နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လစ်ဗာပူးလ်ကို နိုင်ရင် အာဆင်နယ် ချန်ပီယံ ဖြစ်ပြီ ဆိုတဲ့ ပေါလ် မာဆွန်၊ မေဆန်မောင့်ကို နေရာပေးမယ်လို့ ကတိပေးလိုက်တဲ့ လမ်းပတ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

countdown banner

လစ်ဗာပူးလ်ကို နိုင်ရင် အာဆင်နယ် ချန်ပီယံ ဖြစ်ပြီ ဆိုတဲ့ ပေါလ် မာဆွန်၊ မေဆန်မောင့်ကို နေရာပေးမယ်လို့ ကတိပေးလိုက်တဲ့ လမ်းပတ် စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၇ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လစ်ဗာပူးလ်ကို နိုင်ရင် အာဆင်နယ် ချန်ပီယံ ဖြစ်ပြီလို့ ဆိုလိုက်တဲ့ ပေါလ် မာဆွန်

အာဆင်နယ် ကစားသမားဟောင်းနဲ့ ဘောလုံး ပွဲခန့်မှန်းသူ ပေါလ် မာဆွန်က ဒီတပတ်မှာ ကစားရမယ့် လစ်ဗာပူးလ်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်မှာ အနိုင်ရခဲ့မယ် ဆိုရင် အာဆင်နယ်တို့ အမှတ်ပေးဖလား ရရှိပြီလို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် မာဆွန်က ဒီပွဲဟာ အာဆင်နယ် အတွက် ခက်ခဲလိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
ခရစ္စတယ်ပဲလေ့စ်
1X2 လိဒ်ယူနိုက်တက် 2.09
လိဒ်ယူနိုက်တက် အာရှ ဟန်းဒီးကပ် -0.75 @ 2.42
ဂိုးပေါ် 2.25 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ မန်ချက်စတာစီးတီးကို ၈ မှတ် ဖြတ်တောက်ထားပြီး လက်ကျန်ပွဲ ၁၀ ပွဲ ကစားဖို့ ကျန်နေသေးတာ ဖြစ်ပါတယ်။ မန်စီးတီးက အမီလိုက်ဖို့ အတွက် အားထုတ်နေပေမယ့် အာဆင်နယ် ကလည်း အမှားအယွင်း မရှိနဲ့ ရှေ့ဆက်နေခဲ့ပြီး လာမယ့် ပွဲစဉ်တွေဟာ အာဆင်နယ် အတွက် အရေးပါတဲ့ ပွဲစဉ်တွေ အဖြစ် ရှိနေခဲ့ပါတယ်။

ပေါလ် မာဆွန်က “ ဒီပွဲကို နိုင်ခဲ့မယ် ဆိုရင် အာဆင်နယ် ဖလားရပါပြီ။ သူတို့က ခြေစွမ်းပြနေတဲ့ နယူးကာဆယ်နဲ့ ကစားဖို့လည်း ရှိနေသေးပေမယ့် လစ်ဗာပူးလ် ကိုသာ အနိုင်ရခဲ့မယ် ဆိုရင် နယူးကာဆယ်ကို မနိုင်လည်း ဘာမှမဖြစ်ပါဘူး၊ အာဆင်နယ် အတွက် ဒီပွဲက ခက်ခဲမှာပါ၊ အနိုင်ရမယ် ဆိုရင်လည်း ဆုဖလား အတွက် သေချာသွားပါပြီ” လို့ ပြောဆိုခဲ့ပါတယ်။


မေဆန်မောင့်ကို နေရာပေးမယ်လို့ ကတိပေးလိုက်တဲ့ လမ်းပတ်

ချဲလ်ဆီးကို ရာသီကုန် ကိုင်တွယ်ပေးရတော့မယ့် ဖရန့်ခ် လမ်းပတ် ကတော့ သူ့တပည့်ဟောင်း မေဆန်မောင့်ကို အသင်းမှာ နေရာပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ မေဆန်မောင့်ဟာ လမ်းပတ် ဒါဘီ အသင်းကို ကိုင်တွယ်ချိန်တုန်းကလည်း အငှားနဲ့ ကစားခဲ့ပြီး ခြေစွမ်းပြခဲ့ကာ ချဲလ်ဆီး နည်းပြ အဖြစ် ပထမအကြိမ် လမ်းပတ် တာဝန်ယူတုန်း ကလည်း အဓိက ကစားသမား ဖြစ်ခဲ့ပါတယ်။

