နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – မနက်ခင်း သတင်းများ (၂၃/၉/၂၀၂၂)

စက်တင်ဘာ ၂၃ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


နိုင်ငံ အသင်းနဲ့ လေ့ကျင်းရေး အစီအစဉ်မှာလည်း တလွဲတွေ လုပ်နေတဲ့ နူညက်ဇ်

ဥရုဂွေးနဲ့ အတူ နိုင်ငံတကာပွဲတွေကို ကစားဖို့အတွက် လေ့ကျင့် ပြင်ဆင်နေတဲ့ လစ်ဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူညက်ဇ် ကတော့ သူ့ရဲ့ လေ့ကျင့်ရေးကွင်းက ခြေစွမ်းကြောင့် လှောင်ပြောင်ခံနေရပါတယ်။ ဒီရာသီမှာ လစ်ဗာပူးလ်ကို ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာတဲ့ နူညက်ဇ်ဟာ ပရီးမီးယားလိဂ် မှာလည်း ပုံမှန် ခြေစွမ်းပြနိင်ဖို့ ရုန်းကန်နေရပြီး သူ့ရဲ့ လွဲချော်မှု တချို့ကြောင့် လှောင်ပြောင်ခံနေခဲ့ရသူလည်း ဖြစ်ပါတယ်။

ဥရုဂွေး လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေ လေ့ကျင့်နေတဲ့ ဗီဒီယိုတစ်ခု ပျံ့နှံ့လာရာမှာ နူညက်ဇ်က အသင်းဖော် ဆီက ဘောလုံးကို အရယူပြီး ဧရိယာထဲ ဆွဲပြေးပြီး ကန်သွင်းယူခဲ့ပါတယ်။ ထောင့်ဖြတ် အနေအထားနဲ့ သူက ကန်သွင်းခဲ့တာဖြစ်ပြီး ဘောလုံးဟာ ဂိုးပေါက်နဲ့ လားလားမှ မသက်ဆိုင်ခဲ့ဘဲ တော်တော်လေး ဝေးတဲ့ အကွာအဝေးနဲ့ ထောင့်ဖြတ်ကြီး ထွက်သွားခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ကန်သွင်းယူပုံက တော်တော်လေးလည်း ရယ်စရာကောင်းနေပြီး ပရိသတ်တွေ ကတော့ လှောင်ပြောင်ခဲ့ကြပါတယ်။ လစ်ဗာပူးလ် ပရိသတ်တွေ ကတော့ နူညက်ဇ်ရဲ့ ကန်သွင်းချက်ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေကြပြီး အသင်းအတွက် အားကိုးရမယ့် တိုက်စစ်မှူး ဆိုတာကို မယုံကြည်နိုင်တော့ဘူးလို့ မှတ်ချက်ပြုမှုတွေလည်း ရှိနေကြပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
အင်တာမီလန်
ဘာစီလိုနာ
1X2 သရေ (Draw) @ 3.55
ဂိုးပေါ် 3.00 @ 2.09
ဂိုးပေါင်း 2-3 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အိုးထရက်ဖို့ဒ်ကို လာရမှာ ပြိုင်ဘက်တွေကြောက်နေပြီဆိုတဲ့ မာတီနက်ဇ်

မန်ချက်စတာယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်က ပြိုင်ဘက်အသင်းတွေ အနေနဲ့ အိုးထရက်ဖို့ဒ်ကို လာရောက် ကစားရမှာကို ထိတ်လန့်နေပြီလို့ ပြောဆိုလိုက်ပါတယ်။ ဒီရာသီမှာ အေဂျက်ဇ် ကနေ ပရီးမီးယားလိဂ် ကလပ်ကို ပြောင်းရွှေ့လာခဲ့တဲ့ မာတီနက်ဇ်က အသင်းသစ်မှာ အဓိက ကစားသမား အဖြစ် ခြေစွမ်းပြ ကစားနေသူ ဖြစ်ပြီး နည်းပြ တန်ဟက်ဂ်ရဲ့ အားအထားရဆုံး ကစားသမား တစ်ဦးလည်း ဖြစ်နေခဲ့ပါတယ်။

