နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – မနက်ခင်း သတင်းများ (၂၁/၉/၂၁၂၂)

စက်တင်ဘာ ၂၁ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘရာဇီးလ်မှာ ပြန်လည် ပါဝင်ခွင့်ရဖို့ လက်လျှော့မှာ မဟုတ်ဘူးဆိုတဲ့ ဂျေဆုစ်

ဘရာဇီးလ်ရဲ့ ခြေစမ်းပွဲ နှစ်ပွဲ အတွက် ကစားသမား စာရင်းထုတ်ပြန်ရာမှာ ချန်လှပ်ခံထားရပေမယ့် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဆုစ် ကတော့ သူ့အနေနဲ့ လက်ရွေးစင် အသင်းမှာ ပါဝင်ခွင့် ရဖို့ကို လက်လျှော့မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဂျေဆုစ်ဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ခြေစွမ်းပြ ကစားနေပြီး ဂိုးတွေ ဆက်တိုက် သွင်းနေပေမယ့် နည်းပြ တီတီက အံ့အားသင့်ဖွယ်ရာ ချန်လှပ်ခဲ့တာပါ။

ဘရာဇီးလ် တိုက်စစ်ပိုင်း မှာလည်း ရွေးချယ်စရာ ကစားသမားတွေက များပြားနေပြီး တီတီ အတွက်တော့ လူကောင်းတွေ များလွန်းလို့ စိတ်ရှုပ်ဖို့တောင် ကောင်းနေတာပါ။ ဂျေဆုစ် ကတော့ နည်းပြရဲ့ ဆုံးဖြတ်ချက်ကို သူ လေးစားနေမှာ ဖြစ်ပြီး အသင်းနဲ့ အတူ ကမ္ဘာ့ဖလားကို လိုက်ပါခွင့် ရဖို့ အတွက် ကြိုးစားဦးမယ်လို့ ပြောဆိုခဲ့ကာ ပရော်ဖက်ရှင်နယ် ဆန်တဲ့ ပြောဆိုမှုတွေကြောင့် ချီးကျူးခံနေရပါတယ်။

ဂျေဆုစ်က “ နည်းပြတီတီရဲ့ ဆုံးဖြတ်ချက်ကို ကျနော် နားလည်ပါတယ်၊ လေးလည်း လေးစားပါတယ်၊ ကျနော့်ကို မရွေးချယ်ခဲ့တဲ့ အတွက်လည်း စိတ်မပျက်ပါဘူး၊ ပါဝင်ခွင့်ရဖို့ အတွက် ကျနော် ကြိုးစားနေဦးမှာပါ၊ အသင်းမှာ ကစားသမားကောင်းတွေက အများကြီးရှိပြီး သူတို့ကိုလည်း လေးစားရပါမယ်၊ ကျနော်က ဘရာဇီးလ်သား တယောက်ဖြစ်ပြီး အသင်း အတွက် အမြဲတမ်း ရှိနေမယ့် ရေသောက်မြစ် တစ်ခုပါပဲ၊ အကောင်းဆုံး ကြိုးစားပြီး ကျနော့် အခွင့်အရေးရအောင် လုပ်မှာပါ” လို့ ပြောဆိုခဲ့ပါတယ်။


ဒါဘီပွဲ အမီ ကြံ့ခိုင်မှု ပြည့်၀အောင် အားထုတ်နေတဲ့ ရက်ရှ်ဖို့ဒ်

မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် မန်ချက်စတာဒါဘီပွဲ အမီ ကြံ့ခိုင်မှု ပြည့်၀နေဖို့ အစွမ်းကုန် အားထုတ်နေပါတယ်။ ကစားသမား အနေနဲ့ အရေးပါတဲ့ ပရီးမီးယားလိဂ်ပွဲကို အချိန်မီ ဝင်ရောက် ကစားနိုင်လိမ့်မယ်လို့လည်း အသင်းက မျှော်လင့်နေပြီး နည်းပြ တန်ဟက်ဂ် ကိုယ်တိုင်ကလည်း ရက်ရှ်ဖို့ဒ်ကို အမြန်ဆုံး သက်သာလာအောင် ကြီးကြပ်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ပဲလေ့စ်၊ လိဒ်တို့နဲ့ ပရီးမီးယားလိဂ် ပွဲတွေကို ဘုရင်မကြီး အဲလစ်ဇဘက်ရဲ့ နာရေးကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး အောက်တိုဘာလ ၂ ရက်နေ့မှာမှ မန်စီးတီးနဲ့ ပြန်လည် ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကြားရက်တွေမှာ ရက်ရှ်ဖို့ဒ်က အားလပ်ရက် အများအပြား ရရှိမှာ ဖြစ်ကာ မန်စီးတီးနဲ့ ပွဲကို ပစ်မှတ်ထားနေပြီး ဒီရာသီမှာ ခြေစွမ်းပြနေမှုကို ဆက်ထိန်းသိမ်းနိုင်ဖို့နဲ့ အင်္ဂလန်မှာ ပြန်လည် ရွေးချယ်ခံရဖို့ကို မျှော်လင့်နေပါတယ်။

