နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (၁/၆/၂၀၂၂)

အခုတစ်ခါ မှာတော့ ဧပြီလ ၁ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် အသင်းတွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပေါ့ဘာ ထွက်ခွာတော့မှာ ဖြစ်ကြောင်း အတည်ပြုလိုက်တဲ့ ယူနိုက်တက်

ပေါလ် ပေါ့ဘာ အနေနဲ့ စာချုပ်သက်တမ်း ကုန်ရင် အသင်းကနေ ထွက်ခွာမှာ ဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက် အသင်းက အတည်ပြုလိုက်ပါတယ်။ ပေါ့ဘာဟာ လာမယ့် ဇွန်လ ၃၀ ရက်နေ့မှာ ပရီးမီးယားလိဂ် ကလပ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ပြင်သစ် ကွင်းလယ်လူ အနေနဲ့ အသင်းဟောင်း ဂျူဗင်တပ်စ် ဆီကို အလွတ်နဲ့ ပြန်လည် ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့လည်း သိရပါတယ်။ ဒီကနေ့ နေ့လည်ပိုင်းမှာ ယူနိုက်တက်က သူတို့ရဲ့ တရားဝင် လူမှုကွန်ယက် အကောင့်ကနေ ကြေညာခဲ့တာ ဖြစ်ပြီး ပေါ့ဘာ ကလည်း သူ့ရဲ့ တွစ်တာ အကောင့်ကနေ တရားဝင် အသိပေး ရေးသွားခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဘာက ယူနိုက်တက်မှာ ကစားခဲ့ရတာ တကယ်ကို ကျေနပ်စရာ ကောင်းခဲ့သလို လှပပြီး မမေ့နိုင်တဲ့ အခိုက်အတန့်တွေ ရှိခဲ့ကြောင်း။ ဒါပေမယ့် အရေးအကြီးဆုံး ကတော့ ပရိသတ်တွေရဲ့ ခြွင်းချက် မရှိတဲ့ အားပေးမှု ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကို ကျေးဇူးတင်ပါတယ် ဆိုပြီး နှုတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာဟာ ယူနိုက်တက်ရဲ့ သမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေး အများဆုံး ကစားသမား ဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်က ပေါင် ၈၉ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ် လက်ရွေးစင် အနေနဲ့ မန်ချက်စတာယူနိုက်တက်မှာ ဒဏ်ရာပြသနာတွေနဲ့ အတူ ခက်ခဲတဲ့ ရာသီတွေကို တောက်လျောက် ကျော်ဖြတ်ခဲ့ရသူ ဖြစ်ပါတယ်။


မာနေးဟာ လီဝမ်ဒေါစကီး နေရာမှာ အစားထိုးဖို့ မဟုတ်ပဲ တွဲဖက်ကစားဖို့ဖြစ်

ဘေယန်မြူးနစ် ဘက်က ကနဦး ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းထားပေမယ့် ပရီးမီးယားလိဂ် ကလပ် ကတော့ စာချုပ် သက်တမ်း တစ်နှစ် ကျန်နေသေးတဲ့ မာနေး အတွက် ပေါင်သန်း ၄၀ လောက် လိုချင်နေပါတယ်။
ပီအက်စ်ဂျီရဲ့ မြင့်မားတဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး ဘေယန်မြူးနစ် ဆီကိုပဲ ပြောင်းရွှေ့ချင်နေတဲ့ ဆာဒီယို မာနေး

