နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဥရောပဝင်ခွင့် ရရှိတာက ချဲလ်ဆီး အတွက် အဓိက ခြေလှမ်း ဖြစ်လာမယ် ဆိုတဲ့ ပိုချက်တီနို | ပရီးမီးယားလိဂ်

countdown banner

အကယ်၍ ချဲလ်ဆီးတို့ ဥရောပဝင်ခွင့် ရရှိခဲ့မယ် ဆိုရင် အံ့အားသင့်စရာ ဖြစ်လိမ့်မယ်လို့ မော်ရူစီယို ပိုချက်တီနိုက ဘရိုက်တန် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင် ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ မနက်ဖြန် မနက် အစောပိုင်းမှာ ဘရိုက်တန်ကို American Express ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး သူတို့ရဲ့ ဥရောပဝင်ခွင့် မျှော်လင့်ချက် အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်လာမှာပါ။

အာဂျင်တီးနား လူမျိုး နည်းပြ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ချဲလ်ဆီးကို ရောက်ရှိလာခဲ့ပြီး သူစတင် ကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ နိုင်ပွဲ ၃ ပွဲသာ ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ချဲလ်ဆီးဟာ မလိုအပ်တဲ့ အမှားတွေနဲ့ အတူ ရုန်းကန်ခဲ့ရပြီး အမှတ်ပေးဇယား အလယ်လောက် အထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လန်ဒန် ကလပ်က အာဆင်နယ်ကို အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် ကစားခဲ့တဲ့ ၄ ပွဲမှာ ဗီလာနဲ့ သရေ၊ စပါး၊ ဝက်စ်ဟမ်းနဲ့ ဖောရက်စ် တို့ကိုတော့ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ကျန် ပွဲစဉ် ၂ ပွဲ ကစားဖို့ ကျန်ရှိချိန်မှာ ချဲလ်ဆီးက ဥရောပ ဝင်ခွင့် တစ်နေရာရဖို့ မျှော်လင့်ချက် ရှိလာခဲ့ပြီး နယူးကာဆယ်၊ ယူနိုက်တက် တို့နဲ့ အပြိုင် လုရတော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ချဲလ်ဆီးက ပရီးမီးယာလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး အဆင့် ၆ နေရာက နယူးကာဆယ်နဲ့ ရမှတ်တူနေပြီး အဆင့် ၈ နေရာက ယူနိုက်တက်ကိုတော့ ၃ မှတ် ဖြတ်ထားနိုင်ပြီး ဂိုးကွာခြားချက်လည်း မြင့်မားနေပါတယ်။
ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့်ရဖို့ ကြိုးပမ်းနေတဲ့ ချဲလ်ဆီး

လက်ရှိမှာ ချဲလ်ဆီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး အဆင့် ၆ နေရာက နယူးကာဆယ်နဲ့ ရမှတ်တူနေပြီး အဆင့် ၈ နေရာက ယူနိုက်တက်ကိုတော့ ၃ မှတ် ဖြတ်ထားနိုင်ပြီး ဂိုးကွာခြားချက်လည်း မြင့်မားနေပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ လက်ကျန် နှစ်ပွဲမှာ ဘရိုက်တန်၊ ဘုန်းမောက် တို့နဲ့ ကစားဖို့ ရှိပြီး နယူးကာဆယ်က ယူနိုက်တက်၊ ဘရန့်ဖို့ဒ်၊ မန်ယူနိုက်တက်က နယူးကာဆယ်၊ ဘရိုက်တန် တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ၃ သင်းဟာ ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့် အတွက် မျှော်လင့်ချက် ကိုယ်စီ ရှိနေကြသေးတာ ဖြစ်ပါတယ်။

ပိုချက်တီနိုက “အသင်းက ရာသီဝက်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေပါတယ်။ ဒါကြောင့် နောက်ဆုံး နှစ်ပွဲမှာ ကောင်းကောင်း ကစားနိုင်ရင် ဥရောပဝင်ခွင့် ရဖို့ အလားအလာ ရှိပါတယ်၊ ဒါက ကျွန်တော်တို့ အတွက် အံ့အားသင့်စရာ ဖြစ်လာမှာပါ။”

“တကယ်လို့ ကျွန်တော်တို့ အကောင်းဆုံး ပြီးမြောက်အောင် လုပ်ဆောင်နိုင်ရင် ဥရောပဝင်ခွင့် ရနိုင်ပါတယ်။ ဒါမှလည်း နောက်ရာသီမှာ ကျွန်တော်တို့ အခုရာသီထက် ပိုကောင်းတဲ့ အနေအထား၊ မျှော်လင့်ချက်တွေနဲ့ စတင်နိုင်မှာပါ။

ဘရိုက်တန်နဲ့ ချဲလ်ဆီးက ၁၇ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘရိုက်တန်က ၃ ကြိမ် နိုင်၊ ၅ ကြိမ် သရေကျပြီး ချဲလ်ဆီးက ၉ ကြိမ် အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် တွေ့ဆုံမှု ၅ ကြိမ် မှာတော့ ဘရိုက်တန်က ၂ ကြိမ်နိုင်၊ ၂ ကြိမ် သရေကျခဲ့ပြီး ချဲလ်ဆီးက ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။ ဘရိုက်တန်ကွင်း နောက်ဆုံး ၃ ကြိမ် တွေ့ဆုံမှု မှာတော့ ဘရိုက်တန်က ၁ ကြိမ် နိုင်၊ ၁ ကြိမ် သရေကျပြီး ချဲလ်ဆီးက ၁ ကြိမ် အနိုင်ရထားပါတယ်။ ဘရိုက်တန်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရလဒ်ကောင်းခဲ့ပြီးတော့ ရှုံးပွဲတွေကို ရပ်တန့်ထားနိုင်ခဲ့ပါတယ်။ လက်ရှိ အမှတ်ပေးဇယား ၁၀ နေရာမှာ ရပ်တည်နေတဲ့ ဘရိုက်တန်က ဥရောပဝင်ခွင့် မျှော်လင့်ချက် မရှိတော့ပေမယ့် နိုင်ပွဲတွေနဲ့ ရာသီသိမ်းနိုင်ဖို့ ကြိုးပမ်းလာမှာပါ။

ချဲလ်ဆီးနဲ့ မကစားမီ ဘရိုက်တန် နည်းပြ ရော်ဘတ်တို ဒီဇာဘီက “ ကျွန်တော် အဆင့် ၁၀ အတွင်း ကနေ ရာသီသိမ်းချင်ပါတယ်။ ဘာလို့လဲဆိုတော့၊ တနင်္ဂနွေနေ့ ပြီးရင် ကျွန်တော်တို့ အားလပ်ရက် သွားတော့မှာမို့လို့ပါ။ အားလပ်ရက်မှာ၊ ကျွန်တော် တို့မှာ (နောက်ဆုံး နှစ်ပွဲ ကနေ) အမှတ်မရခဲ့ရင် အဆင်ပြေမှာ မဟုတ်ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘရိုက်တန်ဟာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် ၂ ပွဲ အဖြစ် ချဲလ်ဆီး၊ ယူနိုက်တက် တို့လို အသင်းကြီးတွေနဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်