နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် ညနေခင်း သတင်းများ (၂၉/၇/၂၀၂၂)

ဇူလိုင်လ ၂၉ ရက်နေ့ ညနေခင်းအထိ နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 


သူ့အကြောင်း မသိပဲ ရေးချင်သလို ရေးနေသူတွေကို အလိမ်အညာတွေလို့ ပြန်ဆော်လိုက်တဲ့ ရော်နယ်ဒို

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ထင်သလို ရေးသားပြောဆိုနေသူတွေကို “အလိမ်အညာတွေ” လို့ ပြန်လည် တုန့်ပြန်လာခဲ့ပါတယ်။ 

အသက် ၃၇ နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ အိုးထရက်ဖို့ဒ် ကနေ ထွက်ခွာခွင့်ရဖို့ အပြောင်းအရွှေ့ ကာလ အစကတည်းက တောင်းဆိုထားခဲ့ပြီး သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့လည်း အမျိုးမျိုး ထင်မြင် သုံးသပ်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒို အနေနဲ့ တစုံတရာ ဖြေရှင်းထားခြင်း မရှိခဲ့ပဲ အခုမှသာ လူမှုကွန်ယက် စာမျက်နှာ ကနေ တစ်ဆင့် ပထမဦးဆုံး အကြိမ် တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုက “ငါ့အကြောင်း တစ်ရက်လောက် မပြောပဲကို မနေနိုင်ကြပါဘူး။ မပြောရင် ပိုက်ဆံ မရကြဘူးလေ။ မလိမ်ညာရင် လူတွေရဲ့ အာရုံစိုက်မှု မရဘူး ဆိုတာ မင်းသိနေတာကိုး။ ဒီအတိုင်းပဲ ဆက်လုပ်နေလိုက်ကြပါ။ တစ်နေ့ကျရင်တော့ မင်းတို့ သတင်း အမှန်တွေ ရပါလိမ့်မယ်။”လို့ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

အဓိက, ကတော့ ပြီးခဲ့တဲ့ ရက်က ယူနိုက်တက်နဲ့ ရော်နယ်ဒိုတို့ တွေ့ဆုံ ဆွေးနွေးတဲ့ အချိန် ဆာအဲလက်စ် ဖာဂူဆန် ပါဝင်ခဲ့သလို အပြောင်းအရွှေ့ကိုလည်း ပိတ်ပင် တားဆီးခဲ့တယ် ဆိုပြီး ကောလာဟလတွေ ထွက်ပေါ်နေတာကြောင့် တိုက်စစ်မှူးကြီးက မကျေမနပ် ဖြစ်နေခဲ့တာပါ။ အတည်ပြုနိုင်တဲ့ သတင်းအရင်းအမြစ်တွေအရ ရော်နယ်ဒိုနဲ့ ယူနိုက်တက်တို့ တွေ့ဆုံဆွေးနွေးချိန်မှာ ဂန္တဝင် နည်းပြကြီး လုံးဝ ရှိမနေခဲ့ဘူးလို့ သိရပါတယ်။

အဲ့နောက် အက်တလက်တီကိုမက်ဒရစ် ပရိသတ်တွေက အသင်းကို မလာဖို့ အတွက် ဆန္ဒထုတ်ဖော်နေကြတာ ကိုလည်း ရော်နယ်ဒိုက မသိမသာ လှောင်ပြောင်ခဲ့ပါသေးတယ်။ ‘CR7 NOT WELCOME’ ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားတဲ့ ပုံနဲ့ တင်ထားတဲ့ ပို့စ် အောက်မှာ ရော်နယ်ဒိုက ရယ်မောနေတဲ့ အီမိုဂျီ ၄ ခုနဲ့ တုန့်ပြန်သွားခဲ့တာ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း ရော်နယ်ဒို အနေနဲ့ ချန်ပီယံလိဂ် ကစားခွင့်ရတဲ့ အသင်းကို အမှန်တကယ် ပြောင်းရွှေ့ချင်နေသလို သူ့ကို ခေါ်ယူဖို့ ဘေယန်မြူးနစ်နဲ့ အက်တလက်တီကိုမက်ဒရစ် တို့ကလည်း အမှန်တကယ် ချိတ်ဆက်ကြတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ရော်နယ်ဒိုကို ခေါ်ယူချင်ခဲ့ပေမယ့် နည်းပြ သောမက်စ် တူချယ်က သူ့ရဲ့ နည်းစနစ်နဲ့ ကိုက်ညီမှု မရှိနိုင်ဘူးလို့ ယူဆတာကြောင့် အပြောင်းအရွှေ့ အထမမြောက်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
အာဆင်နယ်
1X2 သရေ (Draw) @ 3.30
ဂိုးပေါ် 1.00 @ 1.97
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဟာလန်းနဲ့ အဂွဲရိုးရဲ့ တူညီတဲ့ စွမ်းရည်ကို ထောက်ပြ ချီးကျူးလိုက်တဲ့ ဖိုဒန်

ပရီးမီးယားလိဂ် ကလပ် မန်စီးတီးရဲ့ တိုက်စစ်မှူးသစ် အာလင်း ဟာလန်းဟာ အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဆာဂျီယို အဂွဲရိုးနဲ့ တူညီမှုတွေ ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။

