်နေတဲ့ အင်္ဂလန် ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ကို ခေါ်ယူသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့တဲ့ လင်ဂတ်ကို ဖောရက်စ်က တစ်ပတ် လုပ်ခပေါင် ၂ သိန်း နီးပါး ပေးချေသွားမယ်လို့ သိရပြီး တစ်နှစ် စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

လင်ဂတ်ကို ခေါ်ယူနိုင်ခဲ့ အပြီးမှာ အသင်းပိုင်ရှင်ရဲ့ သားဖြစ်သူ မီလ်တီရာဒစ် ကိုယ်တိုင်က လာရောက် တွေ့ဆုံခဲ့ပြီး အပြောင်းအရွှေ့ကို ဓာတ်ပုံရိုက်ကာ ကြေညာခဲ့သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်း အားဖြင့် ဖောရက်စ်တို့ လင်ဂတ်ကို ဘယ်လောက်ထိ အလေးအနက် ထားပြီး ခေါ်ယူခဲ့သလဲ ဆိုတာ သိသာပါတယ်။ လင်ဂတ်ရဲ့ အသင်းဟောင်းလို့ ပြောလို့ ရတဲ့ ဝက်စ်ဟမ်း ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပေမယ့် ကစားသမားရဲ့ လုပ်ခလစာကို ပေးချေဖို့ တွန့်ဆုတ်နေတာကြောင့် ဖောရက်စ်တို့ အသာရသွားခဲ့တာ ဖြစ်ပါတယ်။

နော့တင်ဟမ်ဖောရက်စ်ဟာ လင်ဂတ် ယူနိုက်တက်မှာ ရရှိခဲ့တဲ့ လစာ ပမာဏထက် ပိုပြီး ပေးချေခဲ့တာလည်း ဖြစ်ပါတယ်။ တန်းတက် အသင်း တစ်သင်း အနေနဲ့ လင်ဂတ်လို ပုံမှန် ခြေစွမ်း မပြနိုင်တဲ့ ကစားသမားကို တစ်ပတ် လုပ်ခ ပေါင် ၂ သိန်းနီးပါး ပေးချေခဲ့တာကြောင့် အများစုက အံ့အားသင့်နေခဲ့ကြပြီး တချို့ ကလည်း ဝေဖန်နေကြပါတယ်။ ဒါပေမယ့်လည်း ဖောရက်စ်ဟာ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်တွေကို တူတူတန်တန် ယှဉ်ပြိုင်နိုင်ဖို့နဲ့ တန်းပြန် မဆင်းရဖို့ အတွက် ရည်ရွယ်ပြီး လင်ဂတ်ကို ယုံကြည်ခဲ့တာ ဖြစ်ပါတယ်။


ဂျင်း မဟုတ်ကြောင်း ၁၀ မိနစ်ကို ၁ ဂိုးနှုန်း သွင်းပြီး ရှင်းပြလိုက်တဲ့ နူညက်ဇ်

လစ်ဗာပူးလ် တိုက်စစ်မှူးသစ် ဒါဝင် နူညက်ဇ် ကတော့ လိုက်ဇစ်နဲ့ ခြေစမ်းပွဲမှာ တစ်ဦးတည်း ၄ ဂိုး သွင်းပြီး သူ့ အတွက် ပေးချေခဲ့ရတဲ့ တန်ကြေးနဲ့ ထိုက်တန်ကြောင်း သက်သေပြသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ အသက် ၂၃ နှစ် အရွယ် ဥရုဂွေး တိုက်စစ်မှူးကို ယူရို သန်း ၁၀၀ ပေးပြီး ဘင်ဖီကာ ကနေ ခေါ်ယူထားခဲ့ရတာ ဖြစ်ပါတယ်။

ရက်ဘူးလ်အရီနာမှာ ကစားခဲ့တဲ့ အဲ့ဒီ ခြေစမ်းပွဲမှာ လစ်ဗာပူးလ်တို့ ဘွန်ဒက်စ်လီဂါ ကလပ်ကို ပွဲချိန် တစ်လျှောက်လုံး အဘက်ဘက်က အသာနဲ့ ကစားပြီး ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ကလော့ပ်ရဲ့ အသင်းက မိုဆာလာရဲ့ သွင်းဂိုး တစ်ဂိုးသာ ရရှိခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ လူစားဝင်တဲ့ ဒါဝင်နူညက်ဇ်က တစ်ယောက်ထဲ ၄ ဂိုး အထိ သွင်းပြီး ပေါက်ကွဲပြသွားခဲ့တာ ဖြစ်ပါတယ်။

