နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပုံစံကောင်း တစ်ခုနဲ့ ၃ ပွဲဆက် အနိုင်ရခဲ့တဲ့ ပဲလေ့စ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

ခရစ္စတယ်ပဲလေ့စ် ၂-၀ နယူးကာဆယ်

ဒီနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန်တွေထဲက နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ခရစ္စတယ်ပဲလေ့စ်က နယူးကာဆယ်ကို အိမ်ကွင်းမှာ ၂-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ကြိုးကြာနီတွေကို အနိုင်ယူပြီး ကတည်းက အမြင့်ဆုံး စိတ်ဓာတ်နဲ့ ပျံသန်းနေတဲ့ သိမ်းငှက်တွေဟာ ငှက်ကြားတွေကိုလည်း ထပ်မံ ထိုးသုတ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ပဲလေ့စ်က ခံစစ် ၃ ယောက်တန်း အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး ပြီးခဲ့တဲ့ ပွဲတွေမှာ ပုံစံကောင်းပြခဲ့တဲ့ ကစားသမား တော်တော်များများ ကိုပဲ ပြန်လည် ပွဲထွက်စေခဲ့ပါတယ်။ အိုလစ်ဆီ နေရာမှာ အာယူး ပါဝင်လာတာက လွဲရင် အပြောင်းအလဲ မရှိပါဘူး။ အိုလီဗာ ဂလက်စ်နာရဲ့ ပွဲကို ချဉ်းကပ်ပုံ မှန်ကန်ခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပြီး နယူးကာဆယ် ခံစစ်ကို တောင်ပံ နှစ်ဖက်ကနေ အကောင်းဆုံး ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒဏ်ရာရကစားသမား များပြားနေတဲ့ နယူးကာဆယ် ကတော့ သူတို့ အတွက် အတောင့်တင်းဆုံး ဖြစ်နိုင်မယ့် လူစာရင်းနဲ့ ပွဲထွက်ခဲ့သလို ကစားသမားကောင်းတွေလည်း ပါဝင်ခဲ့ပေမယ့် ပဲလေ့စ်ကို ဘယ်လိုမှာ ယှဉ်မကစားနိုင်ခဲ့ပါဘူး။

ဘန်းစ်၊ အန်ဒါဆင်တို့ ပွဲထွက်လာတဲ့ ဘယ်ခြမ်းက တော်တော်လေးကို အားနည်းခဲ့ပြီး တစ်ဖက်က အာယူး၊ မူနော့ဇ်နဲ့ မက်တေးတား တို့ကို စိတ်ကြိုက် ချယ်လှယ်ခွင့်ပေးမိခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ကတော့ ဂိုးမရှိ သရေ ရလဒ်နဲ့ ပြီးဆုံးခဲ့ပေမယ့် ဒုတိယပိုင်း ပွဲပြန်စချိန်မှာတော့ ပဲလေ့စ်က တိုက်စစ်မြှင့်လာခဲ့ပြီး တကယ်တမ်းလည်း ထိထိရောက်ရောက် ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် လိုအပ်နေတဲ့ ဂိုးတွေ ရခဲ့ပြီး ပွဲချိန် ၅၅ မိနစ်နဲ့ ၈၈ မိနစ် တို့မှာ မက်တေးတား တစ်ဦးတည်းက ပဲလေ့စ် အတွက် အနိုင်ဂိုး နှစ်ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ လာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ အဖြစ် ဖူလ်ဟမ်နဲ့ ကစားဖို့ ရှိပြီး ကာဆယ် ကတော့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
ဥရောပဝင်ခွင့် အတွက် မျှော်လင့်ချက် နည်းလာတဲ့ နယူးကာဆယ်

ပဲလေ့စ်ဟာ နောက်ပိုင်း ပွဲတွေမှာ တစ်သင်းလုံး နားလည်မှု အပြည့်နဲ့ မြင်တွေ့နေရပြီး အီးဇီး၊ အိုလစ်ဆီ တို့ရဲ့ တစ်ကိုယ်တော် Talent တွေ ပေါ်လွင်လာသလို ဒီကစားသမားတွေရဲ့ အတိုးအလှုပ်နဲ့ တိုက်စစ်က မက်တေးတားလည်း လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရပြီး သွင်းဂိုးတွေလည်း ပြန်ရလာတာ တွေ့ရပါတယ်။ နယူးကာဆယ် ကတော့ ဒဏ်ရာပြသနာ ထိုးနှက်ချက်တွေကို ခံစားနေရဆဲ ဖြစ်ပြီး အက်ဒီဟောင်းဝ် တစ်ယောက်လည်း ခေါင်းကိုက်နေရဆဲပါ။ ငှက်ကြားတွေဟာ ပြီးခဲ့တဲ့ ပွဲတွေမှာ စပါး၊ ဖူလ်ဟမ် တို့လို အသင်းတွေကို အကောင်းဆုံး ပုံစံ တစ်ခုနဲ့ အနိုင်ယူပြခဲ့ပေမယ့် သူတို့ကို ယှဉ်တိုက်လာမယ့် အသင်းနဲ့ တွေ့ရင်တော့ ရုန်းကန်သွားရတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ရခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်ဟာ အဆင့် ၁၄ နေရာမှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပြီး အဆင့် ၁၀ နေရာက ဘုန်းမောက်နဲ့ ၆ မှတ်သာ ကွာဟနေပါတယ်။ ဒီခြေစွမ်းအတိုင်း ဆိုရင်တော့ ပဲလေ့စ်တို့ ရာသီအကုန်မှာ အဆင့် ၁၀ အတွင်း ရပ်တည်နိုင်ချေ ရှိနေပါသေးတယ်။ နယူးကာဆယ် ကတော့ အခုပွဲ ရှုံးခဲ့တာကြောင့် ရမှတ် ၅၀ နဲ့ ယူနိုက်တက်နဲ့ ၃ မှတ် ပြတ်သွားခဲ့ပြီး ဥရောပဝင်ခွင့် တစ်နေရာ အတွက် လက်ကျန်ပွဲတွေကို နှစ်ဆ အားစိုက်ရတော့မှာ ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ လာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ အဖြစ် ဖူလ်ဟမ်နဲ့ ကစားဖို့ ရှိပြီး ကာဆယ် ကတော့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်