နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၁၆/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၁၆ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 


တစ်ယောက်ထဲ လေ့ကျင့်နေတဲ့ ရော်နယ်ဒို

မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာချင်ကြောင်း ထုတ်ဖော် ပြောဆိုထားတဲ့ ပေါ်တူဂီ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ မနေ့က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာ ကနေ တစ်ဦးတည်း လေ့ကျင့်နေတဲ့ ဓာတ်ပုံနဲ့ တကွ အလုပ် ကြိုးစားနေတယ် ဆိုတဲ့ စာနဲ့ ပို့စ် တင်သွားခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ ပို့စ်ကြောင့် ပရိသတ်တွေ အကြား ဒွိဟ ဖြစ်သွားခဲ့ပြီး တချို့ ကတော့ အသင်းမှာ ဆက်ရှိနေလိမ့်မယ်လို့ သုံးသပ်နေကြဆဲ ဖြစ်ပါတယ်။

အသက် ၃၇ နှစ် အရွယ် ပေါ်တူဂီ တိုက်စစ်မှူးဟာ ချန်ပီယံလိဂ် ကစားချင်သလို အသင်းရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေကို အားမရတာကြောင့်လည်း အသင်းပြောင်းဖို့ တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ် အဆင့် ၆ နေရာ မှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး တစ်ဆင့်နိမ့်တဲ့ ယူရိုပါလိဂ်ပဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ နှစ်စဉ် နှစ်တိုင်း မပျက်မကွက် ချန်ပီယံလိဂ် ကစားထားခဲ့တဲ့ ရော်နယ်ဒို အတွက် စိတ်ပျက်စရာ ဖြစ်နေပြီး အသင်းပြောင်းဖို့ ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ မိသားစု ကိစ္စ အကြောင်းပြပြီး လက်ရှိအချိန်ထိ ယူနိုက်တက်နဲ့ ပူးပေါင်းခြင်း မရှိသေးသလို တစ်ဖက်မှာ အေးဂျင့် ဂျော့ဂျ် မန်းဒက်စ် ကလည်း သူ့ကစားသမား အတွက် အသင်းသစ် အသည်းအသန် ရှာဖွေနေတယ်လို့ သိရပါတယ်။ နည်းပြ တန်ဟက်ဂ် ကတော့ ရော်နယ်ဒိုကို လုံးဝ ရောင်းချသွားမှာ မဟုတ်ကြောင်း ဘန်ကောက်မှာ ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ ခြေစမ်းပွဲ မတိုင်ခင် ပြောဆိုထားခဲ့ပါတယ်။ 

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ လာလီဂါ ထိပ်သီး ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို ခေါ်ယူဖို့ ကနဦး ပြောင်းရွှေ့ကြေး ယူရို (၇၅) သန်း၊ အပိုဆုကြေး ယူရို (၁၀) သန်းနဲ့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။
ဖရန်ကီ ဒီယောင်ကို မဖြစ်မနေ အသင်းပြောင်းဖို့ ပြောဆိုထားတဲ့ ဘာစီလိုနာ

ဒီယောင်ရဲ့ အပြောင်းအရွှေ့မှာ စင်ပေါ်က ဖြစ်သွားတဲ့ ယူနိုက်တက် 

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ လာလီဂါ ထိပ်သီး ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို ခေါ်ယူဖို့ ကနဦး ပြောင်းရွှေ့ကြေး ယူရို (၇၅) သန်း၊ အပိုဆုကြေး ယူရို (၁၀) သန်းနဲ့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမား ဘက်က တော့ သူ့ရဲ့ လစာ ကြွေးကျန်ကို ဘာစီလိုနာတို့ အပြီးသတ် ဖြေရှင်းပေးပြီးမှသာ ထွက်ခွာဖို့ ဆုံးဖြတ်ထားသူ ဖြစ်ပါတယ်။

လက်ရှိမှာ ဘာစီလိုနာတို့ ဖရန်ကီ ဒီယောင် ထွက်မှသာ အသစ် ခေါ်ယူထားတဲ့ ကစားသမားတွေကို တရားဝင် မှတ်ပုံတင်နိုင်မှာ ဖြစ်လို့ အသင်း တာဝန်ရှိသူတွေ ဘက်က ဒီယောင်ကို သေချာပေါက် အသင်း ပြောင်းရွှေ့ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။

အကယ်၍ ဒီယောင် အနေနဲ့ အသင်း ပြောင်းရွှေ့ဖို့ ငြင်းဆန်နေဦးမယ် ဆိုရင် ဘာစီလိုနာ ဘက်က ကစားသမားကို ရာသီကြို ခြေစမ်းပွဲ လူစာရင်းကနေပါ ချန်လှပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ယူနိုက်တက် ဘက်ကတော့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရဖို့ ဘာပြဿနာမှ မရှိသလို ဒီယောင် ဘာစီလိုနာနဲ့ လမ်းခွဲပြီ ဆိုတာနဲ့ ကျိန်းသေပေါက် ခေါ်ယူဖို့ အသင့် ရှိနေတယ်လို့ သိရပါတယ်။ 

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
ဘရိုက်တန်
1X2 သရေ (Draw) @ 3.70
ဂိုးပေါ် 2.50 @ 2.00
ဂိုးပေါင်း 0-1 @ 3.15
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လီဆန်ဒရို မာတီနက်ဇ် ကိုယ်တိုင်က ငြင်းဆန်တာ ခံလိုက်ရတဲ့ အာဆင်နယ်

သရဲနီ ကစားသမားသစ် ဖြစ်လာတော့မယ့် အေဂျက်စ် နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကို အာဆင်နယ်က ပုဂ္ဂိုလ်ရေးအရ ချဥ်းကပ်မှုတွေ ပြုလုပ်ခဲ့သေးပေမယ့် ကစားသမား ကိုယ်တိုင် ငြင်းဆန် ပယ်ချခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။ တချို့ သတင်းတွေ မှာတော့ အာဂျင်တီးနား နောက်ခံလူဟာ အရင်ကတည်းက အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက်စတာယူနိုက်တက် အသင်းထံသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ ဖော်ပြပါတယ်။

အာဆင်နယ်ဟာ လီဆန်ဒရို မာတီနက်ဇ်ကို ယူနိုက်တက်ထက် အရင် စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး ကမ်းလှမ်းမှုလည်း ၂ ကြိမ် အထိ ပြုလုပ်ခဲ့တာပါ။ ဒါပေမယ့် ၂ ကြိမ်စလုံး နယ်သာလန် ကလပ်ရဲ့ ငြင်းဆန် ပယ်ချခြင်း ခံခဲ့ရပြီး လက်ရှိ မှာတော့ ယူနိုက်တက်နဲ့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။ အေဂျက်စ်ဟာ မာတီနက်ဇ် အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀နဲ့ အထက် လိုချင်ကြောင်း တောင်းဆိုထားခဲ့ပေမယ့် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုတွေဟာ နယ်သာလန် ကလပ် ဘက်က တောင်းဆိုတဲ့ ပမာဏနဲ့ အနည်းငယ် ကွာဟမှုတွေတော့ ရှိခဲ့ပါတယ်။ ဒါကြောင့် နောက်ဆုံး မှာတော့ ဂန်းနားတို့ လက်လျှော့ခဲ့ရပြီး မာတီနက်ဇ် အနေနဲ့ ဆရာဟောင်း အဲရစ်ခ် တန်ဟက်ဂ်နဲ့ မကြာခင် ပြန်လည် ပူးပေါင်းသွားဖို့ ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်