ချဲလ်ဆီး အသင်းရဲ့ အဓိက ကွင်းလယ် တိုက်စစ် ကစားသမား ကိုးလ် ပါးလ်မာ ကတော့ သူတို့ အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်ခြင်း မရှိဘူးလို့ ပြောကြားလာခဲ့ပါတယ်။ ပါးလ်မားက အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ၁-၂ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် Boxing Day မှာ ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရသလို ဦးဆောင်ဂိုးလည်း သွင်းယူနိုင်ခဲ့ပေမယ့် မထင်မှတ်ပဲ ရှုံးပွဲ တွေ့ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အဲဒီပွဲမှာ ပွဲချိန် ၁၆ မိနစ်မှာ သွင်းယူခဲ့တဲ့ ကိုးလ် ပါးလ်မားရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီး အနိုင်ရလဒ်ကို ပွဲချိန် ၈၂ မိနစ် အထိ ထိန်းထားနိုင်ခဲ့ပေမယ့်လည်း ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်တိုက် ပေးခဲ့ရကာ ပွဲအပြီး မှာတော့ ၁-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ပွဲအပြီးမှာ ကိုးလ် ပါးလ်မားက သူတို့ အသင်း အနေနဲ့ လက်ရှိရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်လင့်နိုင်သည့် အနေအထားမှာ ရှိမနေကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပါးလ်မားက “ပွဲပြီးခါနီးရောက်မှ အရှုံးပေးလိုက်ရတာက တကယ်ကို ခက်ခဲပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်း ကစားပြနိုင်ခဲ့ပြီး ပွဲကိုလည်း ထိန်းချုပ်နိုင်ခဲ့သလို အခွင့်အရေး အနည်းငယ်လည်း ရခဲ့ပါသေးတယ်။ ဒုတိယပိုင်း မှာတော့ ကျွန်တော် တို့ ထိန်းချုပ်မှု အနည်းငယ် ဆုံးရှုံးခဲ့ပါတယ်။ သူတို့ အသင်း ကတော့ အကူးအပြောင်းတွေမှာ ကောင်းမွန်ပြီး တိုက်ရိုက် ပလေး မှာလည်း ကစားတာ ကောင်းမွန်ပါတယ်။ ကျွန်တော် တို့က ဒီပွဲမှာ သူတို့ကို ကျွန်တော် တို့ထက် ပိုကောင်းအောင် ပြောင်းလဲပေးခဲ့ရာ ကနေ ရှုံးပွဲ အဖြစ် ပေးဆပ်လိုက်ရပါတယ်။ ဒါပေမယ့် အဆင်ပြေပါတယ်။ ရက်အနည်းငယ် အတွင်း မှာလည်း နောက်ထပ် ပွဲတွေ ကစားဖို့ ရှိနေပါသေးတယ်။ အဲ့ဒီ အတွက် ဆက်လုပ်နေရပါဦးမယ်။ ကျွန်တော်တို့ ကစားတဲ့ ပွဲတိုင်း အနိုင်ရမှာ မဟုတ်ဘူး ဆိုတာလည်း သိပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး“အားလုံး ကလည်း ရာသီအစ ကတည်းက ကျွန်တော် တို့ဟာ ချန်ပီယံဆု အတွက် စိန်ခေါ်သူတွေ မဟုတ်ဘူးဆိုတာ ပြောကြပါတယ်။ ဒါကလည်း မှန်ပါတယ်။ နည်းပြကြီး ကလည်း ဒါဟာ သင်ယူဖို့ အခွင့်အရေးပဲလို့ ပြောပါတယ်။ ပိုပြီး တိုးတက်လာအောင် ကြိုးစားနေဆဲပါပဲ။” လို့ ပါးလ်မားက ဖူလ်ဟမ်နဲ့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။
ချဲလ်ဆီး ကတော့ ဖူလ်ဟမ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ထိပ်ဆုံးက တစ်ပွဲလျော့ ကစားထားတဲ့ လစ်ဗာပူးလ်နဲ့ ၇ မှတ် အထိ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စကာ ကလည်း လက်ရှိ ရာသီမှာ သူတို့ အသင်း အနေဖြင့် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း မရှိသေးဘူးလို့ ဝန်ခံထားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.