နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

“လက်ရှိ အကောင်းဆုံး ကွင်းလယ်လူက အိုဒီဂတ်ပါ” လို့ ဆိုလိုက်တဲ့ ဂျင်မီ ရက်နပ်၊ ဂါနာချိုရဲ့ ဒဏ်ရာ မဆိုးရွားဖို့ မျှော်လင့်နေတဲ့ တန်ဟတ်ဂ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

countdown banner

ဒီဘရိုင်းနားရဲ့ အကောင်းဆုံး ကွင်းလယ်လူ ဂုဏ်ပုဒ်က အိုဒီဂတ်ဆီ ရောက်သွားပြီ ဆိုတဲ့ ဂျင်မီ ရက်နပ်၊ ဂါနာချိုရဲ့ ဒဏ်ရာ မဆိုးရွားဖို့ မျှော်လင့်နေတဲ့ တန်ဟတ်ဂ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၄ ရက်နေ့ ညနေခင်းရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒီဘရိုင်းနားရဲ့ အကောင်းဆုံး ကွင်းလယ်လူ ဂုဏ်ပုဒ်က အိုဒီဂတ်ဆီ ရောက်သွားပြီ ဆိုတဲ့ ဂျင်မီ ရက်နပ်

ဒီရာသီမှာ အာဆင်နယ် အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်က ဒီဘရိုင်းနားကို ကျော်လွန်ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူ ဖြစ်လာခဲ့ပြီလို့ ဘောလုံး ဝေဖန် သုံးသပ်သူ ဂျင်မီရက်နပ်က ပြောဆို ချီးကျူးခဲ့ပါတယ်။ 

အာဆင်နယ်ကို ရောက်လာပြီး ကတည်းက ခြေစွမ်းပြနိုင်ခဲ့တဲ့ အိုဒီဂတ်က ဒီရာသီမှာ အသင်းခေါင်းဆောင် တာဝန်ပါ ယူထားပြီး အသင်းကို အကောင်းဆုံး ထိန်းကျောင်းပေးနေတာလည်း ဖြစ်ပါတယ်။ အာဆင်နယ် အတွက် သွင်းဂိုး ၁၀ ဂိုးနဲ့ ဖန်တီးမှု ၆ ကြိမ် ပြုလုပ်ပေးထားတဲ့ အိုဒီဂတ်နဲ့ ပတ်သက်ပြီး ရက်နပ်က အခုလိုပဲ ပြောဆိုခဲ့ပါတယ်။ 

“ အခုအချိန်မှာ သူက နံပါတ် တစ် ပါပဲ၊ သူ့ထက် ပိုကောင်းတဲ့သူ မရှိပါဘူး၊ ပုံမှန်အားဖြင့် ကျနော် တို့က ပရီးမီးယားလိဂ် မှာတင် မဟုတ်ဘဲ ကမ္ဘာပေါ်မှာပါ ကီဗင် ဒီဘရိုင်းနားကို အကောင်းဆုံး ကွင်းလယ်လူလို့ ပြောကြပါတယ်၊ ဒါပေမယ့် အခု အဲဒါက မဟုတ်တော့ပါဘူး၊ သူက ပွဲများစုမှာ အရင်လို မကစားနိုင်တော့ပါဘူး၊ ဒါပေမယ့် အိုဒီဂတ် ကတော့ အဲဒါတွေကို လုပ်ပြနေပါတယ်၊ ကြီးကျယ် ခမ်းနားတဲ့ ကစားသမားတွေ အားလုံး ပိုင်ဆိုင်တဲ့ အရာကို သူက လုပ်ပြနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။


ဂါနာချိုရဲ့ ဒဏ်ရာ မဆိုးရွားဖို့ မျှော်လင့်နေတဲ့ အဲရစ်ခ် တန်ဟတ်ဂ်

ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟတ်ဂ်က ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အလက်ဂျန်ဒရို ဂါနာချို ရခဲ့တဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီးလို့ အသိပေးလာခဲ့ပါတယ်။
ဂါနာချိုရဲ့ ဒဏ်ရာ အခြေအနေ မဆိုးရွားဖို့ မျှော်လင့်နေတဲ့ တန်ဟက်ဂ်

ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟတ်ဂ်က ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အလက်ဂျန်ဒရို ဂါနာချို ရခဲ့တဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီးလို့ အသိပေးလာခဲ့ပါတယ်။ 

