နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၁၂/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၁၂ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီယောင်ရဲ့ အပြောင်းအရွှေ့ အတွက် အခြေအနေ ကောင်းလာပြန်တဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် ကတော့ နယ်သာလန် ကွင်းလယ် ဖန်တီးရှင် ဖရန်ကီ ဒီယောင် ကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာနဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဆိုပြီး သတင်းတွေ ထပ်မံ ထွက်ပေါ်လာပြန်ပါတယ်။ ယူနိုက်တက်တို့ အသက် ၂၅ နှစ် အရွယ် နယ်သာလန် လက်ရွေးစင်ကို ကနဦး ပြောင်းရွှေ့ကြေးနဲ့ အပိုဆုကြေး အပါအဝင် ယူရို ၈၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ဖော်ပြနေတာ ဖြစ်ပါတယ်။

ဘာဆာ နည်းပြ ဇာဗီ အနေနဲ့ ဖရန်ကီ ဒီယောင်ကို အသင်းမှာ ဆက်လက် ထိန်းထားလိုခဲ့သလို ကစားသမား ကိုယ်တိုင်ကလည်း နူးကမ့်ပ်မှာ ပျော်ရွှင်နေကြောင်း သတင်းတွေ တောက်လျောက် ထွက်ခဲ့ပေမယ့် လက်ရှိ အချိန် မှာတော့ ယူနိုက်တက်တို့ ဒီယောင်ကို ပုဂ္ဂိုလ်ရေးအရ ဆက်လက် ဆွေးနွေး ညှိနှိုင်းမှုတွေတောင် ပြုလုပ်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် ဘာစီလိုနာ ကလည်း ဒီယောင်ကို ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

အဓိက ကတော့ ဖရန်ကီ ဒီယောင် အနေနဲ့ ဘာစီလိုနာမှာ ဆက်နေမယ် ဆိုရင် လစာလျှော့ယူရဖို့ ရှိနေတာကြောင့် စိတ်ကူးပြောင်းသွားပုံ ရပြီး ကစားသမားရဲ့ အေးဂျင့် ဖြစ်သူ ကလည်း ဒီလို အခြေအနေကို လုံးဝ လက်မခံကြောင်း ပြောဆိုထားပါတယ်။ ဘာစီလိုနာ အသင်း အနေနဲ့ မကြာသေးခင် အချိန်ကပဲ တောင်ပံ ကစားသမား အူစမန်နီ ဒမ်ဘီလီကို ၂ နှစ် သက်တမ်းတိုးနိုင်ခဲ့ပြီး ကစားသမား ဘက်က လက်ရှိ ရနေတဲ့ လုပ်ခလစာရဲ့ ၄၀ ရာခိုင်နှုန်းအထိ လျှော့ယူခဲ့တာကြောင့် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။


ရာဖင်ညာ အစား ဂနာဘရီကို ပစ်မှတ်ထားလာတဲ့ ချဲလ်ဆီး

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် ကတော့ နယ်သာလန် ကွင်းလယ် ဖန်တီးရှင် ဖရန်ကီ ဒီယောင် ကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာနဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဆိုပြီး သတင်းတွေ ထပ်မံ ထွက်ပေါ်လာပြန်ပါတယ်။
လက်ရှိ အပြောင်းအရွှေ့ ကာလမှာ မလာဆီယာ တစ်ဦးတည်းသာ ခေါ်ယူထားနိုင်သေးတဲ့ မန်ချက်စတာယူနိုက်တက်

နောက်ထပ် ပရီးမီးယားလိဂ် ကလပ် တစ်ခု ဖြစ်တဲ့ ချဲလ်ဆီး ကတော့ လိဒ်စ်ယူနိုက်တက် တောင်ပံ ကစားသမား ရာဖင်ညာကို ခေါ်ယူရေး မျှော်လင့်ချက် မရှိတော့တာကြောင့် ဘေယန်မြူးနစ်က ဆာ့ဂျ် ဂနာဘရီကို ပြောင်းလဲ ပစ်မှတ်ထားလာခဲ့တယ်လို့ သိရပါတယ်။ ချဲလ်ဆီးတို့ ရာဖင်ညာကို ပေါင်သန်း ၆၀နဲ့ သဘောတူညီမှု ရရှိခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က ကစားသမား ကိုယ်တိုင်က ဘာစီလိုနာ အသင်း ကိုသာ ပြောင်းရွှေ့လိုနေတာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ် ထိပ်သီးတို့ ရာဖင်ညာ အစား ဘေယန်မြူးနစ်က ပေါင် ၄၅ သန်းတန် တောင်ပံ ကစားသမား ဂနာဘရီကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ ဂနာဘရီကို လက်ရှိ အပြောင်းအရွှေ့ ကာလ အစောပိုင်းမှာ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတွေက စိတ်ဝင်စားနေကြောင်း သတင်းထွက်ခဲ့ပေမယ့် နှစ်သင်းစလုံး ကတော့ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ထားခြင်း မရှိသေးပါဘူး။