ဖိုဒန်က အသင်းဖော်သစ် ဟာလန်းနဲ့ ဆာဂျီယို အဂွဲရိုးတို့ရဲ့ တူညီနေတဲ့ အချက်ဟာ ကြောက်စရာ ကောင်းတဲ့ အဆုံးသတ် စွမ်းရည် ပိုင်ဆိုင်ထားကြတာ ဖြစ်ကြောင်း သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဟာလန်းဟာ ထိပ်တန်း အဆင့် ရှိသူ တစ်ယောက် ဖြစ်ပြီး ကောင်းမွန်တဲ့ အမူအကျင့် ရှိသလို အသင်းကို အကောင်းဆုံး ပေါင်းစည်းပေးနိုင်သူလည်း ဖြစ်တယ်လို့ ချီးကျူးသွားခဲ့ပါသေးတယ်။

အခုနှစ် နွေရာသီမှာ မန်စီးတီး အသင်းကို ပေါင် ၆၄.၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဟာလန်း အနေနဲ့ ဒေါ့မန် အတွက် ပြိုင်ပွဲစုံ ၈၉ ပွဲကစားပြီး ၈၆ ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒေါ့မန်မှာ ကစားခဲ့တဲ့ ၂ နှစ်ခွဲ အချိန် ကာလ အတွင်း ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာ သူ့ထက် ဂိုးပိုသွင်းထားသူတွေ ဆိုလို့ လီဝမ်ဒေါစကီး (၁၂၂ ဂိုး)နဲ့ အမ်ဘာပေး (၈၉ ဂိုး) တို့ပဲ ရှိပါတယ်။

မန်ချက်စတာစီးတီးဟာ အဂွဲရိုး ထွက်ခွာသွားပြီးနောက် ပြီးခဲ့တဲ့ တစ်ရာသီလုံး အထောင် တိုက်စစ်မှူး မရှိပဲ ကစားခဲ့ရပြီး အခုနှစ် နွေရာသီ မှာတော့ နော်ဝေ ကြယ်ပွင့်ကို အရခေါ်ယူပြီး အာဂျင်တီးနား ကစားသမား နေရာမှာ တိုက်ရိုက် အစားထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဂွဲရိုးဟာ မန်စီးတီး အတွက် ပြိုင်ပွဲစုံ အရပ်ရပ် ၃၈၄ ပွဲ ကစားပြီး ၂၅၇ ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်ပါတယ်။

နည်းပြ ဂွာဒီယိုလာ ကတော့ ဟာလန်း အနေနဲ့ ရာနှုန်းပြည့် ကြံခိုင်ဖို့ ၂ ပတ် ကနေ ၃ ပတ်လောက် အထိ အနားယူရဦးမယ်လို့ ပြောကြားထားပေမယ့် ကစားသမား ကတော့ လာမယ့် စနေနေ့ညမှာ ကစားမယ့် လစ်ဗာပူးလ်နဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။


မုဒိန်းမှုမှု ၃ မှုမှာ ၁ မှု လွတ်သွားတဲ့ သံသယရှိ ပရီးမီးယားလိဂ် ကစားသမား

မက်ထရိုပိုလီတန်ရဲဌာနရဲ့ စုံစမ်းတွေ့ရှိချက်အရ မုဒိန်းမှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ပရီးမီးယားလိဂ် ကစားသမားဟာ အမှု ၃ မှု အနက် ၁ မှု ကတော့ အရေးယူခြင်း မခံရတော့ဘူးလို့ သိရပါတယ်။ 

ဂုဏ်သိက္ခာအရ အမည် မဖော်ပြတဲ့ အသက် ၂၀ ကျော် အရွယ် ပရီးမီးယားလိဂ် ကစားသမားဟာ အခုနှစ် ဇွန်လ အတွင်း အမျိုးသမီးငယ် တစ်ဦးကို မုဒိန်းမှုခဲ့တယ် ဆိုပြီး သံသယရှိတာကြောင့် ဇူလိုင်လ ၄ ရက်နေ့က ဖမ်းဆီး ထိမ်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

နောက်ရက်မှာ အဲ့ဒီ ပရီးမီးယားလိဂ် ကစားသမားဟာ ၂၀၂၁ ခုနှစ် ဧပြီလနဲ့ ဇွန်လက ဖြစ်ပွားခဲ့တဲ့ မုဒိန်းမှု ၂ ခု အတွက်လည်း သံသယရှိသူ ဖြစ်နေကြောင်း မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့က ထပ်မံ ကြေညာခဲ့ပါတယ်။ အဲ့နောက်မှာတော့ အာမခံနဲ့ ပြန်လွှတ်လာခဲ့ပြီး လက်တလော ရဲတပ်ဖွဲ့က သူရဲ့ အာမခံ ကာလကို အောက်တိုဘာ လဆန်းပိုင်း အထိ တိုးမြှင့်ပေးထားတယ်လို့ သိရပါတယ်။

သတင်းထုတ်ပြန်ချက်အရ သံသယရှိသူ အနေနဲ့ ၂၀၂၁ ခုနှစ် ဇွန်လ အတွင်း ဖြစ်ပျက်ခဲ့တဲ့ အမှုနဲ့ ပတ်သတ်ပြီး အရေးယူခံရတော့မှာ မဟုတ်ပေမယ့် ကျန်ရှိတဲ့ အမှုတွေ ကိုတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်