နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘမ်းဖို့ဒ်ရဲ့ နောက်ဆုံး မိနစ် ချေပဂိုးကြောင့် အဲလန်ရုတ်ဒ်မှာ သရေ ၁ မှတ် ရခဲ့တဲ့ လိဒ်စ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

countdown banner

လိဒ်စ်ယူနိုက်တက် ၂ – ၂ ဘရန့်ဖို့ဒ်

လိဒ်စ်ယူနိုက်တက်နဲ့ ဘရန့်ဖို့ဒ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၅) ထိပ်တိုက်တွေ့ဆုံမှု ကတော့ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး တစ်ဖက် ၂ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ လိဒ်စ်တို့ လီယမ် ကူပါး၊ ကယ်ဗင် ဖီးလစ် တို့လို အဓိက ကစားသမားတွေ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ပွဲချိန် တချို့မှာ ရုန်းကန်ခဲ့ရပြီး လူစားဝင် တိုက်စစ်မှူး ပက်ထရစ် ဘမ်းဖို့ဒ်ရဲ့ နောက်ဆုံး မိနစ် ချေပဂိုးကြောင့်သာ အိမ်ကွင်းမှာ အဖိုးတန် သရေ ၁ မှတ် ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲ မရှိအောင် ကစားနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၁၄ နေရာအထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ဘရန့်ဖို့ဒ် ကတော့ နောက်ဆုံး ၂ ပွဲဆက် ရှုံးပွဲ ပြန်တွေ့ပြီး အဆင့် ၁၂ နေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေတဲ့ ဘရန့်ဖို့ဒ်

ဒီနေ့ပွဲမှာ မာဆယ်လို ဘီရဲယ်ဆာရဲ့ အသင်းက ထူးထူးခြားခြားပဲ ပုံမှန် အသုံးပြုနေကျ ၄-၁-၄-၁ အစား ၄-၂-၃-၁ ကစားကွက်နဲ့ ပြောင်းလဲ ပွဲထွက်လာခဲ့ပြီး ဧည့်သည် ဘရန့်ဖို့ဒ် ကတော့ ခံစစ် အသားပေး ၃-၅-၂ ကစားကွက်နဲ့ ရင်ဆိုင်လာခဲ့ပါတယ်။ လိဒ်စ်ယူနိုက်တက်မှာ ရော်ဘင်ကော့ချ် တစ်ဦး ကလွဲလို့ ကျန်အဓိက ကစားသမား အများစု ဒဏ်ရာပြသနာ ကင်းရှင်းသွားခဲ့ပေမယ့် အထောင် တိုက်စစ်မှူး နေရာမှာ ပက်ထရစ် ဘမ်းဖို့ဒ် အစား တိုင်လာ ရောဘတ်စ်ကို ပွဲထွက်စေခဲ့ပါတယ်။ ကွင်းလယ်နဲ့ တောင်ပံ မှာတော့ ဒန်ဂျိမ်းစ်၊ ဒါးလက်စ်၊ ရာဖင်ညာ၊ ကယ်ဗင်ဖီးလစ်၊ ဖော်ရှော၊ ခံစစ်နဲ့ ဂိုးမှာတော့ ယော်ယန်းတေး၊ လီယမ်ကူပါး၊ လုခ်အေးလင်း၊ ဂျူနီယာ ဖီယာပို၊ မက်စ်လေယာ တို့နဲ့ ပါဝင်လာခဲ့ပါတယ်။ ဘရန့်ဖို့ဒ် ကတော့ အဓိက ကစားသမားတွေ ဒဏ်ရာပြသနာ ရှိနေဆဲ ဖြစ်ပေမယ့် အန်ဘူအမ်မို၊ ကေးညော့စ်၊ နော့ဂတ်၊ ဂျန်ဆန် တို့လို့ အမာခံတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။

