နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၄ ပွဲဆက် နိုင်ပွဲပျောက်ပြီး ထိုင်ခုံ လှုပ်လာတဲ့ ဂရေဟမ် ပေါ်တာ၊ အထုတ်ခံရဖို့ ရေပန်းစားနေတဲ့ ကွန်တီ (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

၄ ပွဲဆက် နိုင်ပွဲပျောက်ပြီး ထိုင်ခုံ လှုပ်လာတဲ့ ဂရေဟမ် ပေါ်တာ၊ အထုတ်ခံရဖို့ ရေပန်းစားနေတဲ့ ကွန်တီ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂ ရက်နေ့ရဲ့ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


၄ ပွဲဆက် နိုင်ပွဲပျောက် အပြီးမှာ ထိုင်ခုံလှုပ်လာတဲ့ ပေါ်တာ

ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ ကတော့ နော့တင်ဟမ်ဖောရက်စ်နဲ့ အဝေးကွင်းမှာ ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် ဖိအားတွေ များလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲကို အနိုင်မရခဲ့လို့ ချဲလ်ဆီးက ပရီမီးယားလိဂ် နောက်ဆုံး ၇ ပွဲမှာ ဘုန်းမောက် တသင်းတည်း ကိုသာ အနိုင်ရခဲ့ပြီး ၃ ပွဲ ရှုံး၊ ၃ ပွဲ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး နောက်ဆုံး ၄ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ခဲ့တာ ဖြစ်ပါတယ်။

ဖောရက်စ်နဲ့ ပွဲမှာ စတာလင်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ချေပဂိုး ပြန်ပေးခဲ့ရပြီး လက်ကျန် မိနစ်တွေမှာ အနိုင်ဂိုး သွင်းယူနိုင်ခြင်း မရှိခဲ့တဲ့ ချဲလ်ဆီးတို့ ၁ မှတ်နဲ့ပဲ ကျေနပ်လိုက်ရတာပါ။ လက်ရှိမှာ ချဲလ်ဆီးက အဆင့် ၄ နေရာက ယူနိုက်တက်နဲ့တောင် ၇ မှတ် ကွာဟနေပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အတွက်ပါ တော်တော်လေး အားထုတ်ရတော့မှာ ဖြစ်တာကြောင့် နည်းပါ ပေါ်တာလည်း ဖိအားတွေ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

သောမတ်စ် တူချယ်လ်ကို ရာထူး ကနေ ထုတ်ပယ်ပြီး ဘရိုက်တန် အတွက် ရလဒ်ကောင်းတွေ ရယူပေးထားတဲ့ ပေါ်တာကို ခန့်အပ်ခဲ့ပြီးနောက် ချယ်လ်ဆီးက ပထမဦးဆုံး လိဂ်ပွဲ ၃ ပွဲ ဆက်တိုက် အနိုင်ရကာ လမ်းကြောင်းမှန်ပေါ် ရောက်ခဲ့ပြီလို့ ထင်မှတ်ခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ သူတို့က အဆင့် ၈ နေရာကို ရောက်ရှိနေပြီး တန်းတက် ဖူလ်ဟမ် ကတော့ သူတို့ရဲ့ အပေါ်မှာ ရှိနေခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ချဲလ်ဆီး
မန်ချက်စတာစီးတီး
1X2 မန်ချက်စတာစီးတီး @ 2.09
ဂိုးပေါ် 2.75 @ 2.03
ဂိုးပေါင်း 1.00 @ 2.11
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ချယ်လ်ဆီးကို အနိုင်ရခဲ့သင့်တယ်လို့ ဆိုလာတဲ့ ကူးပါး

ချယ်လ်ဆီးနဲ့ သရေကျခဲ့တဲ့ ပွဲမှာ အသင်းက အနိုင် ၃ မှတ် ရယူနိုင်ခဲ့သင့်တယ်လို့ နော့တင်ဟမ်ဖောရက်စ် နည်းပြ စတိဗ် ကူးပါးက ပြောဆိုလိုက်ပါတယ်။

ဒီပွဲမှာ စတာလင်က ချယ်လ်ဆီး အတွက် ဦးဆောင်ဂိုး စတင် သွင်းယူခဲ့ပေမယ့် အော်ရီယာက ချေပဂိုး ပြန်သွင်းနိုင်ခဲ့လို့ ၁ ဂိုးစီ သရေနဲ့ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးနေတာကို ပြီးခဲ့တဲ့ အပတ်က ဘုန်းမောက်ကို အနိုင်ယူပြီး ချေဖျက်နိုင်ခဲ့ပေမယ့် အခုပွဲမှာ ထပ်ပြီး ရလဒ်ဆိုးခဲ့တာပါ။

