နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်ဟက်ဂ်ကို ချီးကျူးလိုက်တဲ့ ပိုစတီကိုဂလူး | ပရီးမီးယားလိဂ်

ဒီကနေ့ည စူပါဆန်းဒေး ပရီးမီးယားလိဂ် ပွဲစဉ် ၆ မှာတော့ မန်ချက်စတာယူနိုက်တက် တော့တင်ဟမ်ဟော့စပါးကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲ မတိုင်ခင်မှာတော့ စပါး နည်းပြ အန်ဂျီ ပိုစတီကိုဂလူးက မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို ချီးကျူး စကားတွေ ပြောဆိုလာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး ကတော့ ဒီရာသီ ပရီးမီးယားလိဂ် မှာ ရာသီအစပိုင်းမှာ ခြေစွမ်းပိုင်း အားရစရာ မရှိကြဘဲ နှစ်သင်းစလုံးက ၅ ပွဲ ကစားရာမှာ ၂ ပွဲ နိုင်၊ ၁ ပွဲ သရေ ၂ ပွဲ ရှုံးထားပြီး ရမှတ် ၇ မှတ်စီသာ ပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။ ယူနိုက်တက်က ဒီရာသီမှာ ဘရိုက်တန်နဲ့ လစ်ဗာပူးလ် တို့ကို ရှုံးနိမ့်ထားသလို စပါး ကလည်း နယူးကာဆယ်နဲ့ အာဆင်နယ် တို့ကို ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ နှစ်သင်းစလုံးရဲ့ နည်းပြတွေက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသလို နည်းပြ ထိုင်ခုံလှုပ်နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ကို သုံးရာသီမြောက် အဖြစ် ကိုင်တွယ်နေတဲ့ အဲရစ်ခ် တန်ဟက်ဂ် ကတော့ စပါး နည်းပြ အန်ဂျီ ပိုစတီကိုဂလူးထက် ပိုပြီး ရာထူး မတည်မငြိမ် ဖြစ်နေသူ ဖြစ်ပါတယ်။

တန်ဟက်ဂ်က အခုချိန်အထိ အသင်းမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခြင်း မရှိသေးသလို ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေခဲ့မယ် ဆိုရင်တော့ ရာထူး ကနေ ထုတ်ပယ်ခံရနိုင်ဖွယ်လည်း ရှိနေတာ ဖြစ်ပါတယ်။ ဒီလို ဖိအားတွေနဲ့ ရင်ဆိုင်နေရချိန်မှာ တန်ဟက်ဂ်နဲ့ ပတ်သက်လို့ စပါး နည်းပြ အန်ဂျီ ပိုစတီကိုဂလူးက ထူးဆန်းစွာပဲ ချီးကျူးမှုတွေ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး ကတော့ ဒီရာသီ ပရီးမီးယားလိဂ် မှာ ရာသီအစပိုင်းမှာ ခြေစွမ်းပိုင်း အားရစရာ မရှိကြဘဲ နှစ်သင်းစလုံးက ၅ ပွဲ ကစားရာမှာ ၂ ပွဲ နိုင်၊ ၁ ပွဲ သရေ ၂ ပွဲ ရှုံးထားပြီး ရမှတ် ၇ မှတ်စီသာ ပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။
ရမှတ် ၇ မှတ်စီသာ ပိုင်ဆိုင်ထားကြတဲ့ စပါးနဲ့ ယူနိုက်တက်

ပိုစတီကိုဂလူးက “နည်းပြ တချို့က ဖိအားတွေ အောက်မှာ အမြဲတမ်း ရှိနေရတတ်ပါတယ်။ တန်ဟက်ဂ်က တကယ်ကို ကောင်းမွန်တဲ့ အလုပ် တစ်ခုကို လုပ်ဆောင်နေခဲ့ပါတယ်‌။ နောက်ပြီး သူ ရယူထားခဲ့တဲ့ ဆုဖလား ၂ ခုစလုံးက လည်း အသေးအဖွဲလေးတွေ မဟုတ်ဘူး ဆိုတာကို အမြဲ ပြောလေ့ ရှိပါတယ်။ လူတိုင်းက ကိုယ်လုပ်ဖို့ လိုအပ်နေတာတွေ ရှိနေသေးတယ်လို ပြောနေကြပေမယ့် အဲ့ဒီနောက်မှာတော့ မျှော်လင့်ထားတဲ့ အရာ တစ်ခုက အမြဲတမ်း ရှိနေတတ်ပါတယ်။ ဒါဟာ ခက်ခဲတဲ့ အလုပ် တစ်ခုပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ပိုစတီကိုဂလူးက“အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်နဲ့ ရင်ဆိုင် ယှဉ်ပြိုင်ဖို့ ဆိုတာ ခက်ခဲပါတယ်။ နည်းပြက ဘယ်သူပဲ ဖြစ်နေနေပါ ယူနိုက်တက်ရဲ့ အိမ်ကွင်း မှတ်တမ်းတွေက အထင်ကြီးစရာ မှတ်တမ်းကောင်းတွေ ဖြစ်နေတုန်းပါပဲ။ ဒါကလည်း ကျွန်တော်တို့ အသင်း အတွက် အဆင်သင့် ဖြစ်နေရမယ့် အရာ တစ်ခုပါပဲ။” လို့ ပိုစတီကိုဂလူးက ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်က နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ သရေကျခဲ့ပြီး စပါး ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲဆက် ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ခြေစွမ်းပိုင်းအရ မဆိုးလှပေမယ့် တိုက်စစ်ပိုင်း ကတော့ ဂိုးသွင်းနိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်ပြီး ဂိုးရဖို့ ရုန်းကန်နေရကာ နိုင်ပွဲတွေလည်း ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်