နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – ညနေခင်း သတင်းများ (၁၇/၉/၂၀၂၂)

စက်တင်ဘာ ၁၇ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အံ့မခန်း သွင်းဂိုးတွေ၊ ဖန်တီးမှုတွေ အတွက် ဂရီးလစ်ရှ်ကို ဝယ်ခဲ့တာ မဟုတ်ဘူး ဆိုလာတဲ့ ဂွာဒီယိုလာ

ပရီးမီးယား လိဂ်
အဲဗာတန်
ဝက်စ်ဟမ်း ယူနိုက်တက်
1X2 အဲဗာတန် @ 2.84
အဲဗာတန် အာရှ ဟန်းဒီးကပ် +0.25 @ 1.80
ဂိုးပေါ် 2.50 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး နည်းပြ ဂွာဒီယိုလာက ပေါင်သန်း ၁၀၀ နဲ့ ဝယ်ယူခဲ့ပေမယ့် ခြေစွမ်းမပြနိုင်လို့ ဝေဖန်ခံနေရတဲ့ ကွင်းလယ်လူ ဂျက် ဂရီးလစ်ရှ် ဘက်ကနေ ကာကွယ် ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဂရီးလစ်ရှ်ဟာ မန်စီးတီးနဲ့ ပထမဆုံး ရာသီမှာ အမှတ်ပေးဖလား ရယူနိုင်ခဲ့ပေမယ့်လည်း ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို မပြသနိုင်ခဲ့သလို ဒီရာသီ မှာလည်း ခြေစွမ်းမပြနိုင်ဖြစ်နေလို့ ဝေဖန်ခံနေရတာပါ။

အသက် ၂၇ နှစ် အရွယ် အင်္ဂလန် ကစားသမားဟာ ဒေါ့မန်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲအပြီး မှာလည်း အသင်းဖော်တွေနဲ့ အတူ ရှိမနေခဲ့ဘဲ တစ်ဦးတည်း အထီးကျန်နေခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဂွာဒီယိုလာ ကတော့ ဂရီးလစ်ရှ်ဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ရုန်းကန်နေရတာသာ ဖြစ်ပြီး ရာသီကြို ခြေစမ်းပွဲတွေတုန်းက အထင်ကြီးဖွယ် စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ သူ လုပ်ပြခဲ့တာတွေ အတွက် ကျနော် ပျော်ရွှင်ပါတယ်၊ အခုကတော့ ရာသီအစမှာ သူ့ရဲ့ ပုံစံ ပြန်ရဖို့ အတွက် မေးခွန်းထုတ်ရမယ့် အချိန်ပါပဲ၊ ကျနော်တို့ ကံကောင်းတာက သူ့ ဒဏ်ရာက မဆိုးရွားပါဘူး၊ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ သူက အရမ်း ပြေးလွှားနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် သူနဲ့ တွဲဖက်ဖို့ ဧရိယာထဲမှာ အသင်းဖော်တွေ မရှိလို့ တဦးတည်း ဖြစ်နေခဲ့တာပါ၊ သူ့ကို ကူညီဖို့ အတွက် ဒီဘရိုင်းနား၊ ဂွန်ဒိုအန်တို့ ရှိခဲ့သင့်ပါတယ်၊ အသင်းနဲ့ အတူ သူကစားနိုင်ခဲ့ပြီး သူ့ဆီကနေ အဲဒါကိုပဲ ကျနော် အလိုရှိခဲ့တာပါ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။


Golden Boy ဆုစာရင်းမှာ အာဆင်နယ်၊ ယူနိုက်တက်နဲ့ လစ်ဗာပူးလ် လူငယ်တွေ ပါဝင်လာ

ဒီနှစ် အတွက် ပေးအပ်မယ့် Golden Boy ဆုအတွက် ဆန်ခါတင်စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ရဲ့ လူငယ်ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ ဒီဆုဟာ အသက် ၂၁ နှစ် အောက် ကစားသမားတွေကို သတင်းထောက်တွေက ရွေးချယ် ချီးမြှင့်တာ ဖြစ်ပြီး ဇွန်လ အတွင်းမှာ အယောက် ၁၀၀ စာရင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီနောက်မှာ တဖြည်းဖြည်းချင်းနဲ့ လူစာရင်းကို လျှော့ချခဲ့ပြီး နောက်ဆုံး အကြိမ် ဆန္ဒမဲ ပေးဖို့အတွက် ကစားသမား ၂၀ ဦး စာရင်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်က လူငယ် ကြယ်ပွင့်တွေ လွှမ်းမိုးထားတဲ့ စာရင်းကို မြင်တွေ့ခဲ့ရပြီး ယူနိုက်တက်က အီလန်ဂါ ပါဝင်လာခဲ့ပြီး အာဆင်နယ်က တောင်ပံကစားသမား မာကွင်ဟို့စ်၊ လစ်ဗာပူးလ်က ဟာဗေး အီလီယော့လည်း ပါဝင်ခဲ့ကြပါတယ်။