ကူးပါးက “ကျွန်တော်တို့ဟာ ပိုကောင်းတဲ့ အသင်း ဖြစ်တာကို ကျေနပ်ပေမယ့် အနိုင်ရသင့်ခဲ့တာကို မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ဒါကနေ သင်ခန်းစာယူရမှာပါ။ ကျွန်တော်တို့ဟာ ပွဲတိုင်းကို ကြိုးစားပြီး အနိုင်ရယူချင်သလို ပြိုင်ဘက် ကိုလည်း လေးစားမှုရှိပါတယ်။ သူတို့မှာ ကမ္ဘာ့အဆင့် ကစားသမားတွေ အများကြီး ရှိပါတယ်”

“ဂိုးပေးလိုက်ရပြီးနောက် ဒုတိယပိုင်းမှာ ကျွန်တော် တို့ဟာ ပိုပြီးတော့ တိုက်စစ်ဆင်ပြီး ကစားလာနိုင်ပါတယ်။ ကျွန်တော့် အသင်းက ဒီပွဲမှာ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့တာပါ။ ပထမပိုင်းမှာလည်း ပိုကောင်းတဲ့ အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီရမှတ်က ကျွန်တော် တို့နဲ့ ထိုက်တန်မှု သိပ်မရှိပါဘူး” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

စပါးတို့ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပြီးနောက် အန်တိုနီယို ကွန်တီဟာ ပရီးမီးယားလိဂ်မှာ နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး ဖြစ်လာခဲ့ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ တော့တင်ဟမ်ဟော့စပါး

ဒီရလဒ်ကြောင့် ချယ်လ်ဆီးတို့ အမှတ်ပေးဇယား အဆင့် ၈ နေရာ မှာပဲ ဆက်လက် ရပ်တည်နေခဲ့ပြီး၊ နော့တင်ဟမ်ဖောရက်စ် ကလည်း အဆင့် ၁၈ နေရာမှာပဲ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ရာထူးက ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး နည်းပြ အဖြစ် ကွန်တီ သတ်မှတ်ခံထားရ

စပါးတို့ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပြီးနောက် အန်တိုနီယို ကွန်တီဟာ ပရီးမီးယားလိဂ်မှာ နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး ဖြစ်လာခဲ့ပါတယ်။ ကွန်တီဟာ စပါးကို ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာ ရောက်ရှိအောင်သာ စွမ်းဆောင်ပေးထားနိုင်ခဲ့ပြီး အသင်းရဲ့ ရလဒ်တွေ ကလည်း တည်ငြိမ်မှုမရှိဖြစ်နေကာ ပွဲတိုင်းနီးပါး ဂိုးတွေ ပေးနေရပါတယ်။

ကွန်တီ လက်ထက်မှာ စပါးကို ဒီထက်မက ပိုမိုမြင့်မားတဲ့ အနေအထားနဲ့ မြင်တွေ့ရဖို့ အားလုံးက မျှော်လင့်ထားပေမယ့်လည်း ဒီရာသီ မှာတော့ စပါးတို့ တည်ငြိမ်မှု အားနည်းနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ကွန်တီက ထုတ်ပယ်ခံရဖို့ အတွက် ဘွတ်ကီတွေရဲ့ အလေးပေးမှုမှာ ၈လေး ၁ လေးနဲ့ ထိပ်ဆုံးက ရပ်တည်နေပြီး ဘယ်လိုတွေ ဖြစ်လာမလဲ စောင့်ကြည့်ရတော့မှာပါ။

နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၅ ပွဲမှာ စပါးက ၂ ပွဲသာ အနိုင်ရခဲ့ပြီး ၂ ပွဲ အရေးနိမ့်ကာ အဆင့် ၅ နေရာမှာ ရမှတ် ၃၀ နဲ့ ရှိနေတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် မျှော်လင့်ချက် ရှိနေသေးပေမယ့်လည်း ကွန်တီ ကတော့ သူ့အသင်းရဲ့ ကစားပုံအပေါ်မှာ ညည်းတွား ပြောဆိုမှုတွေ ပြုလုပ်နေပြီး သူနဲ့ ကစားသမားတွေ အကြား မှာလည်း အစေးမကပ်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်