“ ရာသီ အစပိုင်းတုန်း ကတော့ အဆင်မပြေခဲ့ဘူး၊ ကျနော်တို့ လိုချင်တဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး၊ ဒါပေမယ့် ဘရန်ဖို့ဒ်နဲ့ ပွဲအပြီးမှာ ကျနော်တို့ မှန်ကန်တဲ့ လမ်းကြောင်းကို ပြောင်းလဲနိုင်ခဲ့တယ်၊ ကျနော်တို့ စိတ်ဓာတ်တွေ ကိုလည်း ပြောင်းလဲနိုင်ခဲ့တယ်၊ အဲဒီနောက်တော့ ကျနော်တို့ လစ်ဗာပူးလ်နဲ့ ပွဲမှာ အံ့အားသင့်ဖွယ် လုပ်ပြနိုင်ခဲ့ပြီးတော့ အဲဒါကို ဆက်ထိန်းနိုင်ခဲ့တယ် ဆိုတာကို ခင်ဗျားတို့ မြင်ကြမှာပဲ၊ ပွဲတိုင်းမှာ တိုက်ပွဲဝင်ဖို့ကို ကျနော်တို့က အသင့်ဖြစ်နေခဲ့ပြီ”

“ အဲဒါက မန်ချက်စတာယူနိုက်တက်လား ဆိုရင်တော့ မဟုတ်သေးဘူး၊ ကျနော်တို့ ကွင်းကို အသင်းတွေ လာကစားချိန်မှာ သူတို့ အတွက် ဒီပွဲက လွယ်ကူလွန်းတယ်ကွာ ဆိုတဲ့ ခံစားချက်မျိုး မရှိနေစေဖို့ လိုတယ်၊ အခုတော့ သူတို့တွေ အဲဒီလိုဖြစ်နေကြပြီ ဆိုတာ ကျနော်တို့ ခံစားမိတယ်၊ ကျနော်တို့ ကွင်းကို လာကစားဖို့ သူတို့ ထိတ်လန့်နေကြပါပြီ၊ လစ်ဗာပူးလ်၊ အာဆင်နယ်တို့နဲ့ ပွဲတွေမှာ ကျနော်တို့ အကောင်းဆုံး လုပ်နိုင်ခဲ့တယ်လို့ ကျနော် ထင်တယ်” လို့ မာတီနက်ဇ်က ပြောဆိုခဲ့ပါတယ်။



အနားမယူသေးဘူး၊ အသက် ၄၀ အထိ ကန်ဦးမှာလို့ ပြောဆိုလိုက်တဲ့ ရော်နယ်ဒို

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အသက် ၃၇ နှစ် အရွယ် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက သူ့အနေနဲ့ ကစားသမားဘ၀ ကနေ အနားယူဥိးမှာ မဟုတ်သေးဘဲ ယူရို ၂၀၂၄ အထိ ကစားချင်သေးတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ပေါ်တူဂီ တိုက်စစ်မှူးဟာ လာမယ့် ကာတာ ကမ္ဘာ့ဖလားက သူ့ရဲ့ နောက်ဆုံးသော နိုင်ငံတကာပြိုင်ပွဲ ဖြစ်မယ်လို့ အားလုံးက ယူဆနေချိန်မှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သူ ပြောဆိုခဲ့တဲ့အတိုင်း ယူရို ၂၀၂၄ မှာ ဝင်ကစားမယ် ဆိုရင် ရော်နယ်ဒို ဟာ အသက်က ၄၀ အရွယ် ဖြစ်နေမှာပါ။ ဒါကြောင့် သူ့အနေနဲ့ ဝင်ကစားဖို့ ဆိုတာက ထင်မှတ်သလောက် လွယ်ကူမှာ မဟုတ်သလို နည်းပြ ဖြစ်သူက သူ့ကို ရွေးချယ်ခဲ့ရင်တောင်မှ ပွဲချိန်ပြည့် ကစားဖို့ထက် အရန် ကစားသမား၊ ကွင်းပြင်ပ ခေါင်းဆောင်တစ်ဦး အဖြစ်နဲ့ပဲ လိုက်ပါနိုင်မယ့် အခြေအနေမှာ ရှိနေပါတယ်။ ရော်နယ်ဒိုက “ခင်ဗျား နိုင်ငံအသင်း အတွက် ခင်ဗျား ကစားပေးရတဲ့ အချိန် ဆိုတာက ခြွင်းချက် မရှိတဲ့ ချစ်ခြင်းပဲ၊ ကျနော့်ရဲ့ လက်ရွေးစင် ကစားသမား ဘ၀က မပြီးဆုံးသေးပါဘူး၊ ကမ္ဘာ့ဖလားမှာ ကျနော် ပါဝင်ကစားမှာ ဖြစ်သလို ယူရိုမှာလည်း ကျနော် ကစားချင်သေးတယ်” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ရော်နယ်ဒိုက ပေါ်တူဂီနဲ့ အတူ နေးရှင်းလိဂ်ပွဲစဉ် ၂ ပွဲ ကစားဖို့ လေ့ကျင်းခန်းဆင်းနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်