အခုတစ်ခါ မှာတော့ ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရစ်ချာလီဆင်ကို ကမ်းလှမ်းဖို့ ပြင်နေတဲ့ စပါး
The Sun သတင်းစာရဲ့ ဖော်ပြချက် အရ ဆိုရင် တော့တင်ဟမ်ဟော့စပါး အသင်းဟာ အဲဗာတန် တိုက်စစ်မှူး ရစ်ချာလီဆင်ကို ပေါင် ၅၁ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ် အရွယ် ဘရာဇီးလ် တိုက်စစ်မှူး ရစ်ချာလီဆင်ကို အစောပိုင်းမှာ ကတည်းက ပရီးမီးယားလိဂ် မြောက်လန်ဒန် ကလပ် အာဆင်နယ် အပါအဝင် ဥရောပထိပ်သီး အသင်းကြီး တော်တော်များများက ခေါ်ယူဖို့ မျက်စိကျနေတာ ဖြစ်ပါတယ်။ အဲဗာတန် ကလည်း အသင်းရဲ့ လက်တလော ဘဏ္ဏာရေး အခြေအနေကို ဖြေရှင်းနိုင်ဖို့ သင့်တော်တဲ့ တန်ကြေးရရင် ရောင်းထုတ်ချင်နေတယ်လို့ သိရပြီး ရစ်ချာလီဆင် အနေနဲ့ ဘယ်အသင်းကို ရောက်မလဲ ဆိုတဲ့ သတင်းတွေ ပိုပိုကျယ်လောင်လာခဲ့တာ ဖြစ်ပါတယ်။ ရစ်ချာလီဆင်ဟာ ပြီးခဲ့တဲ့ ရာသီက အဲဗာတန် အတွက် ၁၀ ဂိုးသွင်းကာ ၅ ဂိုး ဖန်တီးပေးခဲ့ပြီး တော်ဖီတို့ တန်းမဆင်းရရေး အတွက် အဓိက အခန်းကဏ္ဌက ပါဝင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ အသံထွက်လာပြန်တဲ့ လီဝီ
ဘေယန်မြူးနစ် ဂိုးသွင်းစက် ရောဘတ်လီဝမ်ဒေါစကီး ဟာ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်နေပေမယ့် လက်ရှိ မှာတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဆီ ရောက်ဖို့ ရေပန်းစားနေကြောင်း The Sun က ဖော်ပြလာပြန်ပါတယ်။ ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့မှုနဲ့ ပတ်သတ်ပြီး အသင်းနဲ့ အစေး မကပ်တော့တဲ့ လီဝမ်ဒေါစကီးဟာ ဘေယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁၂ လ ကျန်ရှိနေပေမယ့် ဆက်ကစားဖို့ အစီအစဉ် မရှိတော့ကြောင်း တရားဝင်ထုတ်ဖော် ပြောကြားထားသူ ဖြစ်ပါတယ်။ ဘေယန်မြူးနစ် ကတော့ လီဝမ်ဒေါစကီးကို အသက်မှာ ဆက်ထိန်းထားလိုပေမယ့် တားမရရင်တော့ ပေါင်သန်း ၄၀ လောက် ရမှ ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဘာစီလိုနာ ကလည်း ဘဏ္ဏာရေး အခြေအနေ မကောင်းတာကြောင့် လီဝမ်ဒေါစကီးရဲ့ ပြောင်းရွှေ့ကြေးကို တတ်နိုင်ဖွယ် မရှိတာကြောင့် ယူနိုက်တက်နဲ့ ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။
၄ နှစ် စာချုပ်နဲ့ အသင်းဟောင်းဆီ ပြန်ဖို့ နီးစပ်နေတဲ့ ဂျူဗင်တပ်စ်
