နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နံနက်ခင်း သတင်းများ (၂၉/၇/၂၀၂၂)

ဇူလိုင် ၂၉ ရက်နေ့ နံနက်ခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဖေမီနိုဟာ ကြိုးကြာနီတွေရဲ့ နှလုံးသား စိတ်ဝိညာဉ်ပါလို့ ဆိုလိုက်တဲ့ ကလော့ပ်

ရော်ဘတ်တို ဖေမီနိုဟာ လစ်ဗာပူးလ်ရဲ့ နှလုံးသား စိတ်ဝိညာဉ် ဖြစ်တယ်လို့ နည်းပြ ဂျာဂျင် ကလော့ပ်က ပြောကြားလိုက်ပါတယ်။ ဖေမီနို ကိုတော့ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် အသင်းက တောက်လျောက် ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး ကစားသမား အနေနဲ့ ကလည်း တူရင် ကလပ်ကို ပြောင်းရွှေ့ဖွယ် ရှိတယ် ဆိုပြီး သတင်းတွေ ထွက်နေတဲ့ အပေါ် ကလော့ပ်က အခုလို တုန့်ပြန် ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ပေါ်လို ဒီဘားလား ထွက်ခွာသွားတဲ့နောက် တိုက်စစ် အင်အား ပြန်လည် ဖြည့်တင်းဖို့ လိုအပ်နေတဲ့ ဂျူဗင်တပ်စ်တို့ အရည်အသွေးမြင့် ပရီးမီးယားလိဂ် တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ ဖေမီနိုကို ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ဘရာဇီးလ် တိုက်စစ်မှူးဟာ ၂၀၁၅ ခုနှစ်က ဟော့ဖန်ဟိမ်း ကနေ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် လစ်ဗာပူးလ် ပရိသတ်တွေ သဘောကျတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

“ဘော်ဘီက ကျွန်တော်တို့ အတွက် အရေးပါတဲ့ ကစားသမားပါ။ တနည်းအားဖြင့် အသင်းရဲ့ နှလုံးသားနဲ့ စိတ်ဝိညာဉ် တစ်ခု ဖြစ်ပါတယ်။ ဒီနှစ်ပိုင်းထဲမှာ ကျွန်တော်တို့ အခုလို ကစားနိုင်တာ ဘော်ဘီကြောင့် ဖြစ်ပါတယ်။ ရာသီကြို ကာလမှာ သူ့အနေနဲ့ အပြည့်အဝ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တာ တွေ့ရလို့လည်း တကယ်ကို ဝမ်းသာမိပါတယ်။ အရာရာ အားလုံး တကယ်ကို အဆင်ပြေနေပါတယ်။” လို့ ကလော့ပ်က မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ် မတိုင်ခင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ကလော့ပ်က “သူ့ရဲ့ အရည်အသွေးနဲ့ ပတ်သတ်လို့တော့ သံသယ ဖြစ်စရာ မရှိပါဘူး။ ကျွန်တော့် အတွက် အရမ်းကို အဆင်ပြေပါတယ်။ ကျန်တာ ကတော့ ဒီနှစ်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် သူဟာ ကျွန်တော်တို့ အတွက် မရှိမဖြစ် ဆိုတာတော့ သေချာပါတယ်။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။

ဖေမီနိုဟာ ပြီးခဲ့တဲ့ ရာသီက လစ်ဗာပူးလ် အတွက် ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၃၅ ပွဲ ကစားပေးခဲ့ပြီး ၁၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလ အတွင်း ပြိုင်ဘက် အားလုံး ထိတ်လန့်ခဲ့ရတဲ့ MSF လို့ ခေါ်တဲ့ ၃ ယောက်တွဲ တိုက်စစ်မှာ ပါဝင်ခဲ့သူ ဖြစ်ပြီး လစ်ဗာပူးလ်ရဲ့ ဆုဖလား အောင်မြင်မှုတွေ အတွက်လည်း အဓိကကျခဲ့သူ တစ်ဦး ဖြစ်ပါတယ်။


လော့ဒ် လင်ဂတ်ရဲ့ ကျောနံပါတ်ကို ဆက်ခံခဲ့တဲ့ ဒိန်းမတ် ကြယ်ပွင့်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ် ကစားသမားသစ် ခရစ္စတီယန် အဲရစ်ခ်ဆင် ကတော့ လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ကျောနံပါတ် ၁၄ ကို ဝတ်ဆင် ကစားသွားမယ်လို့ သိရပါတယ်။

ဘရန့်ဖို့ဒ် အသင်းမှာ ၆ လကြာ ကစားပြီးနောက် အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဒိန်းမတ် လက်ရွေးစင်ဟာ တရားဝင် ယူနိုက်တက် ကစားသမား ဖြစ်လာပြီးနောက် သူဝတ်ဆင် ကစားမယ့် ကျောနံပါတ်ကိုလည်း ချပြသွားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ကျောနံပါတ် ၁၄ ကိုတော့ အခုနှစ် နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးလို့ ထွက်ခွာသွားတဲ့ ဂျက်ဆီ လင်ဂတ် ဝတ်ဆင်ခဲ့ပြီး သူ့ရဲ့ အရှေ့တွေ မှာတော့ မက္ကဆီကို တိုက်စစ်မှူး ချီချာရီတို (ဟာနန်ဒက်ဇ်)နဲ့ ဇိုရန် တိုဆစ်တို့ ဝင်ဆင်ကစားခဲ့ဖူးပါတယ်။

