နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၁၄/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၁၄ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အသင်းမှာ အမှားတွေ မြင်တွေ့နေရတုန်းပဲလို့ ပြောကြားသွားတဲ့ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက်တို့ Bangkok Century ဖလား ခြေစမ်းပွဲမှာ ပရီးမီးယားလိဂ် မဟာပြိုင်ဘက် လစ်ဗားပူးလ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပေမယ့် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကတော့ အသင်းရဲ့ ကစားပုံကို အပြည့်အဝ စိတ်တိုင်းမကျသေးတာ တွေ့ရပါတယ်။

ကစားသမား အပြောင်းအလဲတွေနဲ့ ကစားကွက် စမ်းသပ်မှု များစွာ မြင်တွေ့ခဲ့ရပြီး ယူနိုက်တက်တို့ နည်းပြသစ် တန်ဟက်ဂ် စတင်ကိုင်တွယ်တဲ့ ပွဲဦးထွက်မှာ လစ်ဗာပူးလ်ကို အပြတ်အသတ် အသာရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲပြီး အင်တာဗျူးမှာ နယ်သာလန် လူမျိုး နည်းပြ တန်ဟက်ဂ်က သူ့ရဲ့ အသင်းမှာ အမှားတွေ အများကြီး ရှိနေသေးတယ်လို့ ဆိုခဲ့ပြီး လာမယ့် ပွဲတွေမှာ အခုထက် ပိုကောင်းလာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

တန်ဟက်ဂ်က “ လစ်ဗာပူးလ်က ၃ သင်းစာလောက် ထုတ်သုံးသွားခဲ့တာပါ။ ဒီတော့ အခုပွဲကနေ ကျနော်တို့ အများကြီး မျှော်လင့်ထားလို့ မရပါဘူး။ ဒါပေမယ့် ကစားသမားတချို့ရဲ့ ပုံစံကောင်းတွေ မြင်ခဲ့ရပြီး တိုးတက်လာနိုင်တဲ့ အရိပ်အယောင်တွေလည်း မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ ပထမဦးဆုံး ပွဲကို ကောင်းကောင်း စနိုင်ခဲ့လို့တော့ ဝမ်းသာမိပါတယ်” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ပွဲမှာ ယူနိုက်တက် အတွက် ဂိုးတွေကို မာစီရယ်၊ ဖရက်ဒ်၊ ဆန်ချိုနဲ့ ပယ်လီစထရီ တို့က သွင်းယူပေးခဲ့ကြတာပါ။ ယူနိုက်တက်ဟာ လာမယ့် ရက်မှာ ဩစတြေးလျ အေလိဂ် ကလပ် မဲဘုန်းလ် ဗစ်ထရီနဲ့ ခြေစမ်းပွဲ ဆက်လက် ကစားဖို့ ရှိနေပါတယ်။

ပရီးမီးယား လိဂ်
ဘရိုက်တန်
ခရစ္စတယ်ပဲလေ့စ်
1X2 ဘရိုက်တန် @ 2.39
ဘရိုက်တန် အာရှ အကျောပေး -0.25 @ 2.04
ဂိုး‌အောက် 2.25 @ 1.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

သူတို့ အသင်းသာ ဂိုးသွင်းနိုင်ခဲ့ရင် ပိုပြီး ကြီးကျယ်ခမ်းနားတဲ့ ပွဲဖြစ်လိမ့်မယ်လို့ ဆိုလာတဲ့ ကလော့ပ်

မန်ချက်စတာယူနိုက်တက်ကို ခြေစမ်းပွဲမှာ အရေးနိမ့်ပြီးနောက် လစ်ဗာပူးလ် နည်းပြ ဂျာဂျင် ကလော့ပ်က ပွဲချိန်နှောင်းပိုင်းတွေမှာ ဂိုးမရခဲ့တာနဲ့ ပတ်သတ်လို့ ညည်းတွားခဲ့ပါတယ်။ လစ်ဗာပူးလ်တို့ သူတို့ရဲ့ ပရီးမီးယားလိဂ် မဟာပြိုင်ဘက် တစ်နည်းအားဖြင့် အင်္ဂလန် ဒါဘီ ပြိုင်ဘက် ယူနိုက်တက်ကို ပွဲချိန် အတွင်း ခြေစွမ်းပိုင်း အပြတ်အသတ် ရှုံးခဲ့သလို ပွဲအပြီး မှာလည်း ၄ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ကလော့ပ်က “ဒီပွဲက ကျနော်တို့ အတွက် နည်းနည်းလေးတော့ စောလွန်းပါတယ်။ ဘောလုံးမှာ တဦးချင်း အမှားတွေ ရှိတတ်ပါတယ်။ ကျနော်တို့ အမှားတွေ လုပ်ခဲ့တယ် ဆိုတာ သိသာပြီးသားပါ။ ဒါပေမယ့်လည်း ကျနော်တို့ နောက်ဆုံး ၅ မိနစ် အတွင်း ၃ ဂိုး ဒါမှမဟုတ် ၄ ဂိုးလောက် သွင်းနိုင်ခဲ့သင့်ပါတယ်။ ဒါကလည်း ကျနော်တို့ရဲ့ အမှားပါ။” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကလော့ပ်က ပွဲရလဒ်ဟာ မျှတပြီး လက်ခံရမှာ ဖြစ်သလို သူတို့ အသင်း ဂိုးသွင်းနိုင်ခဲ့သင့်ပြီး အဲ့ဒီလို လုပ်နိုင်ခဲ့မယ် ဆိုရင်တော့ အခုထက် ပိုပြီး ကြီးကျယ် ခမ်းနားတဲ့ပွဲ ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ အဲ့နောက် ပြိုင်ဘက်ကို အခွင့်အရေးတွေ၊ ဂိုးတွေ ဖန်တီးပေးခဲ့မိသလို ယူနိုက်တက်ဟာ သူတို့ကို ခက်ခဲစေနိုင်ခဲ့ကြောင်း၊ ဒါပေမယ့်လည်း သူ့ရဲ့ အသင်းမှာ ကောင်းတဲ့ အချက်တွေ အများကြီး မြင်တွေ့ခဲ့ရတယ်လို့ ကလော့ပ် က ပြောကြားသွားခဲ့ပါသေးတယ်။


