နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – မနက်ခင်း သတင်းများ (၂၅/၉/၂၀၂၂)

စက်တင်ဘာ ၂၅ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပေါ်တူဂီ အတွက် ခြေစွမ်းပြခဲ့တဲ့ ယူနိုက်တက်ကစားသမားများ

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကစားသမားတွေ ဖြစ်တဲ့ ဒီယေဂို ဒါးလော့တ်၊ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဘရူနို ဖာနန်ဒက်စ် တို့ဟာ ပေါ်တူဂီက ချက်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ခြေစွမ်းပြ ကစားသွားခဲ့ပါတယ်။ နောက်ခံလူ ဒါးလော့တ်က အနိုင်ဂိုး ၂ ဂိုး အထိ သွင်းယူခဲ့ပြီး ဖာနန်ဒက်စ် ကလည်း သွင်းဂိုး ၁ ဂိုး ရရှိခဲ့ကာ ရော်နယ်ဒို ကတော့ တစ်ကြိမ် ဖန်တီးနိုင်ခဲ့ပါတယ်။

တန်ဟက်ဂ်ရဲ့ ကစားသမားတွေဟာ နိုင်ငံအသင်း အတွက် ထူးရှယ် ခြေစွမ်းပြခဲ့ကြတာ ဖြစ်ပြီး ပေါ်တူဂီကို နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ဆီ ပို့ဆောင်ပေးနိုင်ဖို့ လက်တကမ်း အကွာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒုတိယနေရာက စပိန်က ဆွစ်ဇာလန်ကို အရေးနိမ့်ခဲ့တာကြောင့် အင်္ဂါနေ့မှာ သူတို့ နှစ်သင်း ထိပ်တိုက်တွေ့ချိန် ပေါ်တူဂီက သရေ ကစားနိုင်ရုံနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်တော့မှာ ဖြစ်ပါတယ်။

ဒီပွဲမှာ ပေါ်တူဂီက ပြိုင်ဘက်ကို သိသိသာသာ ဖိအားပေး ကစားနိုင်ခဲ့ပြီး ကမ္ဘာ့ဖလား အတွက် နောက်ဆုံး အကြိမ် ပြင်ဆင်မှုမှာ ကျေနပ်စရာ ကောင်းတဲ့ ပုံစံ ဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီက နေးရှင်းလိဂ် ဖလားကို တစ်ကြိမ် ဆွတ်ခူးထားဖူးပြီး ဒီနှစ်မှာလည်း ဆီမီးဖိုင်နယ်ကို ခြေတဖက်လှမ်းထားပြီး ဖြစ်ကာ နောက်ထပ် တစ်ကြိမ် သူတို့ ဆွတ်ခူးနိုင်မလား ဆိုတာကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။


နှာခေါင်း ဒဏ်ရာရခဲ့ပေမယ့် ပွဲချိန်ပြည့် ကစားခဲ့တဲ့ ရော်နယ်ဒို

မန်ချက်စတာယူနိုက်တက်နဲ့ ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ချက်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပြိုင်ဘက် ဂိုးသမား သောမတ်စ်နဲ့ ထိခိုက်မိပြီးနောက် နှာခေါင်း ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ လေထဲက ဘောလုံးကို အပြိုင်လုယူဖို့ ကြိုးစားရင်း တိုက်မိခဲ့ကာ မြက်ခင်းပေါ် ပြုတ်ကျခဲ့ပြီးနောက် ရော်နယ်ဒိုရဲ့ နှာခေါင်း ကနေ သွေးတွေ ထွက်ကျလာတာကို မြင်တွေ့ခဲ့ရပါတယ်။

ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ် ကလပ်မှာ ပုံမှန် ကစားခွင့် နည်းပါးနေပြီး ကစားခွင့်ရချိန်မှာလည်း ခြေစွမ်းမပြနိုင်လို့ လက်ရွေးစင် အသင်းပွဲမှာ ယုံကြည်မှု ပြန်ရဖို့ အတွက် မျှော်လင့်ချက်ထားခဲ့တာ ဖြစ်ပါတယ်။
နေးရှင်းလိဂ် ပွဲစဉ်မှာ နှာခေါင်း ဒဏ်ရာရခဲ့ပေမယ့် ခြေစွမ်းပြနိုင်ခဲ့တဲ့ ရော်နယ်ဒို

