နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဆိုးရွားဆုံး ခြေစွမ်းနဲ့ တန်းတက် အသင်းကို အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက် (ပရီးမီးယားလိဂ် ပွဲပြီး သုံးသပ်ချက်)

ဝက်ဖို့ဒ် ၄ – ၁ မန်ချက်စတာယူနိုက်တက်

စနေနေ့ညမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ မှာတော့ မန်ချက်စတာယူနိုက်တက်တို့ တန်းတက် ဝက်ဖို့ဒ်ကို ၄-၁ ရလဒ်နဲ့ အဝေးကွင်းမှာ ရှုံးနိမ့်သွားခဲ့ပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဘောလုံး ပိုင်ဆိုင်မှု အသာရခဲ့တာက လွဲရင် မန်ချက်စတာ ယူနိုက်တက်တို့ အသင်းကြီး တစ်သင်းရဲ့ ခြေစွမ်းမျိုးမှာ ရှိမနေခဲ့ပဲ ဝက်ဖို့ဒ်ကို ခြေပြတ် ဂိုးပြတ် အရှုံးပေးခဲ့ရတာလည်း ဖြစ်ပါတယ်။


ပွဲစဉ် အကျဉ်း

နည်းပြ ရာနီယေးရီ လက်အောက်မှာ ခံစစ် အသားပေး ကစားပုံနဲ့ ပြိုင်ဘက်တိုင်းကို မာမာထန်ထန် တုန့်ပြန်နေတဲ့ ဝက်ဖို့ဒ်တို့ အခုပွဲမှာတော့ ၄-၁-၄-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ တိုက်စစ်မှာ ဂျော်ရွှာ ကင်းန် တစ်ဦးတည်းကို အထောင်ထားခဲ့ပြီး အစ္စမေလာ ဆား၊ လူဇာ၊ ယူနိုက်တက် ကစားသမားဟောင်း ကလီဗာလေ၊ ဆစ်ဆိုခို၊ ကီကို၊ အန်ကူလူ၊ ဒန်းနစ်၊ ဘန်ဖော်စတာ တို့လို အဓိက ကစားသမား အစုံအလင်နဲ့ ယူနိုက်တက်ကို ရင်ဆိုင်ခဲ့ပါတယ်။ ယူနိုက်တက် ကတော့ စီးတီးနဲ့ ပွဲတုန်းက နောက်ခံလူ ၃ ယောက်ထားပြီး ကစားတာ အဆင်မပြေခဲ့တဲ့ အတွက် ၄-၂-၃-၁ ကိုပဲ ပြန်သုံးခဲ့ပြီး ဗဟိုခံစစ်မှာ မက်ဂွိုင်းယားနဲ့ လင်ဒီအော့ဖ်ကို တွဲဖက် ကစားစေခဲ့ပါတယ်။ ကွင်းလယ် မှာတော့ မက်တော်မီနေးနဲ့ မားတစ်၊ တောင်ပံ နှစ်ဖက်မှာ ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်၊ အလယ်မှာ ဘရူနို ဖာနန်ဒက်စ်နဲ့ အထောင် တိုက်စစ် မှာတော့ ခရစ္စတီယာနို ရော်နယ်ဒိုပဲ ဦးဆောင်လာခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ချဲလ်ဆီး
ဂျူဗင်တပ်စ်
1X2 သရေ @ 3.80
ချဲလ်ဆီး အာရှ ဟန်းဒီးကပ် -1.00 @ 2.25
ဂိုးပေါင်း 4-6 @ 3.75
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ခြေစွမ်းပိုင်း မတည်ငြိမ်သေးတဲ့ အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှု ဖြစ်လို့ သိပ်ပြီး မမျှော်လင့်ထားခဲ့ပေမယ့် မထင်မှတ်ပဲ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဝက်ဖို့ဒ်တို့ ယူနိုက်တက်ကို အသင်းကြီး ဆိုပြီး ရှိန်မနေခဲ့ပဲ Aggressive ဆန်ဆန် ကစားခဲ့ပြီး မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်ရဲ့ အတွဲအဖက်ရဲ့ အမှားတွေကြောင့် ဂိုးသမား ဒါးဗစ် ဒက်ဟဲယား အနေနဲ့ ပွဲစကတည်းက ကာကွယ်မှုတွေ ပြုလုပ်နေခဲ့ရပါတယ်။ ပွဲအစ ၈ မိနစ် မှာတင်ပဲ အိမ်ရှင် ဝက်ဖို့ဒ်တို့ ပင်နယ်တီ ကန်ခွင့်ရပေမယ့် အစ္စမေလာ ဆားရဲ့ နှစ်ခါပြန် ပင်နယ်တီ ကန်ချက်ကို ဒါးဗစ် ဒက်ဟဲယားက အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့လို့ အိမ်ရှင်တို့ ဦးဆောင်ဂိုး ရမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် ပေါက်ပြဲနေတဲ့ ယူနိုက်တက် နောက်တန်းရဲ့ အားနည်းချက်တွေကို အခွင့်ကောင်းယူနိုင်ခဲ့တဲ့ ဝက်ဖို့ဒ်တို့ ပွဲချိန် ၂၈ မိနစ်နဲ့ ၄၄ မိနစ်တွေမှာ ကင်းန်နဲ့ ဆားတို့ရဲ့ သွင်းဂိုးတွေကြောင့် ပထမပိုင်း အပြီးမှာ ၂ ဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာ ယူနိုက်တက် နည်းပြ အိုလီဂန်နာ ဆိုးလ်ရှား အနေနဲ့ ဒွန်နီ ဗန်ဒီဘိခ်နဲ့ မာစီရယ် တို့ကို ထည့်သွင်းပြီး ချေပဂိုးတွေ ပြန်ရဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲက အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရနိုင်ပြီး ပွဲချိန် မိနစ် ၅၀ မှာတော့ ယူနိုက်တက်တို့ ချေပဂိုး ရသွားခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ပံ့ပိုးပေးမှု ကနေ လူစားဝင် ကစားသမား ဗန်ဒီဘိခ် က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ယူနိုက်တက်တို့ ပထမပိုင်း ကထက် ကစားပုံ မဆိုသလောက် ပိုကောင်းလာခဲ့လို့ Come back ဖြစ်နိုင်မလား ဆိုပြီး မျှော်လင့်ခဲ့ကြပေမယ့် မက်ဂွိုင်းယား အနီကတ်နဲ့ ထုတ်ပယ်ခံရမှုကို ပွဲကို အလှည့်အပြောင်း ဖြစ်သွားစေခဲ့ပါတယ်။ ၁၁ ယောက် ၁၁ ယောက် အနေအထား မှာတောင် မနည်းကစားနေရတဲ့ ယူနိုက်တက်တို့ တစ်ယောက် လျော့သွားချိန်မှာ ကစားပုံ ပိုပျက်သွားခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှု အသာစီးရနေတာ ကလွဲရင် ဝက်ဖို့ဒ် နောက်တန်းကို ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဝက်ဖို့ဒ် ကတော့ ယူနိုက်တက် ကစားသမားတွေ တိုက်စစ် အလွံအကျွံ လိုက်ပါ ကစားနေတာကို အခွင့်အရေး ထပ်ယူနိုင်ခဲ့ပြီး ပွဲချိန် ၉၀+၂နဲ့ +၆ တို့မှာ ဂျာအို ပက်ဒရိုနဲ့ အီမန်နျူရယ် ဒန်းနစ် တို့က အနိုင်သေချာစေမယ့် ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ ပွဲအပြီး မှာတော့ ၄-၁ ရလဒ် ထွက်ပေါ်ခဲ့ပြီး ယူနိုက်တက်တို့ ဗီကာရေ့ဂျ်ရုတ်ဒ်မှာ ဝက်ဖို့ဒ်ကို အရှက်တကွဲ ရှုံးနိမ့်သွားခဲ့ရပါတော့တယ်။

