နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၁၁/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၁၁ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

စည်းလုံး ညီညွတ်မှသာ မန်စီးတီးနဲ့ လစ်ဗာပူးလ်ကို လိုက်မှီနိုင်မယ်လို့ ဆိုလိုက်တဲ့ ချေးဝဲလ်

အင်္ဂလန် ဘယ် နောက်ခံလူ ဘန် ချေးဝဲလ် ကတော့ သူ့ အနေနဲ့ ချဲလ်ဆီးနဲ့ အတူ ဆုဖလားကြီးတွေ ရယူချင်ပေမယ့် မန်ချက်စတာစီးတီးနဲ့ လစ်ဗာပူးလ် တို့ကို လိုက်မှီနိုင်ဖို့ အတွက် ဆိုရင်တော့ ကွင်းထဲမှာ လိုက်လျောညီထွေမှု ရှိအောင် ကြိုးစားဖို့ လိုအပ်ကြောင်း Athletic နဲ့ အင်တာဗျူးမှာ ဝန်ခံပြောကြားလိုက်ပါတယ်။

လက်စတာစီးတီး ကစားသမားဟောင်း ဘန်ချေးဝဲလ်ဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဒူးအရွတ် စုတ်ပြဲခဲ့လို့ ခွဲစိတ်ကုသမှု ခံယူပြီးနောက် ဘောလုံးရာသီ တစ်ခုလုံးနီးပါး အနားယူနေခဲ့ရသူ ဖြစ်ပါတယ်။ ချေးဝဲလ် အနေနဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပြိုင်ပွဲစုံ စုစုပေါင်း ၁၃ ပွဲသာ ပွဲထွက်ကစားနိုင်ခဲ့ပြီး ချဲလ်ဆီးနဲ့ အတူ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် အပါအဝင် ပြည်တွင်း ဆုဖလား အားလုံးနဲ့ လွဲချော်ခဲ့ရပါတယ်။

လက်တလော မှာတော့ ချေးဝဲလ် ဟာ ဒဏ်ရာက ပြန်လည်သက်သာလာပြီ ဖြစ်တာကြောင့် ချဲလ်ဆီးနဲ့အတူ ကောင်းမွန်တဲ့ ရာသီသစ်တစ်ခု စတင်နိုင်ဖို့ အာရုံစိုက်နေသလို ဆုဖလား အောင်မြင်မှုတွေလည်း ရရှိဖို့ မျှော်လင့်လျက် ရှိပါတယ်။ Athletic နဲ့ အင်တာဗျူးမှာ ချေးဝဲလ်က “ချဲလ်ဆီးဟာ အဓိက ပြိုင်ပွဲတွေမှာ ဆုဖလား အောင်မြင်မှုတွေ ရယူချင်တဲ့ အသင်း ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ တောင့်တင်းတဲ့ စုဖွဲ့မှု ရှိပါတယ်။ နောက်ပြီး ကစားသမားကောင်းတွေနဲ့ အင်အား ထပ်မံ ဖြည့်တင်းနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့မှာ နည်းပြကောင်း ရှိသလို ပိုင်ရှင်သစ်လည်း ရှိနေပါပြီ။ အကောင်းစား လေ့ကျင့်ရေးကွင်းနဲ့ ဝန်ထမ်းကောင်းတွေလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် အခုအချိန်မှာ ကြိုးစားဖို့နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တက်ကြွဖို့ပဲ လိုပါတော့တယ်။” လို့ ဖြေကြားသွားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ်နဲ့ ၁၈ မှတ်အကွာ အဆင့် ၃ နေရာနဲ့ပဲ ရာသီသိမ်းနိုင်ခဲ့သလို အက်ဖ်အေဖလားနဲ့ ခရာဘောင်ဖလား ပြိုင်ပွဲတွေ မှာလည်း ဗိုလ်လုပွဲ တက်ခဲ့ပေမယ့် ဒုတိယဆုတွေနဲ့ပဲ ကျေနပ်ထားခဲ့ရပါတယ်။


တေးလီမန့်စ်ကို ခေါ်ယူရေး စိုးရိမ်စရာ ရှိလာနိုင်တဲ့ အာဆင်နယ်

လက်စတာစီးတီး ကွင်းလယ် ကစားသမား ယူရီတေးလီမန့်စ်ကို ခေါ်ယူဖို့ နှောင့်နှေးနေတဲ့ အာဆင်နယ်တို့ နောက်ထပ် ပရီးမီးယားလိဂ် ကလပ် တစ်ခု ဖြစ်တဲ့ နယူးကာဆယ်ရဲ့ ဝင်ရောက် ကြိုးပမ်းမှုကြောင့် စိုးရိမ်စရာ ရှိလာနိုင်ကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ အာဆင်နယ်ဟာ အပြောင်းအရွှေ့ ကာလ အစောပိုင်းက မာကင်ညော့စ်၊ ဖေဘီယို ဗီအဲရာ၊ ဂျေဇုစ် တို့ ခေါ်ယူထားနိုင်ခဲ့ပေမယ့် လက်တလော မှာတော့ နောက်ထပ် ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ ကြန့်ကြာနေခဲ့တာလည်း ဖြစ်ပါတယ်။

