နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ် အနှစ်ချုပ်

၂၀၂၁-၂၀၂၂ ပရီးမီးယားလိဂ် ကတော့ မန်ချက်စတာစီးတီး အသင်း ဗိုလ်စွဲခဲ့ခြင်းနဲ့ အတူ ရာသီသိမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ထုံးစံ အတိုင်း ပွဲစဉ် (၃၈) အထိ စိတ်လှုပ်ရှားစရာတွေ ပြည့်နှက်ခဲ့ပြီး ချန်ပီယံဆု အတွက် မန်စီးတီးနဲ့ လစ်ဗာပူးလ်၊ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် စပါးနဲ့ အာဆင်နယ်၊ တန်းမဆင်းရရေး အတွက် လိဒ်စ်နဲ့ ဘန်လေတို့ အဓိကထား ယှဉ်ပြိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အနှစ်ချုပ်နဲ့ ထူးခြားချက် တချို့ကို ဖော်ပြရမယ် ဆိုရင်တော့…

မန်ချက်စတာစီးတီး အတွက် ဒီရာသီ ပရီးမီးယားလိဂ် ဟာ လွယ်ကူတဲ့ ပြိုင်ပွဲ တစ်ခု မဟုတ်ခဲ့ပေမယ့် ချန်ပီယံဆု အတွက် ကိုတော့ လစ်ဗာပူးလ် တစ်သင်းနဲ့ပဲ အပြိုင်လုခဲ့ရတယ်လို့ ပြောလို့ ရပါတယ်။ ပြိုင်ပွဲစုံမှာ ဆုဖလား မျှော်မှန်းတဲ့ အသင်း တစ်သင်း ဖြစ်လို့ ကစားသမားတွေရဲ့ ပွဲပန်းမှု၊ ဒဏ်ရာ ပြသနာတွေကြောင့် တချို့ ပွဲစဉ်တွေမှာ မထင်မှတ်ပဲ ခြေချော်ခဲ့ပေမယ့် တစ်ရာသီလုံးမှာမှ ရှုံးပွဲ ၃ ပွဲသာ ရှိခဲ့သလို နောက်ဆုံး ၁၂ ပွဲဆက်တိုက် ရှုံးပွဲ မရှိအောင် ကစားနိုင်ခဲ့လို့ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ကိုင်မြှောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် နာမည်နဲ့ စတင်ကျင်းပချိန်က စပြီး ချန်ပီယံ ၆ ကြိမ် ဖြစ်ထားခဲ့တဲ့ မန်စီးတီး အနေနဲ့ နောက်ဆုံး ၆ ရာသီ အတွင်းမှာ ချန်ပီယံဆုကို ၄ ကြိမ် အထိ ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံ ၁၃ ကြိမ် ဖြစ်ထားတဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက် ပြီးရင် အအောင်မြင်ဆုံး အသင်း အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးတို့ အခြား ပြိုင်ပွဲတွေ မှာတော့ ရှုံးထွက်အဆင့်တွေ ကနေသာ လှည့်ပြန်ခဲ့ရပြီး ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ကိုတော့ ပရီးမီးယားလိဂ် ဖလား တစ်လုံးတည်းနဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

မန်စီးတီးရဲ့ အဓိက ပြိုင်ဘက် လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လွှတ်ခဲ့ရတာကြောင့် ဖလား ၄ လုံး အိမ်မက် ပျက်ပြယ်ခဲ့တယ် ဆိုပေမယ့် ခရာဘောင်ဖလားနဲ့ အက်ဖ်အေဖလား တို့မှာတော့ ချန်ပီယံ ဖြစ်ထားပြီးပါပြီ။ ချန်ပီယံလိဂ် ဖလား ကိုသာ ကိုင်မြှောက်နိုင်ခဲ့မယ် ဆိုရင်တော့ တစ်ရာသီ အတွင်း ဆုဖလား ၃ လုံး ပိုင်ဆိုင်တဲ့ အသင်း ဖြစ်လာနိုင်ပေမယ့် ပရီးမီးယားလိဂ် ဖလား မပါတဲ့ အတွက်တော့ ပြီးပြည့်စုံမှာ မဟုတ်ပါဘူး။

မန်စီးတီးရဲ့ အဓိက ပြိုင်ဘက် လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လွှတ်ခဲ့ရတာကြောင့် ဖလား ၄ လုံး အိမ်မက် ပျက်ပြယ်ခဲ့တယ် ဆိုပေမယ့် ခရာဘောင်ဖလားနဲ့ အက်ဖ်အေဖလား တို့မှာတော့ ချန်ပီယံ ဖြစ်ထားပြီးပါပြီ။
မန်စီးတီးနဲ့ တစ်မှတ် အကွာ ပရီးမီးယားလိဂ် အဆင့် ၂ နေရာနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ လစ်ဗာပူးလ်