ဒီယောင်ရဲ့ လစာ ကြွေးကျန် တချို့ တစ်ဝက်ကို ယူနိုက်တက်တို့ ရှင်းပေးဖို့ ဘာဆာ မျှော်လင့်နေ

ဒါ့အပြင် ဘာစီလိုနာတို့ ဒီယောင်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်လိုနေတဲ့ အပြင် ပရီးမီးယားလိဂ် ကလပ် ဘက်ကလည်း ဒီယောင်ရဲ့ လုပ်ခလစာ ကြွေးကျန် တချို့ကို ဖြေရှင်းပေးဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
နှစ်ဖက် အသင်းကြား သဘောတူညီမှု ရထားပေမယ့် ဒီယောင်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရတဲ့ မန်ယူနိုက်တက်

ဘာစီလိုနာ အသင်း အနေနဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီယောင် အတွက် ပေးချေဖို့ ကျန်ရှိနေတဲ့ လစာ ကြွေးကျန် တချို့တစ်ဝက်ကို ယူနိုက်တက် ဘက်က စိုက်ထုတ် ဖြေရှင်းပေးဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ ၂၀၂၀ ကိုဗစ်-၁၉ နောက်ဆက်တွဲ ဘဏ္ဍာရေး ပြဿနာတွေကြောင့် ကစားသမား တချို့ကို လုပ်ခလစာ အပြည့်အဝ ပေးချေနိုင်ခြင်း မရှိသေးသလို ဘီလီယံနဲ့ ချီတဲ့ ကြွေးမြီ ပြသနာတွေ ကိုလည်း ဖြေရှင်းနေရဆဲ ဖြစ်ပါတယ်။

ဘာစီလိုနာတို့ ဖရန်ကီ ဒီယောင် နူးကမ့်ပ်ကို ရောက်ရှိလာချိန်က စပြီး လုပ်ခလစာ ကြွေးကျန် ပေါင် ၁၇ သန်းနီးပါး ပေးချေဖို့ ကျန်ရှိနေပြီး ကစားသမားနဲ့ ကလပ် အသင်း ကြား ညှိနှိုင်းရ ခက်နေဆဲ အခြေအနေမှာ ရှိနေပါတယ်။ ဒီယောင် အနေနဲ့ လာမယ့် ရာသီ ဘာစီလိုနာမှာ ဆက်ရှိနေဦးမယ် ဆိုရင် လစာငွေ တိုးမြှင့်ရရှိမှာ ဖြစ်ပေမယ့် လက်ရှိအချိန်ထိတော့ ကြွေးကျန် မရသးတဲ့ အပြင် ရနေတဲ့ လစာပါ လျှော့ယူရမယ့် ကိန်းဆိုက်နေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘာစီလိုနာတို့ ဒီယောင်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်လိုနေတဲ့ အပြင် ပရီးမီးယားလိဂ် ကလပ် ဘက်ကလည်း ဒီယောင်ရဲ့ လုပ်ခလစာ ကြွေးကျန် တချို့ကို ဖြေရှင်းပေးဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် ဘက်က အဲ့ဒီလောက် အတိုင်းအတာ အထိတော့ လိုက်လျောပေးမယ့် ပုံစံမျိုး မတွေ့ရသေးပါဘူး။ ဒါ့အပြင် ယူနိုက်တက် တာဝန်ရှိသူတွေ အနေနဲ့ ဒီယောင်ရဲ့ အပြောင်းအရွှေ့ကိစ္စ ညှိနိုင်းဖို့ အတွက် လန်ဒန်မြို့ကို ရောက်ရှိနေပြီး ဒီယောင် ကိုလည်း လာမယ့် ဇူလိုင် ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဆုံးဖြတ်ချက်ချဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်