လာမယ့်နွေရာသီမှာ လစ်ဗာပူးလ် ကနေ ထွက်ခွာတော့မယ်လို့ ထုတ်ဖော် ပြောကြားထားခဲ့တဲ့ ဆာဒီယို မာနေး ကတော့ ပီအက်စ်ဂျီ ထက် မြင့်မားတဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး ဘေယန်မြူးနစ်ကိုပဲ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဂျာမန် ထိပ်သီး ဘေယန်မြူးနစ် အနေနဲ့ မာနေးကို အသင်းရဲ့ တိုက်စစ်မှာ ရောဘတ်လီဝမ်ဒေါစကီးနဲ့ တွဲဖက် အသုံးပြုလိုနေတယ်လို့ သိရပြီး အသက် ၃၀ အရွယ် ဆီနီဂေါ တိုက်စစ်မှူး ကလည်း ပွဲထွက်ခွင့်နဲ့ ချန်ပီယံလိဂ် အောင်မြင်မှု ရဖို့ ပိုပြီး မျှော်လင့်ချက်ရှိတဲ့ ဘေယန်မြူးနစ် ဆီပဲ ပြောင်းရွှေ့လိုနေတာပါ။ သတင်းတွေ အရ ဆိုရင် ဘေယန်မြူးနစ်က မာနေးကို တစ်နှစ်လုပ်ခ ပေါင် ၁၇ သန်းနဲ့ ကမ်းလှမ်းထားခဲ့တာ ဖြစ်ပြီး ပီအက်စ်ဂျီက အဲ့ဒီထက် ပိုများတဲ့ ပမာဏနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဘေယန်တို့ မာနေးကို လီဝမ်ဒေါစကီး နေရာမှာ အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ အစောပိုင်းက ဖော်ပြကြပေမယ့် တကယ်တမ်း မှာတော့ နှစ်ဦးစလုံးကို အသင်းရဲ့ တိုက်စစ်မှာ အသုံးပြုလိုနေတာ ဖြစ်ကြောင်း ဂျာမန်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
စပိန်
ပေါ်တူဂယ်
1X2 ပေါ်တူဂယ် @ 3.15
စပိန် အာရှ အကျောပေး -0.50 @ 2.20
ဂိုး‌အောက် 2.00 @ 2.3
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘေယန်မြူးနစ် ဘက်က ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းထားတာ ပရီးမီးယားလိဂ် ကလပ် ကတော့ စာချုပ်သက်တမ်း တစ်နှစ် ကျန်နေသေးတဲ့ မာနေး အတွက် ပေါင်သန်း ၄၀ လောက် လိုချင်နေပါတယ်။ စပိန်က လာတဲ့ သတင်းတွေ မှာတော့ မာနေးကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ လာလီဂါ ထိပ်သီး ရီးရဲယ်မက်ဒရစ်လည်း ပါဝင်လာပြီဟု ဖော်ပြနေပါတယ်။ အန်ဘာပေးကို ခေါ်ယူဖို့ ကြိုးစားရာမှာ အောင်မြင်ခဲ့ခြင်းမရှိတဲ့ ရီးရဲယ်တို့ ဇီဒန်း လက်ထက်က ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတဲ့ ကစားသမားကို နောက်တစ်ကြိမ် ထပ်ပြီး ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။


ကလဲဗက်လီဝင်းကို ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ် ရှိနေတဲ့ နယူးကာဆယ်

ပိုင်ရှင်သစ် လက်ထက်မှာ တဖြည်းဖြည်း ငွေသုံးကြမ်းလာတဲ့ နယူးကာဆယ်တို့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ထိပ်တန်းအဆင့် ကစားသမား များစွာကို ပစ်မှတ်ထား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ လောလောဆယ် မှာတော့ နယူးကာဆယ် နည်းပြ အက်ဒီဟောင်းက လာမယ့် ရာသီ အတွက် တိုက်စစ်မှူး တစ်ဦး ထပ်မံ ဖြည့်တင်းလိုနေပြီး အဲဗာတန်က ဒေါမနစ် ကလဲဗက်လီဝင်းကို မကြာခင် အချိန် အတွင်း ကမ်းလှမ်းသွားဖွယ် ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ နယူးကာဆယ် အနေနဲ့ ပြီးခဲ့တဲ့ ရာသီက ပေါင်သန်း ၂၅၀ အရှုံးပေါ်ခဲ့တဲ့ အဲဗာတန်ရဲ့ ဘဏ္ဏာရေး အကြပ်အတည်းကို အခွင့်ကောင်းယူပြီး ကလဲဗက်လီဝင်းကို အရခေါ်ဖို့ ကြိုးစားသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ကလဲဗက်လီဝင်း ကိုတော့ နောက်ထပ် ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့က စိတ်ဝင်စားနေပြီး အက်ဒီဟောင်းရဲ့ အသင်းက လက်ဦးမှု ရယူလိုနေတာ ဖြစ်ပါတယ်။ ဒေါမနစ် ကလဲဗက် လီဝင်းဟာ ပြီးခဲ့တဲ့ ရာသီက ဒဏ်ရာပြသနာတွေကြောင့် ရုန်းကန်ခဲ့ရပြီး အဲဗာတန် အတွက် တစ်ရာသီလုံးမှ ၁၈ ပွဲသာ ကစားပေးနိုင်ခဲ့ပေမယ့် အဲဗာတန်တို့ တန်းမဆင်းရရေး အတွက် အရေးပါတဲ့ သွင်းဂိုးကိုတော့ ရယူပေးခဲ့သူ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်