ဥရောပ ချန်ပီယံ ချဲလ်ဆီး ကတော့ ရာသီအစမှာ ဟုတ်မလိုလို ရှိခဲ့ပေမယ့် နေရာစုံမှာ အားနည်းချက်တွေ ရှိခဲ့တာကြောင့် ထိပ်ဆုံးက မန်စီးတီး၊ လစ်ဗာပူးလ် တို့နဲ့ ရမှတ်‌ တော်တော်လေး ပြတ်တောက်သွားခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခရာဘောင်နဲ့ အက်ဖ်အေဖလား ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲ အထိ ရောက်ရှိခဲ့ပေမယ့် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရသလို ချန်ပီယံလိဂ် မှာလည်း ကွာတားဖိုင်နယ် အဆင့် ကနေပဲ လှည့်ပြန်ခဲ့ရတာကြောင့် တူချယ်နဲ့ သူ့ရဲ့ အသင်း အတွက်တော့ ဖလားလက်မဲ့ စိတ်ပျက်စရာ ရာသီ တစ်ခု ဖြစ်ခဲ့ရတယ်လို့ပဲ ဆိုရပါမယ်။

ကွန်တီရဲ့ စပါး အတွက် ကတော့ ပြီးခဲ့တဲ့ ရာသီတွေ ကထက် စာရင် အပေါင်းလက္ခဏာဆောင်တဲ့ ရာသီ တစ်ခု ဖြစ်ခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် နောက်ဆုံး အချိန်ထိ တိုက်ပွဲ ဝင်ခဲ့ရပေမယ့် ခါးသီး မြို့ခံ ပြိုင်ဘက် အာဆင်နယ်ကို ကျော်တက်နိုင်ခဲ့တဲ့ အတွက် ပရိသတ်တွေ အတွက် ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။ ထူးခြားတာက နောက်ဆုံး ၆ ရာသီ ဆက်တိုက် အာဆင်နယ်ရဲ့ အပေါ်မှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အသင်းရဲ့ ကိုရီးယားသား တိုက်စစ်မှူး ဆွန်ဟောင်မင် အနေနဲ့လည်း ပရီးမီးယားလိဂ်လို ထိပ်တန်း ပြိုင်ပွဲ တစ်ခုမှာ ပင်နယ်တီ သွင်းဂိုး မပါပဲ ရွှေဖိနပ်ဆုရှင် ဖြစ်ခဲ့လို့ ဆွန်ရဲ့ ပရိသတ်တွေ အတွက် သာမက အာရှတိုက် အတွက်ပါ ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။

တစ်ချိန်က အအောင်မြင်မှု အပေါင်း သရဖူ ဆောင်းခဲ့ကြတဲ့ ဂန်းနားတွေနဲ့ သရဲနီတွေ ကတော့ နောက်ထပ် စိတ်ပျက်စရာ ရာသီ တစ်ခု အဖြစ်နဲ့ပဲ အဆုံးသတ်ခဲ့ရပြန်ပါတယ်။ အာဆင်နယ် တို့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အနီးစပ်ဆုံး အခြေအနေတွေ ပိုင်ဆိုင်ခဲ့ပြီးမှ မလိုအပ်ပဲ အမှတ်တွေ ဖြုန်းတီးမိခဲ့တဲ့ အတွက် ပရိသတ်တွေ အတွက် ရင်နာစရာ ဖြစ်ခဲ့ပေမယ့် ဘာပဲပြောပြော အရင် ရာသီတွေ ထက်စာရင်တော့ တော်တော်လေး တိုးတက်လာတယ်လို့ ပြောလို့ ရပါတယ်။ ယူနိုက်တက် အတွက် ကတော့ တော်တော်လေး အခြေအနေ ဆိုးရွားတဲ့ ရာသီ ဖြစ်ခဲ့ပြီး နောက်ဆုံးပွဲမှာ ဝက်စ်ဟမ်း ခြေချော်ခဲ့လို့ ကံကောင်း ထောက်မစွာနဲ့ ယူရိုပါလိဂ် ဝင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ အဓိက ပြိုင်ဘက်တွေကို သာမက တန်းတက် အသင်းတွေကိုပါ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်ကို GOATကြီး ရော်နယ်ဒို ရော၊ Godfather ကြီး ရန်းညက်ခ်ပါ မကယ်တင်နိုင်ခဲ့ပါဘူး။ နည်းပြသစ် တန်ဟက်ဂ် အနေနဲ့ ရာသီ အသစ်မှာ အသင်းကို ဘယ်လိုပုံစံမျိုးနဲ့ ပြောင်းလဲ တည်ဆောက်သွားမလဲ ဆိုတာပဲ စောင့်မျှော်ရတော့မှာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
လီဗာပူးလ်
ရီးယဲလ်မက်ဒရစ်
လီဗာပူးလ် အာရှ ဟန်းဒီးကပ် -0.25 @ 1.86
1X2 လီဗာပူးလ် @ 2.19
ဂိုးပေါ် 2.75 @ 2.02
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ချန်ပီယံတိုက်ပွဲ၊ ဥရောပဝင်ခွင့် တိုက်ပွဲတွေ အကြိတ်အနယ် ရှိခဲ့သလို တန်းဆင်းဇုန် တိုက်ပွဲ ကလည်း နောက်ဆုံး အချိန်ထိ အသက်ဝင်ခဲ့ပါတယ်။ အဲဗာတန်တို့ တန်းဆင်းရဖို့ ရာခိုင်နှုန်း များခဲ့ပေမယ့် ဖရန့်ခ်လမ်းပတ်ရဲ့ ဦးဆောင်မှု အောက်မှ အကောင်းဆုံး ပြန်လည် ရုန်းထနိုင်ခဲ့လို့ ပရီးမီးယားလိဂ် ဆက်ကစားခွင့် ရခဲ့သလို လိဒ်စ် ကလည်း နောက်ဆုံး ပွဲမှာ ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့လို့ ၃ ရာသီဆက် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဘန်လေ ကတော့ ကယ်တင်ရှင် ရှောင်ဒိုက်ချ် မရှိတော့တဲ့နောက် ဝက်ဖို့ဒ်၊ နော့ဝှစ်ချ်စီးတီး တို့နဲ့ အတူ စိတ်မကောင်းစွာနဲ့ပဲ တန်းဆင်းသွားခဲ့ရပြီး ပရီးမီးယားလိဂ်ကို အမြန်ဆုံး ပြန်လည် တက်လှမ်းလာနိုင်ဖို့ပဲ မျှော်လင့်ရပါတယ်။

