နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – မနက်ခင်း သတင်းများ (၇/၁၀/၂၀၂၂)

အောက်တိုဘာ ၇ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အဲဗာတန်နဲ့ ပွဲမှာလည်း ရော်နယ်ဒိုကို ပွဲစကတည်းက သုံးဖို့ ပေါလ်စခိုး တိုက်တွန်း

ယူရိုပါလိဂ် ပွဲစဉ် ဖြစ်တဲ့ အိုမိုနီးယားနဲ့ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ ရော်နယ်ဒိုကို အဲဗာတန်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပွဲထွက် လူစာရင်းထဲ ထည့်ဖို့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်း ပေါလ်စခိုးက နည်းပြ အဲရစ်တန်ဟက်ဂ်ကို တိုက်တွန်းလိုက်ပါတယ်။

ရော်နယ်ဒိုဟာ မနေ့ညက ပွဲစဉ်မှာ အပိုင် အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပဲ အသင်းဖော် ရက်ရှ်ဖို့ဒ် အတွက်ပဲ သွင်းဂိုး တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ပေါလ်စခိုးက “ အဲဗာတန်နဲ့ ပွဲမှာ ရော််နယ်ဒို ပါဝင်လာတာ မြင်တွေ့နိုင်ပါတယ်။ လူစားဝင်လာတဲ့ မာရှယ်နဲ့ ရက်ရှ်ဖိုဒ့် တို့ဟာ ဒီညမှာ ရော်နယ်ဒိုနဲ့ တွဲဖက်ပြီး အထင်ကြီးလောက်စရာ ကောင်းခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်၊ ရော်နယ်ဒို ပါဝင်ကစားနိုင်တဲ့ ပွဲအများကြီး မရှိပါဘူး၊ ဒါပေမယ့် အဲဗာတန်နဲ့က ဒီပွဲတွေထဲက တစ်ပွဲ ဖြစ်နိုင်တယ်လို့ ကျနော် ထင်ပါတယ်။ ရော်နယ်ဒိုဟာ ဒီညမှာ အခွင့်အရေးတွေ အများကြီးရခဲ့ပါတယ်”  

ဒါပေမယ့် သူမလုပ်နိုင်ခဲ့သလို ဒီညကလည်း သူ့ည မဖြစ်ခဲ့ပါဘူး၊ ရော်နယ်ဒို အတွက်တော့ ဒါဟာ အကြာကြီး ဖြစ်နေမှာ မဟုတ်ပါဘူး။ အခွင့်အရေး ရမယ် ဆိုရင် အဲဗာတန်နဲ့ ပွဲမှာ သူဂိုးသွင်းပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။ ရော်နယ်ဒိုက အမှန်တကယ်လည်း ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ကစားပုံ ကတော့ ကောင်းမွန်ခဲ့ပြီး ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုး ၂ ဂိုးစလုံးဟာ သူ့ရဲ့ ပါးနပ်တဲ့ ကစားဟန် ကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ 

နော်ဝေ ကြယ်ပွင့်ကို ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးက ပေါင် ၅၁ သန်းထဲနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ အမှန်တကယ် စျေးကွက် ပေါက်စျေးထက် အများကြီး နည်းတဲ့ ပမာဏနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
လုပ်ခလစာ အပြင် ဂိုးသွင်း အပိုဆုကြေးတွေပါ ရနေတဲ့ အာလင်း ဟာလန်း

၆ ကိုက်အကွာက ကန်သွင်းခွင့်ရပေမယ့် တိုင်ထိထွက်ခဲ့လို့ စိတ်ပျက်နေတဲ့ ရော်နယ်ဒို

အိုမိုနီးယား နီကိုးရှားနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ခရစ္စတီယာနို ရော်နယ်ဒို တယောက် အပိုင်အခွင့်အရေးတွေ ရခဲ့ပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ လွဲချော်ခဲ့ရပါတယ်။ အဆိုးဝါးဆုံး ကတော့ ၆ ကိုက် အကွာကနေ ကန်သွင်းယူခဲ့ရာမှာ တိုင်ထိထွက်ခဲ့တာ ဖြစ်ပြီး သွင်းဂိုး တစ်ဂိုး ရဖို့ အတွက် အသည်းအသန် ရုန်းကန်နေခဲ့ရပြီး သူ့အတွက် စိတ်ပျက်စရာ ညတညကို ပိုင်ဆိုင်ခဲ့ရပါတယ်။ 

