နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကျွန်တော့်ကိုပဲ အပြစ်တင်ကြစမ်းပါ လို့ ဆိုလိုက်တဲ့ အိုနာနာ | ပရီးမီးယားလိဂ်

အန်ဒရီ အိုနားနား ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီးတော့ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။ အိုနားနား ရောက်ရှိလာချိန်မှာ ယူနိုက်တက်ဟာ စံချိန်တင် ပေးဂိုးတွေ ခွင့်ပြုးပေးခဲ့ရသလို အသင်း ကလည်း ရလဒ်တွေ ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကင်မရွန်း လက်ရွေးစင် ဂိုးသမားက သူတို့ အသင်း အတွက် ဆိုးရွားတဲ့ ဘောလုံးရာသီ ဖြစ်ခဲ့ပေမယ့် ရာသီသစ်မှာ ပိုပြီး အဆင်ပြေလာလိမ့်မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အိုနားနားဟာ ပရီးမီးယားလိဂ် ကလပ်ကို အင်တာမီလန် ကနေ ပေါင် ၄၄ သန်း နီးပါးနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အသင်းရဲ့ ပင်တိုင် ဂိုးသမား အဖြစ် နေရာရခဲ့တာပါ။ ဒါပေမယ့်လည်း စွမ်းဆောင်ရည် ပိုင်းမှာတော့ မေးခွန်းထုတ်စရာ၊ ဝေဖန်စရာတွေ ဖြစ်နေခဲ့တာပါ။ မကြာခဏ ဆိုသလို အမှားအယွင်းတွေ လုပ်ခဲ့တာကြောင့် လှောင်ပြောင် သရော်ခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ဒါတွေနဲ့ ပတ်သတ်လို့ အိုနားနားက အင်တာဗျူး တစ်ခုမှာ “အသင်း ရလဒ်မကောင်းတဲ့အခါ ကစားသမားတွေကို အပြစ်မတင်စေချင်ပါဘူး။ ဒီလို ပြစ်တင်မှုတွေ ရှိလာရင် ကျွန်တော်ပဲ ခံယူလိုက်ပါမယ်။ နောက်ပြီး ဘရူနို၊ ကက်စီ၊ မက်ဂွိုင်းယား တို့က ဒါမျိုးတွေ ရင်ဆိုင်ဖူးပါတယ်။ ဒီလို ကိစ္စတွေက ကျွန်တော် တို့ အတွက် ဘာမှမဖြစ်ပေမယ့် လူငယ်ကစားသမားတွေ အတွက်တော့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး အိုနားနားက ဘောလုံးမှာ အခုလို အခိုက်အတန့်တွေ ရှိကြောင်း သူတို့ အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ဒဏ်ရာ ပြသနာတွေနဲ့ ထိုးနှက်မှုတွေ ကြုံခဲ့ရကြောင်း အရေးကြီးတဲ့ ကစားသမားတွေ လက်လွှတ်ခဲ့ရပေမယ့် ဆင်ခြေပေးလို့ မရကြောင့် ဆိုးရွားတဲ့ ဘောလုံး ရာသီ တစ်ခု ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီနောက် ရာသီသစ်နဲ့ ပတ်သတ်လို့ အိုနားနားက “ကျွန်တော်တို့ အခုအချိန် ပြုလုပ်နေတဲ့ အရာတွေက အပြုသဘောဆောင်ပါတယ်။ ဒီရာသီမှာ အဆင်မပြေခဲ့ပေမယ့် လာမယ့် ဘောလုံးရာသီမှာ ကျွန်တော်တို့ အဆင်ပြေလာပါလိမ့်မယ်။ လာမယ့်ရာသီမှာ ပြီးခဲ့တဲ့ ရာသီကလိုမျိုး ဆိုးရွားတဲ့ အရာတွေနဲ့ ကြုံတွေ့ရတော့မှာ မဟုတ်ဘူးဆိုတာ ရာနှုန်းပြည့် သေချာပါတယ်။” လို့ ဆက်လက် ပြောကြားသွားခဲ့ပါသေးတယ်။

လက်ရှိမှာ အိုနားနားရဲ့ မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာနဲ့ ဆိုးရွားစွာ ရာသီသိမ်းခဲ့ရပေမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားဖို့ ကျန်နေပါသေးတယ်။
ယူနိုက်တက်မှာ စံချိန်ဆိုးတွေ ရရှိခဲ့တဲ့ အိုနားနား

နောက်ဆုံးမှာတော့ အိုနားနားက သူ့ အနေနဲ့ ကောင်းမွန်တဲ့ လူတွေနဲ့ အတူ ရှိနေတဲ့ အတွက် ပျော်ရွှင်နေပြီးတော့ ဒီလို ကူညီတဲ့လူတွေကြောင့်ပဲ အခုချိန်ထိ ပြုံးနေနိုင်တာ ဖြစ်ကြောင်း၊ ပထမ ၆ လက ခက်ခဲခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ သင်ယူဖို့ ကောင်းတဲ့ အခိုက်အတန့် ဖြစ်ခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ အိုနားနားရဲ့ မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာနဲ့ ဆိုးရွားစွာ ရာသီသိမ်းခဲ့ရပေမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားဖို့ ကျန်နေပါသေးတယ်။ ဗိုလ်လုပွဲမှာတော့ မန်ချက်စတာစီးတီးနဲ့ ကစားရမှာ ဖြစ်လို့ ခက်ခဲနိုင်ပေမယ့် အကယ်၍ အနိုင်ရခဲ့ရင်တော့ ယူနိုက်တက်ဟာ လာမယ့်ရာသီ ယူရိုပါလိဂ် ဝင်ခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်