ကစားသမားကို ကွင်းအတွင်းမှာပဲ ကုသမှု ပြုလုပ်ပေးခဲ့ရပြီး သူ ဆက်မကစားနိုင်တော့ဘူးလို့ ထင်မှတ်ခဲ့ရပေမယ့် ရော်နယ်ဒို ကတော့ ပွဲချိန်ပြည့် ဝင်ကစားသွားခဲ့သလို ဂျိုတာရဲ့ ပွဲသိမ်းဂိုး အတွက်လည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အသက် ၃၇ နှစ် အရွယ် ကစားသမားရဲ့ ကြံ့ခိုင်မှုကို ပရိသတ်တွေက သဘောကျနေခဲ့ကြပြီး ဒီအသက်အရွယ် အထိ အခုလို ပုံစံနဲ့ ကစားနိုင်တာကိုလည်း အသိအမှတ်ပြု ချီးကျူးနေခဲ့ကြပါတယ်။

ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ် ကလပ်မှာ ပုံမှန် ကစားခွင့် နည်းပါးနေပြီး ကစားခွင့်ရချိန်မှာလည်း ခြေစွမ်းမပြနိုင်လို့ လက်ရွေးစင် အသင်းပွဲမှာ ယုံကြည်မှု ပြန်ရဖို့ အတွက် မျှော်လင့်ချက်ထားခဲ့တာ ဖြစ်ပါတယ်။ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း ပွဲချိန်ပြည့် ကစားနိုင်ခဲ့တာ၊ တစ်ကြိမ် ဖန်တီးပေးနိုင်ခဲ့တာ တွေက ကျေနပ်စရာ ကောင်းခဲ့ပြီး လာမယ့် မန်ချက်စတာ ဒါဘီပွဲမှာ သူ ပါဝင် ကစားခွင့်ရဖို့ အထောက်အကူ ဖြစ်လာခဲ့ပါတယ်။


နိုင်ငံတကာ သွင်းဂိုး ၅၀ ပြည့်တော့မယ့် အီဂျစ် မက်ဆီ

အီဂျစ် တိုက်စစ်မှူး မိုဟာမက် ဆာလာ ကတော့ နိုင်ဂျာနဲ့ ပွဲမှာ အသင်း အတွက် ဟက်ထရစ် သွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။ အီဂျစ်ရဲ့ နာမည် အကျော်ကြားဆုံး ကစားသမား ဖြစ်သလို လစ်ဗာပူးလ်ရဲ့ အားထားရတဲ့ တိုက်စစ်မှူးက လက်ရွေးစင် အသင်း မှာလည်း သူ့ရဲ့ သွင်းဂိုးတွေကို အားထားနေရတယ် ဆိုတာကို ထပ်မံ ပြသခဲ့တဲ့ ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ဖူလ်ဟမ်
ခရစ္စတယ်ပဲလေ့စ်
1X2 ဖူလ်ဟမ် @ 3.05
ဂိုးပေါ် 2.50 @ 1.98
ဂိုးပေါင်း 0-1 @ 3.30
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဆိုပါ သွင်းဂိုးတွေကြောင့် ဆာလာက နိုင်ငံတကာ သွင်းဂိုး ၄၉ ဂိုး အထိ ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ စုစုပေါင်း ၈၆ ပွဲ ကစားအပြီးမှာ ၄၉ ဂိုး အထိ ရရှိခဲ့တာ ဖြစ်ပြီး ဆာလာရဲ့ ခြေစွမ်း ကတော့ တကယ့်ကို ချီးကျူးချင်စရာ ကောင်းနေခဲ့ပါတယ်။ အီဂျစ် ကတော့ ဒီနှစ်အတွင်းမှာ အာဖရိကဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပေမယ့် ဆီနီဂေါကို အရေးနိမ့်ခဲ့သလို ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဆုံးအဖြတ် ပွဲစဉ် မှာလည်း ဆီနီဂေါ ကိုပဲ အရေးနိမ့်ထားခဲ့တဲ့ အသင်း ဖြစ်ပါတယ်။

ဆာလာက ဒီရာသီမှာ လစ်ဗာပူးလ် အတွက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတယ် ဆိုပေမယ့် ပြိုင်ပွဲစုံ ၉ ပွဲမှာ ၄ ဂိုး သွင်းယူပေးထားပါတယ်။ သူ့ရဲ့ အသင်းဖော် မာနေးက ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့တဲ့နောက် ဆာလာ လည်း ပြီးခဲ့တဲ့ ရာသီတွေကလို ခြေစွမ်းမျိုးကို ပြသနိုင်ခြင်း မရှိသေးဘဲ တိုက်စစ်ပိုင်းမှာ တစ်ဦးတည်း ရုန်းကန်နေရတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်