အင်္ဂလန်ကတော့ နေးရှင်းလိဂ်ပွဲ အဖြစ် ဂျာမနီ၊ အီတလီတို့နဲ့ ကစားရမှာ ဖြစ်ပြီး ရက်ရှ်ဖို့ဒ် ကတော့ ကျန်ရစ်နေခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှာ ရက်ရှ်ဖို့ဒ်က ယူနိုက်တက် အတွက် ပရီးမီးယားလိဂ်ပွဲ ၆ ပွဲ ကစားပေးထားကာ ၃ ဂိုးသွင်း၊ ၂ ကြိမ် ဖန်တီးပေးကာ ခြေစွမ်းပြနေပြီး တန်ဟက်ဂျ်ရဲ့ အားအကိုးရဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ် ရှိနေပြီး သူ့ကို ဦးစားပေးကာ ပွဲထုတ်နေတာလည်း ဖြစ်ပါတယ်။


ယူနိုက်တက်နဲ့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဗာရန်း

မန်ချက်စတာယူနိုက်တက် နောက်ခံလူ ရာဖေးလ် ဗာရန်း ကတော့ ဒီရာသီမှာ အသင်းနဲ့ အတူ ခြေစွမ်းပြနေပါတယ်။ ပြီးခဲ့တဲ့ ရာသီကမှ ပရီးမီးယားလိဂ်ကို ရောက်ရှိလာတဲ့ ဗာရန်းက အသင်းသစ်မှာ အဆင်မပြေဖြစ်ခဲ့ပြီး ပုံမှန်ခြေစွမ်း ပျောက်ကွယ်နေခဲ့ပေမယ့် ဒီရာသီမှာ ခြေစွမ်း ပြန်လည် ပြသနေပြီး သူ့ရဲ့ မှတ်တမ်းတွေက အားရစရာ ကောင်းနေခဲ့ပါတယ်။

ဗာရန်းဟာ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်တို့နဲ့ တွဲဖက် ကစားချိန်မှာ အဆင်မပြေဖြစ်ခဲ့ရပြီး ဒီရာသီမှာ အသင်းကို အသစ် ရောက်လာတဲ့ နောက်ခံလူမာတီနက်ဇ်နဲ့ တွဲဖက်ကစားရာမှာတော့ ထူးရှယ် ခြေစွမ်းကို ပြသနေခဲ့တာဖြစ်ပါတယ်။ ဗာရန်းက ယူနိုက်တက် အတွက် ပွဲထွက်ခွင့် ၅ ကြိမ်ရခဲ့ရာမှာ ၅ ပွဲ စလုံးကို အနိုင်ရရှိအောင် ကစားနိုင်ခဲ့ပြီး သူ ပွဲထွက် မပါဝင်ခဲ့တဲ့ ၃ ပွဲစလုံး မှာတော့ ယူနိုက်တက်တို့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မာတီနက်ဇ်နဲ့ တွဲဖက် ကစားရာမှာလည်း ၅ ပွဲမှာ ပေးဂိုး ၂ ဂိုးတည်းသာ ရှိခဲ့ပြီး ပေးဂိုး မရှိပွဲ ၃ ပွဲ အထိကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ ဆာဂျီယို ရာမို့စ်နဲ့ တွဲဖက်ပြီး အကောင်းဆုံး ပုံစံတွေ ပြသခဲ့တဲ့ ဗာရန်းကို အိုးထရက်ဖို့ဒ်မှာ ပြန်လည် မြင်တွေ့နေရတာလည်း ဖြစ်ပါတယ်။ ပြင်သစ် နောက်ခံလူဟာ လက်ရွေးစင်အသင်း အတွက်လည်း ထပ်မံ ရွေးချယ် ခံထားရပြီး ကာတာ ကမ္ဘာ့ဖလားကို လိုက်ပါ ခွင့်ရဖို့ သေချာနေသူလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်