ဝက်ဖို့ဒ် အတွက် ဂုဏ်ယူရမယ့် အချက် ကတော့ အသင်း သမိုင်းတလျောက် ပထမဆုံးအကြိမ် အဖြစ် ယူနိုက်တက်ကို နှစ်ပွဲဆက် အနိုင် ယူနိုင်ခဲ့တာ ဖြစ်သလို ပရီးမီးယားလိဂ် အဆင့် ၁၆ နေရာ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်နေတဲ့ ဝက်ဖို့ဒ်

ပွဲပြီးသုံးသပ်ချက်

သုံးသပ်စရာ သိပ်ပြီး များများစားစား မရှိပါဘူး။ ဆိုးလ်ရှားလည်း နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံလိုက်ရပြီ ဆိုတော့ အရှက်တကွဲ ရှုံးရလည်း ယူနိုက်တက် အမာခံ ပရိသတ်တွေ အတွက် ကတော့ အဆိုးထဲက အကောင်းလို့ပဲ ပြောရပါမယ်။ ဆိုးလ်ရှားရဲ့ နေရာ အတွက် ဘရန်ဒန် ရော့ဒ်ဂျားစ်၊ ဇီဒန်း၊ တန်ဟက်ဂ် တို့ ရေပန်းစားနေပြီး လက်တလောတော့ ဖလက်ချာက ယာယီနည်းပြ အဖြစ် တာဝန်ယူသွားမယ်လို့ သိရပါတယ်။ ပွဲစဉ် အပြီး ထူးခြားတဲ့ အချက်အလက် တချို့ကို ဖော်ပြရမယ် ဆိုရင်တော့ ယူနိုက်တက်ဟာ နောက်ဆုံး ၃၂ နှစ်အတွင်း တန်းတက်အသင်း တစ်သင်းကို ဂိုးအပြတ်ဆုံး ရှုံးခဲ့နိမ့်ခဲ့တာ ဖြစ်ပြီး ရာနီယေးရီ အတွက် ကတော့ ဝက်ဖို့ဒ်မှာ ပထမဆုံး အိမ်ကွင်း နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဟယ်ရီ မက်ဂွိုင်းယားဟာ ယူနိုက်တက် ကစားသမား ဘဝ ပထမဆုံး အနီကတ်ကို ရရှိခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် မှာတော့ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ဗန်ဒီဘိခ်ဟာ သူ့အတွက် ဒုတိယမြောက် ပရီးမီးယားလိဂ် သွင်းဂိုးကို ရယူနိုင်ခဲ့ပြီး ဒီတစ်ကြိမ် မှာလည်း လူစားဝင်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ ရှုံးထားခဲ့ပြီး ၃ ပွဲက ၄ ဂိုးနဲ့အထက် အသွင်း ခံရပြီး ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဝက်ဖို့ဒ် အတွက် ဂုဏ်ယူရမယ့် အချက် ကတော့ အသင်း သမိုင်းတလျောက် ပထမဆုံးအကြိမ် အဖြစ် ယူနိုက်တက်ကို နှစ်ပွဲဆက် အနိုင် ယူနိုင်ခဲ့တာ ဖြစ်သလို ပရီးမီးယားလိဂ် အဆင့် ၁၆ နေရာ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

လာမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့ မှာတော့ ယူနိုက်တက်တို့ ဗီလာရီးရဲယ်နဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ဆက်လက် ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး ဝက်ဖို့ဒ် ကတော့ နိုဝင်ဘာလ ၂၈ ရက်နေ့မှ လက်စတာစီးတီးကို အဝေးကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်