ချန်ပီယံလိဂ် ဝင်ခွင့် – မန်ချက်စတာစီးတီး၊ လစ်ဗာပူးလ်၊ ချဲလ်ဆီး၊ တော့တင်ဟမ်ဟော့စပါး

ယူရိုပါလိဂ် ဝင်ခွင့်- အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်

ယူရိုပါကွန်ဖရင့်လိဂ် ဝင်ခွင့် – ဝက်စ်ဟမ်း

တန်းဆင်း – ဘန်လေ၊ ဝက်ဖို့ဒ်၊ နော့ဝှစ်ချ်စီးတီး၊

ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမား – ကီဗင် ဒီဘရိုင်းနား

သွင်းဂိုးအများဆုံးကစားသမား – ဆွန်ဟောင်မင်၊ မိုဟာမက် ဆာလာ (၂၃) ဂိုး

ရွှေလက်အိတ်ဆု – အယ်လီဆွန် (လစ်ဗာပူးလ်)

ဂိုးဖန်တီးမှုအများဆုံး – မိုဟာမက် ဆာလာ(၁၃) ကြိမ်

သွင်းဂိုး+ဖန်တီးမှု အများဆုံး ကစားသမား – မိုဟာမက် ဆာလာ (၃၆)

စုစုပေါင်း သွင်းဂိုး အရေအတွက် – (၁၀၃၂) ဂိုး

နိုင်ပွဲဆက်မှု အရှည်ကြာဆုံး အသင်း – မန်စီးတီး (၁၂)ပွဲ

ရှုံးပွဲ မရှိမှု အရှည်ကြာဆုံး အသင်း – လစ်ဗာပူးလ် (၁၈)ပွဲ

နိုင်ပွဲ ပျောက်မှု အရှည်ကြာဆုံး အသင်း – နယူးကာဆယ် (၁၄) ပွဲ

ရှုံးပွဲ ဆက်မှု အရှည်ကြာဆုံး အသင်း – ဘရိုက်တန်၊ လိဒ်စ်ယူနိုက်တက်၊ နော့ဝှစ်ချ်စီးတီး၊ ဝက်ဖို့ဒ် (၇) ပွဲ

နှစ်သင်းပေါင်း သွင်းဂိုး အများဆုံးပွဲ – မန်ချက်စတာစီးတီး ၆-၃ လက်စတာစီးတီး

လာမယ့်နှစ် တန်းတတ်လာမယ့် အသင်း – ဖူလ်ဟမ်၊ ဘုန်းမောက်၊ (နော့တင်ဟမ်ဖောရက်စ်နဲ့ ဟက်ဒါဖီးလ် Play-Off ဗိုလ်လုပွဲမှာ အနိုင်ရမယ့် အသင်း)


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်