လမ်းပတ်က “ မေဆန်မောင့်က ကျနော့် အတွက်တော့ အမြဲတမ်း ကောင်းမွန်တဲ့ ကစားသမားပါ၊ သူ့ဆီကနေ ဘာတွေရယူနိုင်လဲ ဆိုတာကို ကျနော်သိတယ်၊ သူ့ စွမ်းဆောင်ရည်ကို ကွင်းထဲမှာ မြင်ချင်ပါတယ်၊ သူက ချဲလ်ဆီး အတွက်တော့ အရေးကြီးတဲ့ ကစားသမားပါ” လို့ ဒုတိယအကြိမ် ချဲလ်ဆီး နည်းပြ ဖြစ်လာချိန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

ဒါကြောင့် ရာသီကုန်မှာ အသင်း ပြောင်းရွှေ့နိုင်တယ် လို့ပါ သတင်းတွေ ထွက်နေပြီး ဘေယန်မြူးနစ်နဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် လစ်ဗာပူးလ် တို့က သူ့ကို စိတ်ဝင်စားနေပါတယ်။
မေဆန်မောင့်ကို ပုံမှန် ပွဲထွက်ခွင့်ပေးမလို့ ကတိပေးလိုက်တဲ့ လမ်းပတ်

မေဆန်မောင့် ကတော့ ဒီရာသီမှာ ခြေစွမ်း ကျဆင်းနေပြီး ဂရေဟမ် ပေါ်တာ လက်အောက်မှာ ပုံမှန် ကစားခွင့်ပါ ပျောက်ဆုံးနေသူ ဖြစ်ပါတယ်။ ဒါကြောင့် ရာသီကုန်မှာ အသင်း ပြောင်းရွှေ့နိုင်တယ် လို့ပါ သတင်းတွေ ထွက်နေပြီး ဘေယန်မြူးနစ်နဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် လစ်ဗာပူးလ် တို့က စိတ်ဝင်စားနေပါတယ်။


လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်တဲ့ အဲရစ်ခ်ဆန်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ခ်ဆန်ဟာ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီလို့ သိရပါတယ်။ ဒိန်းမတ် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းက ရက်ဒင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့လို့ အနားယူနေခဲ့ရတာ ဖြစ်ပြီး အခုမှသာ ပြန်လည် လေ့ကျင့်နိုင်တာ ဖြစ်ပါတယ်။

ဒါဟာ ကက်စ်မဲရိုး ပွဲပယ်ခံထားရလို့ ကွင်းလယ်ပိုင်း အားနည်းနေပြီး အသင်း ကစားပုံနဲ့ ရလဒ်ပါ ယိမ်းယိုင်သွားတဲ့ ယူနိုက်တက် အတွက် သတင်းကောင်း ဖြစ်လာခဲ့ပါတယ်။ ဒီရာသီမှာ ယူနိုက်တက်ကို အလွတ် ပြောင်းရွှေ့လာခဲ့တဲ့ အဲရစ်ခ်ဆန်ဟာ ရောက်ရောက်ချင်းမှာပဲ ခြေစွမ်းပြနေသလို အဲရစ်ခ် တန်ဟက်ဂ် အတွက် အားထားရတဲ့ ကွင်းလယ်လူ အဖြစ် ရှိနေခဲ့ပါတယ်။

အဲရစ်ခ်ဆန် ဒဏ်ရာရခဲ့လို့ ယူနိုက်တက်ဟာ ဘေယန်မြူးနစ် ကွင်းလယ်လူ ဆာဘစ်ဇာကို အငှားနဲ့ ခေါ်ယူခဲ့ရပါတယ်။ အဲရစ်ခ်ဆန် အနားယူရချိန်မှာ ကက်စ်မဲရိုးနဲ့ ကျားကန်ထားနိုင်ခဲ့ပေမယ့် ကက်စ်မဲရိုးပါ ဒဏ်ရာရသွားချိန် မှာတော့ တန်ဟက်ဂ်လည်း အခက်တွေ့ခဲ့ရပြီး ယူနိုက်တက်ရဲ့ ကစားပုံ ကလည်း သိသိသာသာ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်