နူညက်ဇ်ဟာ ပြီးခဲ့တဲ့ပွဲတွေမှာ အံ့အားသင့်စရာ လွဲချော်မှုတွေ ရှိခဲ့လို့ ပရိသတ်တွေရဲ့ အကြီးအကျယ် ဝေဖန်ခြင်းကို ခံနေရသူလည်း ဖြစ်ပါတယ်။ တချို့ ဆိုရင် သူ့ကို ဥရုဂွေး လူကာကူ ဆိုပြီးတော့ပါ လှောင်ပြောင်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နူညက်ဇ်ဟာ လစ်ဗာပူးလ် အတွက် ကစားခွင့်ရတဲ့ ၃ ပွဲမြောက်မှာ ဂိုးပေါက် စတွေ့ခဲ့ပြီး ဘယ်သူမှ မမျှော်လင့်ထားတဲ့ ဂိုးသွင်း‌ စွမ်းရည် ကိုလည်း ပြသသွားနိုင်ခဲ့တာပါ။ မိနစ် အရ ကြည့်မယ် ဆိုရင် နူညက်ဇ် ဟာ လိုက်ပ်ဇစ် ဘက်ကို ၁၀ မိနစ် ၁ ဂိုးနှုန်း သွင်းသွားတာလည်း ဖြစ်ပါတယ်။

ပွဲအပြီး မှာတော့ ဥရုဂွေးတိုက်စစ်မှူးကို နည်းပြ ဂျာဂျင် ကလော့ပ်က ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ “ ကျနော်တို့မှာ ရှိတဲ့ တိုက်စစ်မှူးတွေနဲ့ မတူတဲ့ တိုက်စစ်မှူးပါ၊ ပြီးတော့ အရမ်းလည်း ကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်၊ သူ့အတွက် ပြီးပြည့်စုံတဲ့ ညတစ်ညပါ” လို့ ကလော့ပ်က ပွဲပြီး အင်တာဗျူးမှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
ဘရိုက်တန်
1X2 ဘရိုက်တန် @ 5.40
မန်ချက်စတာ ယူနိုက်တက် အာရှ အကျောပေး -1.00 @ 2.01
ဂိုး‌အောက် 2.25 @ 2.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လိုချင်တဲ့ အသင်း မရှိသေးလို့ လမ်းပျောက်နေဆဲ ရော်နယ်ဒို

ချန်ပီယံလိဂ် ဝင်ခွင့် ဆုံးရှုံးခဲ့တာ၊ အပြောင်းအရွှေ့ စျေးကွက် အတွင်း အသင်းရဲ့ လှုပ်ရှားမှုတွေကို အားရကျေနပ်မှု မရှိတာတွေကြောင့် မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာချင်နေတဲ့ ရော်နယ်ဒိုဟာ လက်ရှိ အချိန်ထိ အသင်းသစ် ရှာမတွေ့ဘဲ လမ်းပျောက်နေရဆဲ ဖြစ်ပါတယ်။

ရော်နယ်ဒို ကိုတော့ ဥရောပ ထိပ်တန်း ကလပ်တွေ ဖြစ်တဲ့ ဘေယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ တို့က ငြင်းဆန်ထားသလို အသင်းဟောင်း ရီးရဲယ်မက်ဒရစ် ကလည်း ပြန်ခေါ်မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ ရက်ကပဲ အတည်ပြုထားခဲ့တာ ဖြစ်ပါတယ်။

အေးဂျင့် ဖြစ်သူ ဂျော့ဂျ် မန်ဒက်စ်က အသက် ၃၇ နှစ် အရွယ် ပေါ်တူဂီ တိုက်စစ်မှူးကြီး အတွက် အသင်းသစ်တွေ ဆက်တိုက် ရှာပေးနေပေမယ့်လည်း အခုချိန်ထိတော့ တရားဝင် ကမ်းလှမ်းလာတဲ့ အသင်း မရှိသေးသလို ကစားသမားဘက်က ကမ်းလှမ်းမှုတိုင်း ကလည်း ငြင်းဆန်ခံနေရတယ် လို့လည်း သိရပါတယ်။ ရော်နယ်ဒို အတွက် စျေးကွက် မပိတ်သိမ်းခင် အသင်းသစ် ရှာတွေ့ပါ့မလား ဆိုတာက စိုးရိမ်စရာ ရှိလာခဲ့ပြီး သူအသည်းအသန် ဆန့်ကျင်နေတဲ့ ယူနိုက်တက်နဲ့ ဘယ်လို ရှေ့ဆက်မလဲ ဆိုတာ ကလည်း စိတ်ဝင်စားစရာပါပဲ။

တချို့ သတင်းတွေ မှာတော့ ဘာစီလိုနာတို့ လီဝမ်ဒေါစကီးကို မခေါ်ယူခင် ရော်နယ်ဒို ဘက်က ကမ်းလှမ်းမှုကို ရရှိခဲ့သေးတယ်လို့လည်း ဖော်ပြနေတာ တွေ့ရပါတယ်။ ကတ်တာလန် ကလပ် ကတော့ ပိုလန် တိုက်စစ်မှူး ကိုသာ ရွေးချယ်သွားခဲ့ပြီး ရော်နယ်ဒိုကို စိတ်ဝင်စားဟန်တောင် မပြခဲ့ဘူးလို့ သိရပါတယ်။ ရော်နယ်ဒိုဟာ အခုလက်ရှိ အထိ ယူနိုက်တက်နဲ့ ပူးပေါင်းခြင်း မရှိသေးဘဲ တစ်ဦးတည်းသာ လေ့ကျင့်မှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်