ဂါနာချိုဟာ ယူနိုက်တက် အတွက် လူစားလဲ ဝင်ရောက်လာပြီး မကြာခင်မှာ ဆောက်သမ်တန် ဂိုးဧရိယာ အတွင်း ပြိုင်ဘက် နောက်ခံလူ ဝေါလ်ကာ ပီတာစ်နဲ့ ထိခိုက်မိသွားခဲ့တာပါ။ ဂါနာချိုဟာ ကွင်းအတွင်း ကုသမှု ခံယူပြီးနောက် ဒဏ်ရာနဲ့ ဆက်ကစားခဲ့ရပြီး နောက်ပိုင်းမှာ နည်းပြက ဖရက်ဒ်နဲ့ လူစားလဲခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနား ကစားသမားဟာ ပွဲအပြီး မှာတော့ ခြေထောက် အကာအကွယ် ဖိနပ်ကို ဝတ်ဆင်ပြီး ချိုင်းထောက်နဲ့ ကွင်းထဲ ကနေ ထွက်ခဲ့ရပါတယ်။ ယူနိုက်တက် ပရိသတ်တွေ ကတော့ ကစားသမားရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြပေမယ့် နည်းပြက ဒဏ်ရာ မဆိုးရွားဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

တန်ဟတ်ဂ်က “ ဂါနာချိုဟာ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့် အနည်းငယ် ထော့နဲ့ထော့နဲ့ ဖြစ်နေပါတယ်။ ကျွန်တော်တို့ဟာ ၁၀ ယောက်ထဲနဲ့ ကစားနေရပြီး မစွန့်စားချင်တော့တာကြောင့် သူ့ကို လူစားလဲခဲ့တာပါ။ ဒဏ်ရာက အရမ်းကြီးတော့ မဆိုးဘူးလို့ ထင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဆောက်သမ်တန်ကို တစ်ယောက်လျောနဲ့ သရေကစားနိုင်ခဲ့ပေမယ့် ကက်စမဲရိုး အနီကတ်ထိခဲ့သလို ဂါနာချို ဒဏ်ရာရခဲ့တာကြောင့် ဆုံးရှုံးမှုတွေ များခဲ့တယ်လို့ ပြောရပါမယ်။


နာရီကြီးနဲ့ ဓါတ်ပုံရိုက်ခဲ့ကြတဲ့ အာဆင်နယ် 

အာဆင်နယ်တို့ ဖူလ်ဟမ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီးတဲ့နောက် အသင်းသားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေ အားလုံးဟာ ကြီးမားတဲ့ နာရီနဲ့ အုပ်စုလိုက် ဓါတ်ပုံရိုက်ခဲ့ကြပြီး အောင်ပွဲခံခဲ့ကြပါတယ်။ 

အာဆင်နယ် ကြယ်ပွင့် ဇင်ချန်ကိုဟာ ဖူလ်ဟမ် အသင်း အိမ်ကွင်းမှာရှိတဲ့ အဝတ်လဲခန်းထဲမှာ ရိုက်ထားတဲ့ ပုံကို သူ့ရဲ့ အင်စတာဂရမ်မှာ မျှဝေခဲ့တာပါ။ ဒီပုံရဲ့ အလယ်မှာ ကစားသမားတွေနဲ့ နည်းပြ အဖွဲ့ဝင်တွေဟာ အသင်းရဲ့ ကွင်းဟောင်း ဟိုက်ဘူရီမှာ ချိတ်ဆွဲထားတဲ့ နာရီနဲ့ ပုံစံတူ နာရီကို ကိုင်ဆောင်ထားကြတာ ဖြစ်ပါတယ်။

ပုံထဲမှာ ပြသထားတဲ့ နာရီရဲ့ လက်တံတွေ ကိုတော့ အာဆင်နယ် ပရိသတ်တွေက ပရီးမီးယားလိဂ် ဖလား ကြိုဆိုမှု အဖြစ် အဓိပ္ပါယ် ဖွင့်ခဲ့ကြပြီး ၁၁ မိနစ်ကို ညွှန်ပြနေတာက ဒီရာသီ သူတို့ အသင်း ကစားဖို့ ကျန်ရှိနေတဲ့ လက်ကျန် ပွဲအရေအတွက်လည်း ဖြစ်နိုင်ကြောင်း ယူဆခဲ့ကြပါတယ်။ အာဆင်နယ်ဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၅ မှတ်ဖြတ် ဦးဆောင်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ အာဆင်နယ်က ၂၀၀၄ နောက်ပိုင်း ပရီးမီးယားလိဂ် ဖလားကို တကျော့ပြန် ရယူနိုင်ဖို့ အခြေအနေ ကောင်းတွေ ပိုင်ဆိုင်နေခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ လာမယ့် ရက်မှာတော့ ယူရိုပါလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ အဖြစ် စပို့တင်းလစ္စဘွန်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ပထမအကျော့ ကတော့ ၂ ဂိုးစီ သရေကျထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်