အခြား နာမည်ကြီး လူငယ်ကစားသမားတွေ ဖြစ်တဲ့ ဒေါ့မန်က ဘယ်လင်ဂမ်၊ ရီးရဲလ်မက်ဒရစ်က ကာမာဗင်ဂါ၊ အေဂျက်ဇ်က ဘရော့ဘေး၊ ဘာစီလိုနာက ဂါဗီ၊ ပီဒရီ၊ အန်ဆု ဖာတီ၊ မာတီနက်ဇ်၊ ဘေယန်မြူးနစ်က ဂရာဗန်ဘာ့ချ်၊ မက်သီတယ်လ်၊ မူဆီရာလာတို့ ပါဝင်ခဲ့ကြပါတယ်။ လူငယ်ကစားသမားတွေ အတွက်တော့ ဒီဆုက အမြင့်ဆုံးဆုလို့ ပြောလို့ ရပြီး ဂုဏ်ယူဖွယ်ရာ ဆု တစ်ခုလည်း ဖြစ်ပါတယ်။


လစ်ဗာပူးလ်တို့ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တယ်လို့ ဂျေမီ ကာရေဂါ ပြော

ရာသီအစမှာ ၆ ပွဲ ကစားပြီး ၉ မှတ်သာ ရထားပေမယ့် အသင်းဟောင်း လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို စိန်ခေါ်နိုင်သေးတယ်လို့ ဂျေမီ ကာရေဂါက သုံးသပ် ပြောကြားလိုက်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ လစ်ဗာပူးလ်

ရာသီအစမှာ ၆ ပွဲ ကစားပြီး ၉ မှတ်သာ ရထားပေမယ့် အသင်းဟောင်း လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို စိန်ခေါ်နိုင်သေးတယ်လို့ ဂျေမီ ကာရေဂါက သုံးသပ် ပြောကြားလိုက်ပါတယ်။ လစ်ဗာပူးလ်ဟာ ရာသီအစမှာ ရလဒ်တွေ ယိမ်းယိုင်နေခဲ့ပြီး တော်တော်လေး ရုန်းကန်နေရကာ အမြင့်ဆုံး ရမှတ် ၁၈ မှတ်မှာ ၉ မှတ်သာ ရခဲ့ပြီး ဆုဖလားကို စိန်ခေါ်နိုင်စွမ်း မရှိတော့ဘူးလို့ ယူဆခံနေရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ကာရေဂါ ကတော့ သူ့ရဲ့ အသင်းဟောင်းကို ယုံကြည်မှု အပြည့် ရှိနေပြီး စိန်ခေါ်နိုင်လိမ့်မယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ နည်းပြ ဂျာဂျင် ကလော့ပ်ရဲ့ အသင်းဟာ ဘုန်းမောက်ကို ၉-၀ နဲ့ စံချိန်တင် နိုင်ပွဲ ရရှိခဲ့ပေမယ့် ခြေစွမ်းပိုင်း မတည်ငြိမ်တာကြောင့် အခက်တွေ့နေရပြီး မာနေးကို ရောင်းချပြီးနောက် ရုန်းကန်နေရတယ်လို့ အားလုံးက မှတ်ချက်ပြုခဲ့ကြပါတယ်။

ကာရေဂါက “ သူတို့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်ဆဲ ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး၊ လစ်ဗာပူးလ်ဟာ သူတို့ရဲ့ အကောင်းဆုံး ပုံစံနဲ့ မနီးစပ်ခဲ့တဲ့ ၅ ပွဲ ၆ ပွဲ ရှိခဲ့ပါတယ်။ လစ်ဗာပူးလ် တို့ လမ်းကြောင်းမှန်ပေါ် ပြန်တက်ဖို့ အတွက် ဆိုရင် စောင့်ကြည့်ဖို့ နောက်ထပ် ၄ ၊ ၅ ပွဲလောက် လိုအပ်ပါတယ်။

ဒါပေမယ့် သူတို့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်မြင်ရတာ ဝမ်းသာပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ လစ်ဗာပူးလ်က ဒီတပတ်မှာ ချဲလ်ဆီးနဲ့ ကစားရဖို့ ရှိပေမယ့် အဲလိဇဘက် ဘုရင်မကြီး ဇာပနကြောင့် ရွှေ့ဆိုင်းထားခဲ့ပြီး နောက်လမှသာ ပြန်လည် ကစားရတော့မှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်