နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – ညနေခင်း သတင်းများ (၂၄/၉/၂၀၂၂)

စက်တင်ဘာ ၂၄ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘရာဇီးလ် အတွက် ခြေစွမ်းပြခဲ့တဲ့ စပါးတိုက်စစ်မှူးရစ်ချာလီဆင်

ဂါနာကို ၃-၀ နဲ့ ဘရာဇီးလ်က အနိုင်ရခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာ ဘရာဇီးလ် အတွက် ရစ်ချာလီဆင် က ၂ ဂိုး သွင်းယူပြီး ခြေစွမ်းပြသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူးဟာ ကာတာ ကမ္ဘာ့ဖလားကို လိုက်ပါခွင့် ရဖို့ အရေးကြီးနေတဲ့ အချိန်မှာ သွင်းဂိုး ၂ ဂိုး အထိ ရယူနိုင်ခဲ့တာကြောင့် မျှော်လင့်ချက်တွေ ပိုပြီး အားကောင်းလာခဲ့ပြီလည်း ဖြစ်ပါတယ်။

ရစ်ချာလီဆင်က ပွဲကစားချိန် ၂၈ မိနစ်နဲ့ မိနစ် ၄၀ တို့မှာ ဂိုးတွေ သွင်းပေးခဲ့ပြီး နောက်တဂိုး ကိုတော့ မာကွင်ဟို့စ်က ပွဲချိန် ၉ မိနစ်မှာ ကတည်းက သွင်းယူခဲ့တာပါ။ စပါးကို ဒီရာသီမှာမှ ပြောင်းရွှေ့လာခဲ့တဲ့ ရစ်ချာလီဆင်က ဘရာဇီးလ် တိုက်စစ်ပိုင်းမှာ ကစားသမား ၁၁ ယောက်လောက် နေရာလုနေရချိန် အခုလို ဂိုးတွေ သွင်းယူနိုင်ခဲ့လို့ သူ့ကို ရွေးချယ်ဖို့ အတွက် အခွင့်အလမ်း ကောင်းကို ပိုင်ဆိုင်ခဲ့ပါတယ်။

ရစ်ချာလီဆင် အတွက်တော့ နိုင်ငံတကာ သွင်းဂိုး ၁၆ ဂိုးအထိ ရရှိခဲ့ပြီ ဖြစ်ပြီး ဒီနှစ် အတွင်းမှာ ၅ ပွဲ ကစားပေးပြီး ၆ ဂိုး အထိ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဘရာဇီးလ် တိုက်စစ်ပိုင်းမှာ ဂျေဆုစ်၊ ဖေမီနို၊ နေမာ၊ ဗင်နီးစီးယပ်စ်၊ ရိုဒရိုင်ဂို၊ အန်တိုနီ၊ မာတင်နယ်လီ၊ ရာဖင်ဟာ၊ ကွန်ဟာတို့ နေရာလု နေရတာ ဖြစ်ပြီး ဘယ်ကစားသမားကို ရွေးချယ်ရမလဲ ဆိုတာကို နည်းပြ တီတီ ကတော့ ဆုံးဖြတ်ရခက်ဖွယ် ရှိနေပါတယ်။


အင်္ဂလန်ကို ယုံကြည်ဖို့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန် ရိုက်စ် ပြောဆို

ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်းယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဒီကလန် ရိုက်စ်က အီတလီ အသင်းကို နေးရှင်းလိဂ် ပြိုင်ပွဲမှာ ၁ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် အင်္ဂလန် အသင်း အလွန် ကောင်းမွန်စွာ ကစားနိုင်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။

