ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး နည်းပြ အန်ဂျီ ပိုစတီကိုဂလူး ကတော့ ရာထူး ကနေ ထုတ်ပယ်ခံရမှာကို စိုးရိမ်ပူပန်မိကြောင်း ဝန်ခံ ပြောကြားလာခဲ့ပါတယ်။ ပိုစတီကိုဂလူးရဲ့ အသင်းက ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၄ ပွဲအထိ ရှိထားပြီးတော့ ယူရိုပါလိဂ်နဲ့ ခရာဘောင်ဖလား မှာတော့ ရလဒ်တွေ ကောင်းမွန်နေတာ ဖြစ်ပါတယ်။
စပါးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၉ ပွဲ ကစားပြီးချိန်မှာ ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၄ ပွဲ ရှုံး ရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရှိနေပြီး ချန်ပီယံလိဂ် ဝင်ခွင့် နေရာနဲ့တော့ ၅ မှတ် ပြတ်တောက်နေခဲ့ပါတယ်။ စပါးက ယူရိုပါလိဂ် မှာတော့ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အတူ လိဂ် အဆင့် အမှတ်ပေးဇယားကို ဦးဆောင်နေသလို ခရာဘောင်ဖလား မှာလည်း မန်စီးတီးကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းထားနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ဟာ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီလို အခြေအနေမှာ ရလဒ်ပိုင်း ဆိုးရွားနေတဲ့ စပါးရဲ့ အခြေအနေနဲ့ ပတ်သတ်လို့ နည်းပြ ပိုစတီကိုဂလူးကို မေးမြန်းရာမှာတော့ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ပိုစတီကိုဂလူးက “ကျွန်တော် စိတ်ပူပါတယ်။ ဒါပေမယ့် ဘယ်အလုပ်မှ အာမခံချက် မရှိပါဘူး။ နည်းပြတွေ အတွက် သတ်မှတ်ထားတဲ့ ကာလလည်း မရှိပါဘူး။ ဒါပေမယ့် ရာထူး ကနေ ထုတ်ပယ်ခံရမယ်လို့တော့ တစ်ချိန်လုံး စိတ်ပူနေလို့ မရပါဘူး။ လုပ်စရာရှိတာ ဆက်လုပ်ရမှာပေါ့။” လို့ ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာ အဲရစ်ခ် တန်ဟက်ဂ် ထုတ်ပယ်ခံရပြီးနောက် ပရီးမီးယားလိဂ် မှာလည်း ထပ်မံ ထုတ်ပယ်ခံရနိုင်တဲ့ နည်းပြ အဖြစ် ဆောက်သမ်တန် နည်းပြ ရပ်ဆဲလ် မာတင်က ရေပန်းအစားဆုံး ဖြစ်နေပြီး ပိုစတီကိုဂလူး ကတော့ အဆင့် ၁၀ နေရာမှာသာ ရှိနေခဲ့ကြောင်း သိရပါတယ်။
ဩစတြေးလျ လူမျိုး နည်းပြ အန်ဂျီ ပိုစတီကိုဂလူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးကို စတင် ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ပိုစတီကိုဂလူးက သူရဲ့ စပါး နည်းပြ ဘဝ ပွဲဦးထွက်ရာသီ မှာတော့ အသင်းကို ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာမှာ ရပ်တည်နိုင်စေခဲ့သလို ယူရိုပါလိဂ် ဝင်ခွင့်လည်း ရရှိစေခဲ့ပါတယ်။ အသင်းနဲ့ ပွဲဦးထွက် ရာသီမှာ အခုလို စွမ်းဆောင်နိုင်ခဲ့တာက ကိစ္စမရှိပေမယ့်လည်း ဒုတိယမြောက် ရာသီ မှာတော့ ပိုစတီကိုဂလူးရဲ့ စပါး ဟာ ပရီးမီးယားလိဂ် ၉ ပွဲ ကစားပြီးချိန် အတွင်း ရှုံးပွဲက ၄ ပွဲ အထိတောင် ရှိလာခဲ့သလို ပဲလေ့စ်လို နိုင်ပွဲ လုံးဝ မရှိသေးတဲ့ အသင်း ကိုပါ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.