တစ်ဆက်တည်းမှာပဲ ဇူလိုင်လကုန်မှာ အသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း တရားဝင် အတည်ပြုထားခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ အနေနဲ့ အသင်းဟောင်း ဂျူဗင်တပ်စ် အသင်းထံ ၄ နှစ် စာချုပ်နဲ့ ပြန်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဒေးလီးမေးလ်ရဲ့ ဖော်ပြချက်အရ ပေါ့ဘာဟာ တစ်နှစ် လုပ်ခ ပေါင် ၈.၅ သန်း အပြင် ဆုကြေး အဖြစ် ပေါင် ၆ သန်းခန့် ရရှိနိုင်ဖွယ် ရှိနေတယ်လို့ သိရပြီး ဂျူဗင်တပ်စ်ဟာ ပေါ့ဘာ အတွက် အေးဂျင့်ခ၊ လက်မှတ်ထိုးကြေး၊ လုပ်ခလစာနဲ့ ဆုကြေး စုစုပေါင်း ပေါင် ၆၈ သန်းခန့် အသုံးပြုရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ပေါ့ဘာ ဟာ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီး ၂၀၁၂ မှာ ဂျူဗင်တပ်စ် အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး စီးရီးအေ ချန်ပီယံ ၄ ကြိမ် ရရှိပြီးနောက် ၂၀၁၆ ခုနှစ် မှာတော့ ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ ယူနိုက်တက်ကို ပြန်လည် ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အဲ့နောက် ယူနိုက်တက်မှာ ၆ နှစ်ကြာ ကစားခဲ့ပြီး ယူရိုပါလိဂ်နဲ့ ပြည်တွင်း ဆုဖလား ၁ လုံးသာ ရခဲ့သလို အောင်မြင်ချိန်ထက် ဒဏ်ရာပြသနာတွေနဲ့ အတူ ကျရှုံးချိန် ပိုများခဲ့သူလည်း ဖြစ်ပါတယ်။
ကြိုးကြာနီတို့ အတွက် ဈေးအကြီးဆုံး ကစားသမား ဖြစ်လာတော့မယ့် နူညက်ဇ်
မကြာခင် ပေါ်တူဂီ ကလပ် ဘင်ဖီကာ ကနေ အန်ဖီးလ်ကို ရောက်ရှိလာတော့မယ့် ဥရုဂွေး တိုက်စစ်မှူး ဒါဝင် နူညက်ဇ်ဟာ လစ်ဗာပူးလ် အသင်းရဲ့ သမိုင်းတစ်လျှောက် ဈေးအကြီးဆုံး ကစားသမား ဖြစ်လာဖို့ ရှိနေပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး ယူနိုက်တက် အပါအဝင် ဥရောပ ထိပ်သီးတွေနဲ့ အပြိုင် ကြိုးပမ်းခဲ့ရတဲ့ ဒါဝင် နူညက်ဇ်ကို လစ်ဗာပူးလ်တို့ ယူရို သန်း ၁၀၀ နီးပါးနဲ့ ခေါ်ယူခဲ့ရတယ်လို့ သိရပြီး ကနဦး ပြောင်းရွှေ့ကြေး အဖြစ် ယူရို ၇၅ သန်း ပေးချေရမှာ ဖြစ်ပါတယ်။ တခြား အချက်အလက်တွေ အရ လစ်ဗာပူးလ် အနေနဲ့ ဒါဝင်နူညက်ဇ် ၁၀ ပွဲ ကစားပြီးရင် ဘင်ဖီကာကို ယူရို ၅ သန်း ချက်ချင်း ပေးရမှာ ဖြစ်ပြီး ပွဲ ၆၀ ကစားပြီးရင် နောက်ထပ် ယူရို ၁၀ သန်း၊ ကစားသမားရဲ့ ခြေစွမ်းပေါ်မူတည်ပြီး ယူရို ၁၀ သန်း စသဖြင့် ပေးချေသွားရမှာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ် အရွယ် တိုက်စစ်မှူးဟာ လစ်ဗာပူးလ်နဲ့ ၅ နှစ် သက်တမ်း ရှိတဲ့ စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင် ၁၂ သန်း ရရှိမယ်လို့လည်း သိရပါတယ်။ လက်ရှိ အချိန်ထိ လစ်ဗာပူးလ်ရဲ့ ပြောင်းရွှေ့ကြေး အများဆုံး ကစားသမား ကတော့ ခံစစ်မှူး ဗာဂရယ် ဗန်ဒိုက်ခ် ဖြစ်ပြီး ၂၀၁၇ ခုနှစ်တုန်းက ဆောက်သမ်တန် ကနေ ယူရို ၈၅ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်?
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.