နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဆုံးသတ် သေချာတဲ့ တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ ပေါလ်စခိုး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တဝင် ပေါလ်စခိုး ကတော့ သူ့ရဲ့ အသင်းဟောင်းကို ‘ဂိုးအာမခံချက်’ ပေးနိုင်တဲ့ ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ အကြံပြုသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ဘိုလော့ဂ်နာက နယ်သာလန် တိုက်စစ် ကြယ်ပွင့် ဂျော်ရွှာ ဇီယက်ခ်ဇီးကို ယူရို ၄၂ သန်းခွဲနဲ့ ခေါ်ယူထားခဲ့ပေမယ့် ပေါလ် စခိုး ကတော့ အဆုံးသတ် သေချာမယ့် တိုက်စစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူဖို့ အတွက် တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်က ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဒိန်းမတ် တိုက်စစ် ကြယ်ပွင့်လေး ရက်စ်မတ်စ် ဟွိုက်ဂျ်လန်းကို ပေါင် ၇၂ သန်း + အပိုဆုကြေးတွေနဲ့ ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း အသက် ၂၁ နှစ် အရွယ် ကစားသမားလေးက ပရီးမီးယားလိဂ် နဲ့ အသားကျဖို့ အနည်းငယ် ရုန်းကန်ခဲ့ရပြီး ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၄၃ ပွဲ ကစားရာမှာ ၁၆ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဟွိုက်ဂျ်လန်း အနေနဲ့ ယူနိုက်တက်ကို ရောက်ရောက်ချင်းမှာ ကစားရခက်ခဲခဲ့ပေမယ့် နောက်ပိုင်း ပွဲတွေမှာတော့ တဖြည်းဖြည်း အသားကျလာခဲ့တာ တွေ့ရပြီး ယူနိုက်တက် ပရိသတ်တွေ သဘောကျတဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

နည်းပြ အဲရစ်ခ် တန်ဟက်ဂ် အနေနဲ့ အခုရာသီမှာတော့ ဟွိုက်ဂျ်လန်းကို တိုက်စစ်မှူးသစ် ဂျော်ရွှာ ဇီယက်ခ်ဇီးနဲ့ တွဲဖက် ကစားစေဖို့ စဉ်းစားထားသလို တချို့ သတင်းတွေမှာတော့ နောက်ထပ် အထောင်တိုက်စစ်မှူး သစ် တစ်ဦးကို ထပ်မံ ခေါ်ယူ အားဖြည့်ဖို့ စဉ်းစားနေတယ်လို့လည်း ဖော်ပြလျက်ရှိပါတယ်။ အသက် ၂၃ နှစ် အရွယ်သာ ရှိနေသေးတဲ့ ဇီယက်ခ်ဇီးဟာ ဟွိုက်ဂျ်လန်းလောက် ပရီးမီးယားလိဂ် အတွေ့အကြုံ များစွာ မရှိပေမယ့်လည်း အရည်အသွေးပြည့်မီတဲ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

ဒီလိုအချိန်မှာ ပေါလ်စခိုးက သူ့အသင်းရဲ့ တိုက်စစ်ပိုင်း ပိုမို တောင့်တင်းစေဖို့ လိုလားလျက် ရှိပြီး အိုင်ဗန် တိုးနေး၊ ဒေါမနစ် ကဲလ်ဗတ်လီဝင်း တို့လို့ အဆုံးသတ် သေချာတဲ့ တိုက်စစ်မှူး တစ်ဦး ထပ်မံခေါ်ယူစေချင်နေတာ ဖြစ်ပါတယ်။ ဒီကစားသမား နှစ်ဦးထဲကမှ အိုင်ဗန် တိုနေးဟာ ယူနိုက်တက်နဲ့ အစောပိုင်းမှာထဲက သတင်းတွေ ထွက်နေသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ ကလပ် ဘရန့်ဖို့ဒ်က အိုင်ဗန် တိုနေးကို ပြောင်းရွှေ့ကြေး မြိုးမြိုးမြတ်မြတ် ရမှ ရောင်းထုတ်ချင်နေတာကြောင့် သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ ခက်ခဲနေရတာ ဖြစ်ပါတယ်။ အင်္ဂလန် လက်ရွေးစင် အိုင်ဗန် တိုနေးဟာ ဘရန့်ဖို့ဒ်မှာ ပွဲပေါင်း ၁၄၁ ပွဲ ကစားပြီး ၇၂ ဂိုး သွင်းယူထားသူ ဖြစ်ပါတယ်။ ကြံခိုင်မှု၊ အတိုးအလှုပ် ကောင်းတဲ့ တိုက်စစ်မှူး ဖြစ်ပြီး နေရာယူ မှန်ကန်သလို ဂိုးသွင်းသေချာသူလည်း ဖြစ်ပါတယ်။

အဲဗာတန် တိုက်စစ်မှူး ကဲလ်ဗတ်လီဝင်း ကလည်း အရည်အသွေးရှိတဲ့ ကစားသမားကောင်း တစ်ဦး ဖြစ်ပေမယ့် မကြာခဏ ဆိုသလို ကြံ့ခိုင်မှုပိုင်းမှာ အားနည်းသူ ဖြစ်ပါတယ်။ သူကတော့ အသက် ၂၇ နှစ် ရှိပြီ ဖြစ်ပြီး အဲဗာတန် အတွက် ၂၄၇ ပွဲ ကစားပြီး ၆၈ ဂိုး သွင်းယူပေးထားပါတယ်။ ကဲလ်ဗတ်လီဝင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အဲဗာတန် အတွက် ပြိုင်ပွဲစုံ ၃၈ ပွဲ ပါဝင်ကစားပေးခဲ့ပေမယ့် ရှေ့ နှစ်ရာသီမှာတော့ တစ်ရာသီကို ၁၈ ပွဲလောက်ပဲ ကစားနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒီလို အချက်အလက်တွေကြောင့် ယူနိုက်တက် အနေနဲ့ တိုက်စစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူသွားမလား ဒါမှမဟုတ် တန်ဟက်ဂ် အနေနဲ့ အသင်းမှာ ရှိတဲ့သူတွေကိုပဲ ကစားသမားသစ်တွေနဲ့ တွဲဖက် အသုံးပြုသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်