နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းများ

countdown banner

နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ဟာ မကြာခင် စတင်တော့မှာ ဖြစ်တာကြောင့် အခုဆက်လက်ပြီး ပရီးမီးယားလိဂ် အပါအဝင် ဥရောပထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့တွေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ အသင်း ကတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ရဲ့ တောင်ပံ ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ကို စိတ်ဝင်စားမှု အေးစက်သွားခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့် နွေရာသီမှာ အသင်း ကနေ ထွက်ခွာခွင့်ပေးသွားဖယ် ရှိနေချိန်မှာ အခုလို သတင်းတွေ ထွက်ပေါ်လာခဲ့လို့ ဒေါက်တာလေးနဲ့ ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ စိတ်ပျက်စရာပါပဲ။

ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ် အတွက် သင့်လျော်တဲ့ ကမ်းလှမ်းမှု လက်ခံရရှိပါက အသင်း ကနေ ထွက်ခွာခွင့်ပြုသွားမှာ ဖြစ်သလို ကစားသမား ဘက်က ထွက်ခွာလိုကြောင်း ကလပ်ကို အသိပေးရင်လည်း ထွက်ခွာခွင့်ပေးသွားမှာ ဖြစ်ပါတယ်။

ယခင် သတင်းများနှင့် ဆန့်ကျင်ဘက် ဖြစ်နေပေမယ့်လည်း လစ်ဗာပူးလ်ဟာ မိုဟာမက် ဆာလာကို အခုနွေရာသီမှာ အသင်းမှာ ဆက်ရှိနေစေဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ အသင်း အနေနဲ့ ဆာလာကို အနည်းဆုံး ၂၀၂၄/၂၅ ဘောလုံး ရာသီ တစ်ခု ဆက်ထိန်းထားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

ဂျူဗင်တပ်စ် အသင်း အနေနဲ့ တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးရာမှာ အဆင်မပြေခဲ့ရင် အာဆင်နယ် အသင်းက ခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိနေပေမယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ဗလာဟိုဗစ် ဂျူဗင်တပ်စ် မရောက်ခင် ကတည်းက စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်ထိ ခေါ်ယူချင်နေဆဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ဗလာဟိုဗစ် ဂျူဗင်တပ်စ် မရောက်ခင် ကတည်းက စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်ထိ ခေါ်ယူချင်နေဆဲ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ ကနေ လိုက်ပ်ဇစ်မှာ အငှားနဲ့ ကစားနေတဲ့ ဇာဗီ ဆိုင်မွန်

အာဆင်နယ် အသင်းရဲ့ နောက်ထပ် စိတ်ဝင်စားမှု တစ်ခု ကတော့ ပီအက်စ်ဂျီ ကနေ လိုက်ပ်ဇစ်မှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ နယ်သာလန် ကြယ်ပွင့် ဇာဗီ ဆိုင်မွန် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ချဲလ်ဆီး ကလည်း အသက် ၂၁ နှစ် အရွယ် ဆိုင်မွန်ကို ခေါ်ယူဖို့ စောင့်ကြည့်နေပေမယ့် လက်ရှိအချိန်အထိတော့ လက်တွေ့ကျတဲ့ စိတ်ဝင်စားမှုတွေ မမြင်ရသေးပါဘူး။ ဘာစီလိုနာ ကလည်း သူတို့ဆီမှာ အကယ်ဒမီ ကစားသမား အဖြစ် ၉ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ ဆိုင်မွန်ကို အငှားနဲ့ အရင် ခေါ်ယူပြီး အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့ စာချုပ်နဲ့ အပိုင်သိမ်းဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

လစ်ဗာပူးလ် အသင်း ကတော့ ခရစ္စတယ်ပဲလေ့စ် ဗဟို နောက်ခံလူ မာ့ခ် ဂူဟီကို အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်တို့ကို အပြိုင် ကြိုးပမ်းဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။ ချဲလ်ဆီးကလည်း သူတို့ရဲ့ အကယ်ဒမီထွက် ဂူဟီကို စတန်းဖို့ဒ်ဘရစ်ချ်ဆီ ပြန်လည် ခေါ်ဆောင်ဖို့ ကြိုးပမ်းနေပြီး ပဲလေ့စ် ကတော ပေါင်သန်း ၅၀ ရရှိရင် ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။

တော့တင်ဟမ်ဟော့စပါး၊ နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းတို့ ကတော့ ချဲလ်ဆီး ဘက်က တရားဝင် စာချုပ်သစ် ကမ်းလှမ်းမှု မပြုလုပ်ရသေးတဲ့ ကော်နာ ဂယ်လာဟာကို ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဂယ်လာဟာရဲ့ နေရာမှာ အစားထိုးဖို့ ချဲလ်ဆီးက ဆော်ဒီ ကလပ် အယ်အာလီမှာ သွားရောက် ကစားနေတဲ့ ဂါဘရီ ဗိုင်ဂါကို ဥရောပဆီ ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒီကစားသမား ကိုတော့ စပိန် ထိပ်သီးတွေ ဖြစ်ကြတဲ့ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီး ကလည်း စောင့်ကြည့်လျက် ရှိနေပါတယ်။

မန်စီးတီး ကွင်းလယ်လူ ကယ်လ်ဗင် ဖီးလစ်ဟာ အခုနွေရာသီမှာ လိဒ်စ်ယူနိုက်တက်ကို ပြန်လည် ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေတယ်လို့ သိရပါတယ်။ အင်္ဂလန် လက်ရွေးစင် ကစားသမား မန်စီးတီးကို ပြောင်းရွှေ့ခဲ့ပေမယ့် ဒဏ်ရာပြသနာတွေနဲ့သာ ရုန်းကန်နေရပြီး လက်ရှိ အချိန်မှာလည်း ဝက်စ်ဟမ်းမှာ အငှားနဲ့ သွားရောက် ကစားနေပေမယ့် ခက်ခဲတဲ့ အချိန်တွေကို ကြံ့ကြံ့ခံ ဖြတ်သန်းနေရသူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်