နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်းဆင်းဇုန် ဖိအားအောက်က ရုန်းထွက်ဖို့ မလွယ်ကူသေးတဲ့ အဲဗာတန် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

ဘုန်းမောက် – အဲဗာတန်

ဘုန်းမောက်နဲ့ အဲဗာတန် တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ ကတော့ မတ်လ ၃၀ ရက်နေ့ ည ၉ နာရီခွဲမှာ ဗိုက်တယ်လတီ ကွင်းမှာ ကစားကြမှာ ဖြစ်ပါတယ်။ ပုံစံကောင်း ပြန်ရနေတဲ့ ဘုန်းမောက်တို့ တန်းဆင်းဇုန် ဖိအားတွေ အောက်က ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ အဲဗာတန်ကို အသာရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘုန်းမောက်က ပရီးမီးယားလိဂ်မှာ ၅ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၃ ပွဲမှာတော့ ရှုံးပွဲ မရှိခဲ့ပဲ ဘန်လေနဲ့ လူတန်ကို နိုင်ပြီး ရှက်ဖီးလ်ယူနိုက်တက်နဲ့တော့ သရေကျခဲ့ပါတယ်။ လူတန်နဲ့ ပွဲမှာ ဆိုရင် ပထမပိုင်းမှာ ၃ ဂိုးပြတ်နဲ့ ရှုံးနေခဲ့ပေမယ့် ၄ ဂိုး ပြန်လိုက်သွင်းပြီး အံ့အားသင့်ဖွယ် အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ ဘုန်းမောက်က လက်တလော အဆင့် ၁၃ နေရာမှာ ရှိနေပြီး တန်းဆင်းဇုန် ဖိအားလည်း ကင်းနေပါတယ်။ ဒါပေမယ့် ဘုန်းမောက်ဟာ အဲဗာတန်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲဆက် ရှုံးနိမ့်ထားပြီး အဲဗာတန်ရဲ့ ဂွတ်ဒီဆင်ပါ့ခ်မှာ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ 

ရှောင်ဒိုက်ချ်ရဲ့ အဲဗာတန် ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၁ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပြီး တန်းဆင်းဇုန်ရဲ့ အထက်မှာ ၄ မှတ် အကွာနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၁၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့တဲ့ အဲဗာတန်ရဲ့ ခြေစွမ်းက တော်တော်လေး ဆိုးရွားနေတယ်လို့ ဆိုနိုင်ပြီး အသင်းကြီး၊ အသင်းငယ် မရွေး ရှုံးနေတာ ဖြစ်ပါတယ်။ တစ်ခု ရှိတာက အဲဗာတန်ဟာ ဒီရာသီမှာ အိမ်ကွင်းထက် အဝေးကွင်း စွမ်းဆောင်ရည် ကတောင် အနည်းငယ် ပိုကောင်းနေတာ တွေ့ရပြီး ဘုန်းမောက်ကို ဒုက္ခပေးနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


နှစ်ဖက်အသင်း သတင်းများ

ဘုန်းမောက်မှာ အခု ပွဲကို ဘုန်းမောက် ဘက်က ဖရက်ဒရစ်ခ်၊ အာရွန်စ်၊ ဆီနက်စီ၊ ဆင်နီစတာရာ၊ လွိုက်ဒ် ကယ်လီတို့ လွဲချော်ဖို့ ရှိပါတယ်။

အဲဗာတန် ဘက်မှာတော့ ဂီရီ၊ ဒယ်လီ အလီနဲ့ ဒန်ဂျူးမား တို့ ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း 

ဘုန်းမောက် – နီတို၊ မီဖမ်း၊ ဇဘာညီ၊ အော့တာရာ၊ စမစ်၊ ကွတ်ခ်၊ ခရစ္စတီ၊ စကော့တ်၊ ဆီမန်ညို၊ တာဗာနီယာ၊ ဆိုလန်ကီ

အဲဗာတန် – ပစ်ခ်ဖို့ဒ်၊ တာကောစကီး၊ ဘရန့်ဝိတ်သ်၊ ဂေါ့ဖရေး၊ မိုင်ကိုလန်ကို၊ ဂါနာ၊ အိုနာနာ၊ ဟာရစ်ဆန်၊ မက်နေးလ်၊ ဒူကိုရေး၊ ကဲလ်ဗတ်-လီဝင်း


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၅ ကြိမ် တွေ့ဆုံထားခဲ့ရာမှာ ဘုန်းမောက်က ၆ ကြိမ်နိုင်၊ အဲဗာတ်က ၇ ကြိမ် နိုင်ပြီး ၂ ကြိမ် ကတော့ သရေကျထားခဲ့ပါတယ်။ နောက်ဆုံး ၇ ကြိမ် တွေ့ဆုံမှုမှာ သရေကျခဲ့တဲ့ပွဲ မရှိပဲ အပြန်အလှန် နိုင်ပွဲတွေ ရထားခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ ဘုန်းမောက်က ၃ ကြိမ် နိုင်ပြီး အဲဗာတန်က ၂ ကြိမ် နိုင်ခဲ့ပါတယ်။ ဗိုက်တယ်လတီကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၆ ပွဲစလုံး အဲဗာတန်တို့ ဘုန်းမောက်ကို အသာမရခဲ့ပဲ ပထမအကျော့ အဲဗာတန် ကွင်းမှာတော့ တော်ဖီတွေက ၃-၀ ရလဒ်နဲ့ အနိုင်ရထားပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ဘုန်းမောက်က ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပြီး အဲဗာတန်က ၂ ပွဲ သရေ၊ ၃ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဘုန်းမောက် နိုင်ရင် ၂.၁၇ ဆ၊ အဲဗာတန် နိုင်ရင် ၃.၂၆၊ သရေ ဆိုရင်တော့ ၂.၉၈ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဘုန်းမောက်က ဒဲ့ကြေးနဲ့ သရေအရှုံးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ နှစ်သင်းပေါင်း အနည်းဆုံ ၃ ဂိုး သွင်းဖို့ လိုအပ်ပါတယ်။ ဘုန်းမောက်က ခြေစွမ်း ပြန်မှန်နေပြီး အဲဗာတန် ကတော့ ရလဒ်ဆိုးတွေ အောက်ကနေ ရုန်းမထွက်နိုင်သေးပါဘူး။ နောက်ပြီး အစဉ်အလာ အရလည်း အဲဗာတန်က ဘုန်းမောက် ကွင်းမှာဆိုရင် ရုန်းကန်ရတတ်ပါတယ်။ ဒါကြောင့် ဒီပွဲမှာတော့ ဘုန်းမောက်ကိုပဲ ရွေးချယ်ထားချင်ပါတယ်။

ခန့်မှန်းရလဒ်

ဘုန်းမောက် ၂-၁ အဲဗာတန် 

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်