ဘန်ဒက် လီဂါ
ယူနီယံ ဘာလင်
ဟာသာဘာလင်
1X2 သရေ @ 3.70
ဂိုးအောက် 1.00 @ 2.04
ပထမပိုင်း ဂိုးပေါ် 1.25 @ 2.38
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အစောပိုင်း သတင်းတွေ အရ ဆိုရင် တေးလီမန့်စ် အတွက် လက်စတာစီးတီး ဘက်က ပေါင်သန်း ၃၀ သတ်မှတ်ထားသလို အာဆင်နယ် အနေနဲ့လည်း ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မဖော်ပြနိုင်တဲ့ အကြောင်းအရာတွေကြောင့် အပြီးသတ် ခေါ်ယူနိုင်ရေး နှောင့်နှေးနေပြီး နယူးကာဆယ် ကလည်း ဒီအခြေအနေတွေကို အခွင့်ကောင်းယူပြီး တေးလီမန့်စ်ကို ဝင်ရောက် ကြိုးပမ်းလာဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်တို့ လိုင်ယွန် ကွင်းလယ်က ဘရာဇီးလ် ကစားသမား ပက်ကေးတားကို စိတ်ဝင်စားနေပြီး ပြင်သစ် ကလပ် ဘက်က ပေါင်သန်း ၆၀ လောက် လိုချင်နေတာကြောင့် စဉ်းစားနေတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း အာဆင်နယ်တို့ အေဂျက်စ် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်နဲ့ ဆောက်သမ်တန် ညာနောက်ခံလူ ဝေါလ်ကာ ပီတာစ်ကို ကြိုးပမ်းနေကြောင်း သတင်းတွေ ထွက်နေပေမယ့်လည်း ကစားသမား နှစ်ဦးစလုံး ကတော့ အာဆင်နယ်ထက်စာရင် မန်ချက်စတာယူနိုက်တက် အသင်းထံ ရောက်ရှိဖို့ ရာခိုင်နှုန်း များနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ အားကစား ဒါရိုက်တာ အီဒူး ကတော့ လာမယ့် ရာသီသစ် အတွက် တိုက်စစ်မှူး ၁ ဦး၊ ကွင်းလယ် ကစားသမား ၁ ဦးနဲ့ ခံစစ် ၁ ဦး ထပ်မံ ခေါ်ယူသွားဦးမှာ ဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ်။


ချိတ်ခ် ဒူကိုရေးကို ပေါင် ၁၈ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်

ပရီးမီးယားလိဂ် ကလပ် ခရစ္စတယ်ပဲလေ့စ် အသင်း ကတော့ လန်းစ် ကွင်းလယ်လူ ချိတ်ခ် အူမာ ဒူကိုရေးကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်း (ယူရို ၂၁.၃ သန်း)နဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပါတယ်။ သတင်းတွေအရ ဆိုရင် ပဲလေ့စ်တို့ ဒူကိုရေး အတွက် ကနဦး ၁၈ သန်း+အပိုဆုကြေး ၄ သန်း၊ စုစုပေါင်း ပေါင် ၂၂ သန်း အထိ ပေးချေသွားရဖို့ ရှိနေတယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ် အရွယ် မာလီ လက်ရွေးစင် ချိတ်ခ် ဒူကိုရေးဟာ ပြင်သစ် လီဂူးဝမ်း ကလပ် ကနေ ၅ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ တတိယမြောက် ခေါ်ယူခဲ့တဲ့ ကစားသမားလည်း ဖြစ်လာပါတယ်။ ပက်ထရစ် ဗီအဲရာရဲ့ အသင်းဟာ အစောပိုင်းမှာ ဒါဘီကောင်တီက မဲလ်ကွမ် အီဘီရိုဝီနဲ့ ဝက်စ်ဘရွန်း ဂိုးသမား ဆမ် ဂျွန်စတုန်းစ် တို့ကို အလွတ်နဲ့ ခေါ်ယူထားခဲ့တာကြောင့် ချိတ်ခ် ဒူကိုရေးဟာ လက်ရှိ အပြောင်းအရွှေ့ ကာလ အတွင်း ပဲလေ့စ်ရဲ့ ပထမဦးဆုံး အကြိမ် ငွေသုံးစွဲ ခေါ်ယူတဲ့ ကစားလည်း ဖြစ်လာပါတယ်။

ဒူကိုရေးဟာ ပြီးခဲ့တဲ့ ရာသီက ပြင်သစ် လီဂူးဝမ်းမှာ ၃၄ ပွဲ ကစားခဲ့ရာ ၁ ဂိုးသွင်းပြီး ၄ ဂိုး ဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။ ပဲလေ့စ် နည်းပြ ဗီအဲရာ အနေနဲ့ ကော်နာ ဂယ်လက်ဂါ ထွက်ခွာသွားချိန်မှာ ရေရှည် အတွက် အားထားရမယ့် ကွင်းလယ်လူ တစ်ဦး ရှာဖွေနေခဲ့ပြီး မာလီ ကြယ်ပွင့်ကို အရ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်