ထုံးစံအတိုင်း Pressing Game ကစားတဲ့ လိဒ်စ်တို့ပဲ ပွဲစကတည်းက ဘောလုံး ပိုင်ဆိုင်မှု အသာစီးရယူပြီး ဘရန့်ဖို့ဒ် ဘက်ကို ထိုးဖောက်မှု‌တွေ ပြုလုပ်ခဲ့ပါတယ်။ တိုက်စစ်က တိုင်လာရောဘတ်စ် အနေနဲ့ ပုံစံကောင်း တစ်ခု ပြသနိုင်ခဲ့ပြီး ပွဲကစားချိန် ၂၇ မိနစ်မှာပဲ အိမ်ရှင်တို့ အတွက် ဦးဆောင်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ ရာဖင်ညာရဲ့ အကွက်မြင်မြင် ဖန်တီး ပေးပို့မှုကို တိုင်လာရောဘတ်စ်က ပြေးဝင် ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၁၅ မိနစ်မှာ အဓိက နောက်ခံလူ လီယမ်ကူပါး ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာက လိဒ်စ် ခံစစ်ကို အနည်းငယ် အားနည်းသွားစေခဲ့ပြီး ဘရန့်ဖို့ဒ်ကို အခွင့်အရေးတွေ ပေးမိသလို ဖြစ်ခဲ့ပါတယ်။ ပထမပိုင်း အပြီးမှာ အိမ်ရှင်တို့ ၁-၀ ရလဒ်နဲ့ ဦးဆောင်နေခဲ့ပေမယ့် ဒုတိယပိုင်း ၅၄ မိနစ် မှာတော့ ဘရန့်ဖို့ဒ်တို့ ချေပဂိုး ရရှိသွားခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ရှန်ဒွန် ဘက်ပ်တစ္စတီက အဝေးကန်ချက်နဲ့ အမှတ်မထင် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ကွင်းလယ်က ကယ်ဗင်ဖီးလစ် ဒဏ်ရာရသွားခဲ့ပြန်လို့ ကလစ်ခ်နဲ့ လူစားလဲခဲ့ရပြီး လိဒ်စ်တို့ တော်တော်လေး ကစားပုံ ပျက်သွားခဲ့ပါတယ်။ ကစားအားကျသွားတာကို အခွင့်အရေး ယူနိုင်ခဲ့တဲ့ ဘရန့်ဖို့ဒ်တို့ ပွဲချိန် ၆၁ မိနစ် မှာတော့ ကေးညော့စ်ရဲ့ သွင်းဂိုးကြောင့် ၁-၂ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး အိမ်ရှင် နောက်က လိုက်ကစားခဲ့ရပါတယ်။ လက်ကျန် မိနစ်တွေမှာ လိဒ်စ်ယူနိုက်တက်က ခံစစ်က ဖီယာပိုကို ထုတ်ပြီး ပက်ထရစ် ဘမ်းဖို့ဒ် ထည့်သွင်းကစားခဲ့တာကြောင့် တိုက်စစ် ကစားပုံ ပိုကောင်းလာခဲ့ပါတယ်။ အဲ့နောက် မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင် အချိန်ပို နောက်ဆုံး မိနစ်မှာ ရတဲ့ ထောင့်ကန်ဘော ကနေ တိုက်စစ်မှူး လူစားဝင် တိုက်စစ်မှူး ဘမ်းဖို့ဒ်က အကောင်းဆုံး အဆုံးသတ် ပေးခဲ့လို့ ၂-၂ ရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပြီး နှစ်သင်းလုံး သရေ ၁ မှတ်စီနဲ့ပဲ ကျေနပ်ခဲ့ကြရပါတယ်။

အခုပွဲဟာ လိဒ်စ်ယူနိုက်တက် အတွက် ၇ ပွဲမြောက် သရေပွဲ ဖြစ်ခဲ့ပြီး အခုနှစ် ပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက် သရေပွဲ အများဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲ မရှိအောင် ကစားနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၁၄ နေရာအထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ဘရန့်ဖို့ဒ် ကတော့ နောက်ဆုံး ၂ ပွဲဆက် ရှုံးပွဲ ပြန်တွေ့ပြီး အဆင့် ၁၂ နေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။

ပရီးမီးယား လိဂ်
အာဆင်နယ်
ဆောက်သမ်တမ်
ဂိုးပေါ် 2.75 @ 2.03
1X2 အာဆင်နယ် @ 1.64
ဂိုးပေါင်း 2-3 @ 1.96
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲ မှာလည်း လိဒ်စ်ယူနိုက်တက်ရဲ့ ပုံစံကောင်း တစ်ခုကို မြင်တွေ့ခဲ့ရပြီး တကယ်တမ်း ဆိုရင် နိုင်ပွဲ တစ်ပွဲ ရနိုင်တဲ့ ခြေစွမ်းမျိုး ရှိခဲ့ပါတယ်။ လီယမ်ကူပါးနဲ့ ကယ်ဗင် ဖီးလစ်တို့ ဒဏ်ရာရသွားတာကြောင့်သာ ကစားအား သိသိသာသာ လျော့သွားခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ တိုင်လာရောဘတ်စ်ရဲ့ တိုးတက်လာတဲ့ ခြေစွမ်းကို မြင်တွေ့ခဲ့ရပြီး ဒဏ်ရာက ပြန်လည် သက်သာလာပြီး ပထမဦးဆုံး ဝင်ကစားတဲ့ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဘမ်းဖို့ဒ် ကတော့ လိဒ်စ်ယူနိုက်တက် တိုက်စစ် အတွက် ဘယ်လောက်အထိ အရေးပါတဲ့ ကစားသမား ဖြစ်တယ် ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ် ကတော့ အဓိက ကစားသမားတွေ ဒဏ်ရာပြသနာကြောင့် လွဲချော်ခဲ့မှုနဲ့ အတူ အနိုင်ဂိုးကို ပွဲချိန်ပြည့် မထိန်းနိုင်ခဲ့လို့ စိတ်ပျက်စရာ ပွဲတစ်ပွဲ ဖြစ


ခဲ့ရပါတယ်။

လာမယ့်ပွဲစဉ်များ လိဒ်စ်ယူနိုက်တက် အနေနဲ့ လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ချဲလ်ဆီးနဲ့ အရေးပါတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပြီး ဘရန့်ဖို့ဒ် ကတော့ ဝက်ဖို့ဒ်နဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်