ဆက်စပ် သတင်းတွေ အရ စီးရီအေ ချန်ပီယံ အေစီမီလန် အသင်း ကတော့ ချဲလ်ဆီး တောင်ပံ ကစားသမား ဟာကင်မ် ဇီယက်ချ်ကို ခေါ်ယူဖို့ အရှိန်မြင့် ကြိုးပမ်းလာတယ်လို့ သိရပါတယ်။ နည်းပြ သောမက် တူချယ် လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ ဇီယက်ချ် အနေနဲ့ အေစီမီလန်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး အီတလီ ကလာတဲ့ သတင်းတွေ မှာတော့ အသက် ၂၉ နှစ် အရွယ် မော်ရိုကိုသားဟာ အသင်း ကနေ ထွက်ခွာခွင့်ရဖို့ တောင်းဆိုမှုတွေတောင် ပြုလုပ်ထားတယ်လို့ သိရပါတယ်။


ရော်နယ်ဒိုကို အသင်းမှာ ဆက်ထိန်းထားဖို့ ယုံကြည်နေတဲ့ ယူနိုက်တက်

ဂျေလိဂ်
ကာရှီမာ အန်တလာစ်
ဗစ်ဆယ် ကိုဗီ
1X2 သရေ @ 3.35
ဂိုးအောက် 2.25 @ 2.20
ပထမပိုင်း ဂိုးပေါ် 1.00 @ 1.93
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒိုကို အသင်းမှာ ဆက်ထိန်းထားဖို့ ယုံကြည်ချက် ရှိနေတယ် ဆိုပြီး သတင်းတွေက ဖော်ပြလာပါတယ်။ အသက် ၃၇ နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ယူနိုက်တက်ရဲ့ လက်တလော အပြောင်းအရွှေ့ လုပ်ဆောင်ချက်တွေ အပေါ် အားမရသလို တစ်ဖက် မှာလည်း ချန်ပီယံလိဂ် ကစားချင်လို့ အသင်း ကနေ ထွက်ခွာခွင့်ရဖို့ တောင်းဆိုထားကြောင်း သတင်းတွေ ထွက်နေသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ယူနိုက်တက်ရဲ့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကိုယ်တိုင်က ခရစ္စတီယာနို ရော်နယ်ဒိုကို လုံးဝ ရောင်းချသွားမှာ မဟုတ်ကြောင်း အတည်ပြုထားခဲ့ပါတယ်။ လစ်ဗာပူးလ်နဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲ (Bangkok Century Cup) ယှဉ်ပြိုင်ကစားဖို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ ယူနိုက်တက် အသင်းရဲ့ လူစာရင်း မှာတော့ ရော်နယ်ဒို ပါဝင်လာခဲ့ခြင်း မရှိပေမယ့် အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ် ပြီးရင်တော့ အသင်းနဲ့ လာရောက် ပူးပေါင်းဖို့ တန်ဟက်ဂ်က မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ရာသီကြို ခြေစမ်းပွဲတွေ အဖြစ် လစ်ဗာပူးလ်၊ မဲလ်ဘုန်းစီးတီး၊ ခရစ္စတယ်ပဲလေ့စ်၊ အက်စတွန်ဗီလာ၊ အက်တလက်တီကို မက်ဒရစ်၊ ရေယို ဗလက်ကာနို အသင်းတွေနဲ့ ယှဉ်ပြိုင် ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဆက်စပ် သတင်းတွေ မှာတော့ ယူနိုက်တက်ရဲ့ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်မှာ ရော်နယ်ဒို ပါဝင်မှာ မဟုတ်ပေမယ့် ကစားသမားသစ် အဲရစ်ခ်ဆင် ကတော့ ဩစတြေးလျ ကလပ် မဲလ်ဘုန်းစီးတီးနဲ့ ပွဲမတိုင်ခင် လာရောက် ပူးပေါင်းသွားဖို့ ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်