ဒါပေမယ့်လည်း ရော်နယ်ဒိုရဲ့ ကစားပုံ ကတော့ အဆိုးဝါးကြီးမဟုတ်ခဲ့ဘဲ အသင်းနဲ့အတူ လိုက်ပါ ကစားနိုင်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ် အတွက် သွင်းဂိုး တစ်ဂိုးရအောင် ဖန်တီးပေးနိုင်ခဲ့သလို တိုက်စစ်ပိုင်းမှာ အသင်းဖော်တွေ နေရာလွတ်တွေ ရအောင်၊ ဂိုးကန်သွင်းခွင့်တွေ ရအောင် လှုပ်ရှား ကစားပေးနိုင်ခဲ့ပြီး သူ့အတွက် သွင်းဂိုးမရခဲ့တာက လွဲရင် ကျန်တာ အားလုံး အဆင်ပြေခဲ့တယ်လို့ပဲ ဆိုရမှာပါ။

ပင်နယ်တီ ဧရိယာ အတွင်းမှာ ဒါးလော့တ်က ပြိုင်ဘက် ဂိုးသမား ကိုပါ ကျော်ဖြတ်ပြီး ရော်နယ်ဒိုကို ဘေးတိုက်ထိုးပေးခဲ့ရာမှာ သူလည်း ချက်ချင်း ကန်သွင်းယူခဲ့တာပါ။ ကံဆိုးတာ ကတော့ တိုင်ထိသွားခဲ့ပြီး ဘောလုံးက ပြန်အံထွက်ခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီသား တစ်ယောက် ဂိုးမရခဲ့လို့ တော်တော်လေးကို စိတ်ပျက်လက်ပျက် ဖြစ်နေတာ တွေ့ခဲ့ရပြီး သူ့ကိုယ်သူလည်း အားမလို အားမရ ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ 

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
ဆောက်သမ်တမ်
1X2 သရေ (Draw) @ 10.00
ဂိုးပေါ် 3.75 @ 1.89
ဂိုးပေါင်း 0-1 @ 8.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မန်စီးတီးမှာ တစ်ပတ် ပေါင် ၉ သိန်း အထိ ရနေတဲ့ ဟာလန်း

မန်ချက်စတာစီးတီးမှာ ဟာလန်းက တပတ် လုပ်ခပေါင် ၉ သိန်းအထိ ရရှိနေတယ်လို့ Daily Mail က ဖော်ပြလိုက်ပါတယ်။ နော်ဝေ ကြယ်ပွင့်ကို ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးက ပေါင် ၅၁ သန်းထဲနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ အမှန်တကယ် စျေးကွက် ပေါက်စျေးထက် အများကြီး နည်းတဲ့ ပမာဏနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြောင်းရွှေ့ကြေး နည်းပါးမှု ကပဲ ဟာလန်းကို တပတ် လုပ်ခပေါင် ၉ သိန်း အထိ ပေးချေနေရတယ် လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။ 

ဒေါ့မန်နဲ့ ဟာလန်းတို့ အကြား ချုပ်ဆိုထားတဲ့ စာချုပ်ပါ သဘောတူညီချက်တွေ အရ အခုလို လုပ်ခလစာ မြင့်မားနေစေတာ ဖြစ်ပါတယ်။ ၂၀၂၂ မှာ ဟာလန်းကို ခေါ်ယူမယ့် အသင်းတွေ အနေနဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရိုသန်း ၆၀ သာ ပေးချေရမယ် ဆိုတဲ့ အချက် ရှိနေတာပါ။ ဒါက ဟာလန်းရဲ့ အေးဂျင့်ဟောင်း ရွိုင်အိုလာ ရှိတုန်းက လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပြီး အခုတော့ ဟာလန်း အတွက် တော်တော်လေးကို ကြီးမားတဲ့ အကျိုးခံစားခွင့်တွေကို ရရှိနေစေခဲ့တာလည်း ဖြစ်ပါတယ်။ 

တစ်ဆက်တည်းမှာပဲ ဟာလန်းဘက်က ဂိုးသွင်း ဆုကြေးတွေကို တောင်းဆိုခဲ့ဟန် ရှိသလို မန်စီးတီး ဘက်ကလည်း ပေးချေဖို့အတွက် သဘောတူခဲ့တယ်လို့ ယူဆရပါတယ်။ ဒီရာသီမှာ မန်စီးတီး အတွက် ၁၂ ပွဲသာ ကစားပေးထားရချိန်မှာ ဟာလန်းက ၁၉ ဂိုးအထိ သွင်းယူပေးထားတာပါ။ လက်ရှိ ဟာလန်း ရရှိနေတဲ့ တစ်ပတ်တာ ဝင်ငွေက တနှစ်စာအားဖြင့် ဆိုရင် ပေါင် ၄၅ သန်း၊ သန်း ၅၀ အထိ ရှိနေပြီး ပရီးမီးယားလိဂ်ရဲ့ ဝင်ငွေ အများဆုံးရ ကစားသမားတွေ ထဲက တဦး လို့တောင် ပြောလို့ ရနေပြီ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်