အင်္ဂလန် အသင်းဟာ ဒီရှုံးပွဲကြောင့် နေးရှင်းလိဂ် A ကနေ တန်းဆင်းသွားခဲ့ပြီ ဖြစ်ပြီး နောက်တစ်ကြိမ် ကျင်းပမယ့် ပြိုင်ပွဲကျရင် နေးရှင်းလိဂ် (B) မှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အင်္ဂလန်ဟာ အုပ်စုတွင်း ၅ ပွဲ ကစားအပြီးမှာ တပွဲမှ အနိုင်မရခဲ့ဘဲ ၂ ပွဲ သရေကျကာ ၃ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ တိုက်စစ်ပိုင်း ကလည်း ဂိုးရဖို့ အတွက် တော်တော်လေး အခက်တွေ့နေပြီး ကမ္ဘာ့ဖလား မှာတော့ ဒီလို ခြေစွမ်းနဲ့ဆို ရုန်းကန်ရမယ်လို့ အင်္ဂလန် ပရိသတ်တွေက ဝေဖန်နေကြကာ အသင်းရဲ့ လက်ရှိ ခြေစွမ်း အတွက်လည်း အပြစ်တင် ဝေဖန်နေကြပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကလန်ရိုက်စ်က “ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ပထမပိုင်းမှာဆို အလွန်ကောင်းမွန်တဲ့ နေရာတွေ အထိ ရောက်ရှိအောင် ဘောလုံး ပေးပို့ခဲ့တယ်လို့ ထင်ပါတယ်၊ ကျွန်တော် တို့ကို ယုံကြည်ပါ။ ကျွန်တော်တို့ လာမယ့် ပြိုင်ပွဲမှာ ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှာပါ” လို့ ပြောဆိုခဲ့ပါတယ်။ အင်္ဂလန် ကတော့ လက်ရှိမှာ ကစားကွက် ကနေ ဂိုးမသွင်းနိုင်တာ မိနစ်ပေါင်း ၄၅၀ မိနစ် အထိ ရှိနေခဲ့ပါပြီ။


အက်ဖ်အေရဲ့ အရေးယူမှုကို ခံယူရတော့မယ့် ရော်နယ်ဒို

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဧပြီလအတွင်းက ကစားခဲ့တဲ့ အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပရိသတ် တစ်ဦးရဲ့ ဖုန်းကို သူ့ရဲ့ လက်နဲ့ ရိုက်ပုတ်ခဲ့မှု အတွက် အက်ဖ်အေရဲ့ စွဲချက်တင်မှုကို ရင်ဆိုင်လိုက်ရပြီ ဖြစ်ပါတယ်။
အက်ဖ်အေရဲ့ အရေးယူမှုကို ခံယူရဖို့ ရှိနေတဲ့ ရော်နယ်ဒို

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဧပြီလအတွင်းက ကစားခဲ့တဲ့ အဲဗာတန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပရိသတ် တစ်ဦးရဲ့ ဖုန်းကို သူ့ရဲ့ လက်နဲ့ ရိုက်ပုတ်ခဲ့မှု အတွက် အက်ဖ်အေရဲ့ စွဲချက်တင်မှုကို ရင်ဆိုင်လိုက်ရပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ အပြုအမူဟာ မလျော်ကန်သော ဒါမှမဟုတ် ကြမ်းတမ်းတဲ့ လုပ်ရပ်လို့ စွပ်စွဲခံခဲ့ရပြီးနောက် အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပါက ပြစ်ဒဏ် ချမှတ်ခံရမှာပါ။

ဒီကိစ္စ အတွက် ရော်နယ်ဒိုကို တာဝန်ရှိ အရာရှိတွေက မေးမြန်းမှုတွေ လုပ်ဆောင်ခဲ့သလို ရဲတပ်ဖွဲ့ ကလည်း သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ယူနိုက်တက်က ၁-၀ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ရော်နယ်ဒိုဟာ အဝတ်လဲခန်းထဲကို သွားချိန်မှာ အဲဗာတန် ပရိသတ် တစ်ဦးက ဖုန်းနဲ့ ဗီဒီယို မှတ်တမ်း တင်နေမှုကို လက်နဲ့ ပုတ်ချခဲ့ကာ ဖုန်းလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်ရပ် အပြီး ရော်နယ်ဒိုရဲ့ လုပ်ရပ်ဟာ အားကစားသမား မပီသတဲ့ လုပ်ရပ်လို့လည်း လူမှုကွန်ရက်တွေပေါ်မှ အပြင်းအထန် ဝေဖန်ခံခဲ့ရပါတယ်။ ရော်နယ်ဒို ကလည်း သူ့ရဲ့ လုပ်ရပ် အတွက် ပြန်လည် တောင်းပန်ခဲ့ပြီး သူ့ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့တဲ့ အဆိုပါ ပရိသတ်ကို အိုးထရက်ဖို့ဒ်မှာ ဘောလုံးပွဲ လာကြည့်ဖို့ အတွက် ပြန်လည် ဖိတ်ခေါ်ခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်