အဲရစ်ခ်ဆင်ဟာ သူ့ရဲ့ ကစားသမား သက်တမ်း တစ်လျှောက်လုံးမှာ ကျောနံပါတ် ၁၄ ကို တစ်ကြိမ် တစ်ခါမှ ဝတ်ဆင် ကစားဖူးခြင်း မရှိပဲ ယူနိုက်တက် ရောက်မှ ပထမဦးဆုံးလည်း ဖြစ်ပါတယ်။ အဲရစ်ခ်ဆင် အနေနဲ့ လက်ရှိ ဒိန်းမတ် လက်ရွေးစင် အသင်းမှာ ကျောနံပါတ် ၁၀ ဝတ်ဆင်နေသလို အသင်းဟောင်း အေဂျက်စ်မှာ နံပါတ် ၅၁နဲ့ ၈၊ တော့တင်ဟမ်ဟော့စပါးမှာ ၂၃၊ အင်တာမီလန်မှာ ၂၄နဲ့ ဘရန့်ဖို့ဒ် မှာတော့ ၂၁ ကို ဝတ်ဆင်ခဲ့ပါတယ်။

အဲရစ်ခ်ဆင် နည်းတူ ယူနိုက်တက် နောက်ခံလူသစ် လီဆန်ဒရို မာတီနက်ဇ် အနေနဲ့လည်း ရာသီသစ်မှာ သူဝတ်ဆင်ရမယ့် ကျောနံပါတ် ရရှိခဲ့ပါတယ်။ အေဂျက်စ်မှာ ကျောနံပါတ် ၂၁ ဝတ်ဆင်ခဲ့တဲ့ မာတီနက်ဇ် ကတော့ ယူနိုက်တက် မှာတော့ ကွင်းလယ်လူဟောင့် ပေါလ်ပေါ့ဘာ ဝတ်ဆင်ခဲ့တဲ့ နံပါတ် ၆ ကို ဝတ်ဆင်ရမှာလည်း ဖြစ်ပါတယ်။

လာလီဂါ
ဗယ်လာဒိုလစ်
ဗီလာရီးယဲလ်
1X2 ဗီလာရီးယဲလ် @ 2.08
ဂိုးပေါ် 2.50 @ 2.04
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မာဆေးလ်ကို တစ်ရာသီ အငှားထွက်ကစားတော့မယ့် တာဗာရက်စ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းရဲ့ ဘယ်နောက်ခံလူ နူနို တာဗာရက်စ် ကတော့ လီဂူးဝမ်း ကလပ် မာဆေးလ်ကို တစ်ရာသီအငှားနဲ့ သွားရောက် ကစားဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။

အသက် ၂၂ နှစ် အရွယ် ပေါ်တူဂီ လူငယ် လက်ရွေးစင် အနေနဲ့ ဒီကနေ့မှာ မာဆေးလ် အသင်းနဲ့ ဆေးစစ်မှု ခံယူသွားဖို့ ရှိပြီး တစ်ဆက်တည်းမှာပဲ ပြင်သစ် ကလပ် ဘက်က တရားဝင်ကြေညာသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ပွဲ ကစားခဲ့တဲ့ တာဗာရက်စ်ဟာ အစောပိုင်းမှာ စီးရီးအေ ကလပ် အတ္တလန္တာနဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သေးပေမယ့် သဘောတူညီမှု မရခဲ့တာကြောင့် မာဆေးလ်က ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘင်ဖီကာမှာ ခြေစွမ်းပြခဲ့တဲ့ နူနို တာဗာရက်စ်ကို အာဆင်နယ်တို့ ပြီးခဲ့တဲ့ ရာသီက ပေါင် ၈ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထင်ထားသလောက် ခြေစွမ်းပိုင်း တိုးတက်လာခြင်း မရှိတာကြောင့် အတွေ့အကြုံ ရရှိစေဖို့ အတွက် အာဆင်နယ်တို့ အငှားချဖို့ ဆုံးဖြတ်ခဲ့ထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တာဗာရက်စ်ကို မကြာခဏ ဒဏ်ရာ ရလေ့ရှိတဲ့ ကီရင် တီယာနေး နေရာမှာ အရန်သင့် အသုံးပြုနိုင်ဖို့ ရည်ရွယ် ခေါ်ယူခဲ့တာ ဖြစ်ပြီး လက်ရှိမှာ ဇင်ချန်ကိုလည်း ထပ်မံ ရောက်ရှိနေတာကြောင့် ပြင်သစ်ကို အငှားထွက်ကစားခဲ့တဲ့ ပေါ်တူဂီသားရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ် လို့ပဲ ဆိုရမှာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်